မွန်ပြည်နယ်မှ ကျောင်းသား၊ကျောင်းသူ တစ်သောင်းကျော် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည်

0
99

မွန်ပြည်နယ်မှ ကျောင်းသား၊ကျောင်းသူ တစ်သောင်းကျော် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည်

မွန်ပြည်နယ်မှ ကျောင်းသား၊ကျောင်းသူ ၁၁၉၁၆ ဦးသည် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိကျင်းပမည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ ခု၌ တက္က သိုလ်ဝင်စာမေးပွဲကျင်းပရန် စာစစ်ဌာန ၄၆ ခုအားဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် တက္ကသိုလ်ဝင်တန်းတက်ရောက်၍ ကျောင်းတွင်းဖြေအဖြစ်ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ ၉၂၁၉ ဦး၊ပြင်ပဖြေအဖြစ် ကျောင်းသား၊ကျောင်းသူ ၂၆၉၇ ဦး (စုစုပေါင်း ၁၁၉၁၆ ဦး)ဖြေဆိုမည်ဖြစ်သည်ဟု ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရသိရသည်။

“စာမေးပွဲကိုတော့ဖြေခိုင်းမယ် လုံခြုံရေးအတွက်လည်း သေချာစီစဥ်ထားပေးတယ်လို့သိထားတယ် ကျွန်မတို့လည်းသွားစောင့်ပေးရမယ် စာမေးပွဲစဖြေတဲ့ရက်ထဲက”ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။

မွန်ပြန်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား ဘာ သာတွဲ ၁ , ၂ , ၅ , ၇ တို့အားကျောင်းသား၊ကျောင်း သူများဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

Zaw Gyi

မြန္ျပည္နယ္မွ ေက်ာင္းသား၊ေက်ာင္းသူ တစ္ေသာင္းေက်ာ္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုမည္

မြန္ျပည္နယ္မွ ေက်ာင္းသား၊ေက်ာင္းသူ ၁၁၉၁၆ ဦးသည္ မတ္ ၃၁ ရက္မွ ဧၿပီ ၉ ရက္အထိက်င္းပမည့္ ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စားေမးပြဲ၌ ဝင္ေရာက္ေျဖဆိုမည္ဟု ျပည္နယ္ပညာေရးမႉး႐ုံးမွသိရသည္။

မြန္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ၁၀ ခု၌ တကၠ သိုလ္ဝင္စာေမးပြဲက်င္းပရန္ စာစစ္ဌာန ၄၆ ခုအားဖြင့္လွစ္ထားရွိမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ေျဖဆိုရာတြင္ တကၠသိုလ္ဝင္တန္းတက္ေရာက္၍ ေက်ာင္းတြင္းေျဖအျဖစ္ဝင္ေရာက္ေျဖဆိုမည့္ ေက်ာင္းသား၊ေက်ာင္းသူ ၉၂၁၉ ဦး၊ျပင္ပေျဖအျဖစ္ ေက်ာင္းသား၊ေက်ာင္းသူ ၂၆၉၇ ဦး (စုစုေပါင္း ၁၁၉၁၆ ဦး)ေျဖဆိုမည္ျဖစ္သည္ဟု ျပည္နယ္ပညာေရးမႉး႐ုံး၏ စာရင္းမ်ားအရသိရသည္။

“စာေမးပြဲကိုေတာ့ေျဖခိုင္းမယ္ လုံၿခဳံေရးအတြက္လည္း ေသခ်ာစီစဥ္ထားေပးတယ္လို႔သိထားတယ္ ကြၽန္မတို႔လည္းသြားေစာင့္ေပးရမယ္ စာေမးပြဲစေျဖတဲ့ရက္ထဲက”ဟု ေက်ာင္းသားမိဘတစ္ဦးကေျပာသည္။

မြန္ျပန္နယ္တြင္ တကၠသိုလ္ဝင္စာေမးပြဲအား ဘာ သာတြဲ ၁ , ၂ , ၅ , ၇ တို႔အားေက်ာင္းသား၊ေက်ာင္း သူမ်ားဝင္ေရာက္ေျဖဆိုမည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here