Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeNewsLocal Newsကိုဗစ် ၁၉ ရောဂါကို...

ကိုဗစ် ၁၉ ရောဂါကို တိုင်းရင်းဆေးဖြင့် ကာကွယ်ကုသနိုင်ရန် သုတေသနပြုလုပ်နေခြင်းအပေါ် ရလာဒ်ကောင်းများရရှိနေပြီး ပြည်သူများအတွက် အကျိုးရှိနိုင်ကြောင်း နစက ဥက္ကဌပြောကြား

(Unicode)

ကိုဗစ် ၁၉ ရောဂါကို တိုင်းရင်းဆေးဖြင့် ကာကွယ်ကုသနိုင်ရန် သုတေသနပြုလုပ်နေခြင်းအပေါ် ရလာဒ်ကောင်းများရရှိနေပြီး ပြည်သူများအတွက် အကျိုးရှိနိုင်ကြောင်း နစက ဥက္ကဌပြောကြား

ကိုဗစ်၁၉ ရောဂါကို တိုင်းရင်းဆေးဖြင့် ကာကွယ်ကုသနိုင်ရန် သုတေသနပြုလုပ်နေခြင်းအပေါ် ရလာဒ်ကောင်းများရရှိကြောင်း သိရှိရသဖြင့် ပြည်သူများအတွက် များစွာအကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍ ငါးရက်ကြာ ကျင်းပပြုလုပ်မည့် အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံသို့ ပေးပို့သည့် အမှာစကားတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ တိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ် ၁၉ ရောဂါကို ကာကွယ်ကုသ နိုင်ဖို့ အတွက် သုတေသနဆောင်ရွက်လျက်ရှိတဲ့ နေရာမှာ တိုးတက်မှုတွေရှိနေကြောင်း သိရပါတယ်။ ဒီလိုသုတေသနပြုလုပ်ပြီး တိကျခိုင်မာတဲ့ အချက်အလက်တွေ ထွက်ပေါ်လာခဲ့ရင် တိုင်းရင်းဆေးကိုအသုံးပြုပြီး ကိုဗစ် ၁၉ ရောဂါကို ကာကွယ်နိုင်မှာဖြစ်ပြီး မိမိတို့ ပြည်သူတွေအတွက် များစွာအကျိုးရှိမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တိုင်းရင်ဆေးပညာနှင့် ပတ်သက်၍ လက်တွေ့အသုံးချသုတေသနများမှတဆင့် ပြည်သူများ လက်တွေ့အကျိုးရရှိစေရန်နှင့် တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်းဆေးဝါးထုတ်ကုန်များ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရန် တိုင်းရင်းဆေးပညာရှင်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဋ္ဌာနတို့ဖြင့် ပူးပေါင်း ဆောင်ရွက်ရန်လို အပ်သည်ဟု ဆိုသည်။

၂၀၂ဝပြည့်နှစ် မတ်လ ၂၃ ရက်တွင် ကိုဗစ်၁၉ ရောဂါအနေဖြင့် မြန်မာနိုင်ငံတွင်းသို့ စတင်ဝင်ရောက်ချိန်မှစ၍ ဆေးသုတေသန ဦးစီးဋ္ဌာနအနေဖြင့် ယင်းဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်း အဆင့်ဆင့်ကိုလည်း စောင့်ကြည့် မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ မျိုးဗီဇပြောင်း အိုမီခရွန်နှင့် ပတ်သက်၍လည်း သိရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

လက်ရှိတွင် ဆေးသုတေသန နှစ်(၅၀)ပြည့် ရွှေရတုခရီးလမ်းတွင် ကျန်းမာရေးဆိုင်ရာ သုတေသနပေါင်း တစ်သောင်းကျော်မှတ်တမ်းတင်နိုင်ခဲ့သည့်အတွက် မိမိတို့ နိုင်ငံ၏ ကျန်မာရေးစောင့်ရှောက်မှု အဆင့်အတန်း ပိုမိုမြင့်မားလာစေရန် ဆုမွန်ကောင်း တောင်းအပ်ကြောင်း အမှာစာတွင် ထည့်သွင်းပြောကြားထားသည်။

(Zawgyi)

ကိုဗစ္ ၁၉ ေရာဂါကို တိုင္းရင္းေဆးျဖင့္ ကာကြယ္ကုသႏိုင္ရန္ သုေတသနျပဳလုပ္ေနျခင္းအေပၚ ရလာဒ္ေကာင္းမ်ားရရွိေနၿပီး ျပည္သူမ်ားအတြက္ အက်ိဳးရွိႏိုင္ေၾကာင္း နစက ဥကၠဌေျပာၾကား

ကိုဗစ္၁၉ ေရာဂါကို တိုင္းရင္းေဆးျဖင့္ ကာကြယ္ကုသႏိုင္ရန္ သုေတသနျပဳလုပ္ေနျခင္းအေပၚ ရလာဒ္ေကာင္းမ်ားရရွိေၾကာင္း သိရွိရသျဖင့္ ျပည္သူမ်ားအတြက္ မ်ားစြာအက်ိဳးေက်းဇူးရွိမည္ျဖစ္ေၾကာင္း နစက ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။

ယမန္ေန႔ ေဖေဖာ္ဝါရီ ၂၁ ရက္မွ စတင္၍ ငါးရက္ၾကာ က်င္းပျပဳလုပ္မည့္ အႀကိမ္(၅၀)ေျမာက္ ေ႐ႊရတုအထိမ္းအမွတ္ ျမန္မာႏိုင္ငံက်န္းမာေရးဆိုင္ရာ သုေတသနညီလာခံသို႔ ေပးပို႔သည့္ အမွာစကားတြင္ ယင္းသို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ တိုင္းရင္းေဆးကို အသုံးျပဳၿပီး ကိုဗစ္ ၁၉ ေရာဂါကို ကာကြယ္ကုသ ႏိုင္ဖို႔ အတြက္ သုေတသနေဆာင္႐ြက္လ်က္ရွိတဲ့ ေနရာမွာ တိုးတက္မႈေတြရွိေနေၾကာင္း သိရပါတယ္။ ဒီလိုသုေတသနျပဳလုပ္ၿပီး တိက်ခိုင္မာတဲ့ အခ်က္အလက္ေတြ ထြက္ေပၚလာခဲ့ရင္ တိုင္းရင္းေဆးကိုအသုံးျပဳၿပီး ကိုဗစ္ ၁၉ ေရာဂါကို ကာကြယ္ႏိုင္မွာျဖစ္ၿပီး မိမိတို႔ ျပည္သူေတြအတြက္ မ်ားစြာအက်ိဳးရွိမွာ ျဖစ္ပါတယ္” ဟု ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ တိုင္းရင္ေဆးပညာႏွင့္ ပတ္သက္၍ လက္ေတြ႕အသုံးခ်သုေတသနမ်ားမွတဆင့္ ျပည္သူမ်ား လက္ေတြ႕အက်ိဳးရရွိေစရန္ႏွင့္ တိုင္းရင္းေဆးပညာရပ္ႏွင့္ တိုင္းရင္းေဆးဝါးထုတ္ကုန္မ်ား ႏိုင္ငံတကာအထိ ထိုးေဖာက္ႏိုင္ရန္ တိုင္းရင္းေဆးပညာရွင္ႀကီးမ်ား၊ တိုင္းရင္းေဆးပညာဦးစီး႒ာနတို႔ျဖင့္ ပူးေပါင္း ေဆာင္႐ြက္ရန္လို အပ္သည္ဟု ဆိုသည္။

၂၀၂ဝျပည့္ႏွစ္ မတ္လ ၂၃ ရက္တြင္ ကိုဗစ္၁၉ ေရာဂါအေနျဖင့္ ျမန္မာႏိုင္ငံတြင္းသို႔ စတင္ဝင္ေရာက္ခ်ိန္မွစ၍ ေဆးသုေတသန ဦးစီး႒ာနအေနျဖင့္ ယင္းဗိုင္းရပ္စ္၏ မ်ိဳး႐ိုးဗီဇေျပာင္း အဆင့္ဆင့္ကိုလည္း ေစာင့္ၾကည့္ မွတ္တမ္းတင္ႏိုင္ခဲ့ၿပီး၊ မ်ိဳးဗီဇေျပာင္း အိုမီခ႐ြန္ႏွင့္ ပတ္သက္၍လည္း သိရွိႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။

လက္ရွိတြင္ ေဆးသုေတသန ႏွစ္(၅၀)ျပည့္ ေ႐ႊရတုခရီးလမ္းတြင္ က်န္းမာေရးဆိုင္ရာ သုေတသနေပါင္း တစ္ေသာင္းေက်ာ္မွတ္တမ္းတင္ႏိုင္ခဲ့သည့္အတြက္ မိမိတို႔ ႏိုင္ငံ၏ က်န္မာေရးေစာင့္ေရွာက္မႈ အဆင့္အတန္း ပိုမိုျမင့္မားလာေစရန္ ဆုမြန္ေကာင္း ေတာင္းအပ္ေၾကာင္း အမွာစာတြင္ ထည့္သြင္းေျပာၾကားထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071