Monday, August 3, 2026

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science...

ရန်ကုန်၊ ဩဂုတ် ၃ တရုတ်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း...
HomeNewsLocal Newsကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မားလာစေဖို့နှင့်သုတေသနတွေ့ရှိချက်များဆွေးနွေးဆောင်ရွက်နိုင်ဖို့သုတေသနညီလာခံကျင်းပပြုလုပ်

ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မားလာစေဖို့နှင့်သုတေသနတွေ့ရှိချက်များဆွေးနွေးဆောင်ရွက်နိုင်ဖို့သုတေသနညီလာခံကျင်းပပြုလုပ်

(Unicode)

ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မားလာစေဖို့နှင့်သုတေသနတွေ့ရှိချက်များဆွေးနွေးဆောင်ရွက်နိုင်ဖို့သုတေသနညီလာခံကျင်းပပြုလုပ်

ကျန်းမာရေးဝန်ကြီးဌာန၏ ၅၀ ကြိမ်မြောက် ရွှေရ တုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံအား ဖေဖော်ဝါရီ ၂၁ ရက် (ယနေ့)နံနက် ၈ နာရီခွဲက ရန်ကုန်မြို၊ဒဂုံမြိုနယ်ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပခဲ့သည်။

ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ၅ ရက်ကြာကျင်းပမည့် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသု တေသနညီလာခံဖွင့်ပွဲအား နစက ဥက္ကဋ္ဌမှ Online မှတဆင့် Video Virtual ဖြင့်အဖွင့်အမှာစကား ပြောကြားခဲ့သည်။

“သုတေသနညီလာခံတွေကို ကျန်းမာရေးဆိုင်ရာ အသိပညာတွေတိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မားလာစေဖို့နဲ့သုတေသနတွေ့ရှိချက်တွေကို လက်တွေ့အသုံးချမယ့် ကျန်းမာရေးပညာရှင်တွေသိရှိဆွေးနွေးနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေချမှတ်ပြီးကျင်းပခြင်းဖြစ်ပါတယ် အခုလိုကျင်းပခြင်းဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေးကဏ္ဍကို များစွာအထောက်အကူပြုစေမှာဖြစ်ပါတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားးပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ သုတေသီများသည် သုတေသနလုပ် ငန်းများလုပ်ဆောင်ရာ၌ သုတေသနကျင့်ဝတ်များနှင့်အညီ အလေးထား လိုက်နာ ဆောင်ရွက်ကြရမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးကမှာ ကြားသည်။

ထိုအတူ ယခုကျင်းပသည့် ညီလာခံသည် ကိုဗစ်(၁၉)ရောဂါတတိယလှိုင်းအား တိုက်ဖျက်ရာ၌ နိုင်ငံတော်ဦးဆောင်လမ်းညွှန်မှု ကျန်းမာရေးဝန် ကြီးဌာန၏ အလေးထားဆောင်ရွက်ခဲ့မှု၊ပုဂ္ဂလိက ကဏ္ဍများ၏ ပံ့ပိုးကူညီဆောင်ရွက်ခဲ့မှု၊ပြည်သူ လူထု၏ ကျန်းမာရေးအသိပညာ ပိုမိုနားလည်သဘောပေါက်ပူးပေါင်းဆောင်ရွက်များကြောင့် ကျော်လွှားခဲ့နိုင်ခြင်းအား မီးမောင်း ထိုးပြနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု ပြောသည်။

မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာ ခံ၌ သုတေသနစာတမ်း ၆၉ စောင်နှင့် သုတေသနပိုစတာ ၂၇ စောင်တိုအား တင်သွင်း ဖတ်ကြားပြ သမည်ဖြစ်သည်။

အဆိုပါ စာတမ်းများအနက် အကောင်းဆုံးအခြေ ခံသုတေသန(Basic Research)စာတမ်းတစ်စောင်၊အကောင်းဆုံးလက်တွေ့အသုံးချသုတေသ န(Applied Research)စာတမ်း တစ်စောင်၊အ ကောင်းဆုံးကျန်းမာရေးစနစ်သုတေသန(Health Systems Research)စာတမ်း တစ်စောင်၊ပိုစတာများမှ အကောင်းဆုံးပိုစတာတစ်စောင်(စုစုပေါင်း ၄ စောင်)နှင့်လူငယ်သုတေသီဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံရွှေရတုအထိမ်းအမှတ်အဖြစ် ဆေးသုတေသနဦးစီးဌာနအား လက်ဦးတည် ထောင်သူ ပါမောက္ခဒေါက်တာမြတူနှင့်ပါမောက္ခဒေါက်တာအောင်သန်းဘတူတို၏ ရုပ်တုများကိုလည်းဖွင့်လှစ်ခဲ့သည်။

(Zawgyi)

က်န္းမာေရးေစာင့္ေရွာက္မႈအဆင့္အတန္း ျမင့္မားလာေစဖို႔ႏွင့္သုေတသနေတြ႕ရွိခ်က္မ်ားေဆြးေႏြးေဆာင္႐ြက္ႏိုင္ဖို႔သုေတသနညီလာခံက်င္းပျပဳလုပ္

က်န္းမာေရးဝန္ႀကီးဌာန၏ ၅၀ ႀကိမ္ေျမာက္ ေ႐ႊရ တုအထိမ္းအမွတ္ ျမန္မာႏိုင္ငံက်န္းမာေရးဆိုင္ရာသုေတသနညီလာခံအား ေဖေဖာ္ဝါရီ ၂၁ ရက္ (ယေန႔)နံနက္ ၈ နာရီခြဲက ရန္ကုန္ၿမိဳ၊ဒဂုံၿမိဳနယ္ရွိ ေဆးသုေတသနဦးစီးဌာန၌ က်င္းပခဲ့သည္။

ေဖေဖာ္ဝါရီ ၂၁ ရက္မွ ၂၅ ရက္အထိ ၅ ရက္ၾကာက်င္းပမည့္ ျမန္မာႏိုင္ငံက်န္းမာေရးဆိုင္ရာသု ေတသနညီလာခံဖြင့္ပြဲအား နစက ဥကၠ႒မွ Online မွတဆင့္ Video Virtual ျဖင့္အဖြင့္အမွာစကား ေျပာၾကားခဲ့သည္။

“သုေတသနညီလာခံေတြကို က်န္းမာေရးဆိုင္ရာ အသိပညာေတြတိုးတက္လာၿပီး က်န္းမာေရးေစာင့္ေရွာက္မႈအဆင့္အတန္း ျမင့္မားလာေစဖို႔နဲ႔သုေတသနေတြ႕ရွိခ်က္ေတြကို လက္ေတြ႕အသုံးခ်မယ့္ က်န္းမာေရးပညာရွင္ေတြသိရွိေဆြးေႏြးႏိုင္ေစဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္ေကာင္းေတြခ်မွတ္ၿပီးက်င္းပျခင္းျဖစ္ပါတယ္ အခုလိုက်င္းပျခင္းဟာ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈျမႇင့္တင္ေရးက႑ကို မ်ားစြာအေထာက္အကူျပဳေစမွာျဖစ္ပါတယ္”ဟု က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက အဖြင့္အမွာစကားးေျပာၾကားရာ၌ထည့္သြင္းေျပာၾကားခဲ့သည္။

အလားတူ သုေတသီမ်ားသည္ သုေတသနလုပ္ ငန္းမ်ားလုပ္ေဆာင္ရာ၌ သုေတသနက်င့္ဝတ္မ်ားႏွင့္အညီ အေလးထား လိုက္နာ ေဆာင္႐ြက္ၾကရမည္ဟုလည္း ျပည္ေထာင္စုဝန္ႀကီးကမွာ ၾကားသည္။

ထိုအတူ ယခုက်င္းပသည့္ ညီလာခံသည္ ကိုဗစ္(၁၉)ေရာဂါတတိယလႈိင္းအား တိုက္ဖ်က္ရာ၌ ႏိုင္ငံေတာ္ဦးေဆာင္လမ္းၫႊန္မႈ က်န္းမာေရးဝန္ ႀကီးဌာန၏ အေလးထားေဆာင္႐ြက္ခဲ့မႈ၊ပုဂၢလိက က႑မ်ား၏ ပံ့ပိုးကူညီေဆာင္႐ြက္ခဲ့မႈ၊ျပည္သူ လူထု၏ က်န္းမာေရးအသိပညာ ပိုမိုနားလည္သေဘာေပါက္ပူးေပါင္းေဆာင္႐ြက္မ်ားေၾကာင့္ ေက်ာ္လႊားခဲ့ႏိုင္ျခင္းအား မီးေမာင္း ထိုးျပႏိုင္ရန္ရည္႐ြယ္၍ က်င္းပျခင္းျဖစ္သည္ဟု ေျပာသည္။

ျမန္မာႏိုင္ငံက်န္းမာေရးဆိုင္ရာသုေတသနညီလာ ခံ၌ သုေတသနစာတမ္း ၆၉ ေစာင္ႏွင့္ သုေတသနပိုစတာ ၂၇ ေစာင္တိုအား တင္သြင္း ဖတ္ၾကားျပ သမည္ျဖစ္သည္။

အဆိုပါ စာတမ္းမ်ားအနက္ အေကာင္းဆုံးအေျခ ခံသုေတသန(Basic Research)စာတမ္းတစ္ေစာင္၊အေကာင္းဆုံးလက္ေတြ႕အသုံးခ်သုေတသ န(Applied Research)စာတမ္း တစ္ေစာင္၊အ ေကာင္းဆုံးက်န္းမာေရးစနစ္သုေတသန(Health Systems Research)စာတမ္း တစ္ေစာင္၊ပိုစတာမ်ားမွ အေကာင္းဆုံးပိုစတာတစ္ေစာင္(စုစုေပါင္း ၄ ေစာင္)ႏွင့္လူငယ္သုေတသီဆုမ်ား ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္သည္။

အခမ္းအနားတြင္ ျမန္မာႏိုင္ငံက်န္းမာေရးဆိုင္ရာသုေတသနညီလာခံေ႐ႊရတုအထိမ္းအမွတ္အျဖစ္ ေဆးသုေတသနဦးစီးဌာနအား လက္ဦးတည္ ေထာင္သူ ပါေမာကၡေဒါက္တာျမတူႏွင့္ပါေမာကၡေဒါက္တာေအာင္သန္းဘတူတို၏ ႐ုပ္တုမ်ားကိုလည္းဖြင့္လွစ္ခဲ့သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

International Youth Day 2026 အတွက် အသိပညာပေး ဗီဒီယိုပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့် အသိပညာပေး အကြောင်းအရာများကို ဗီဒီယိုပြိုင်ပွဲအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Youth Stars Official Facebook စာမျက်နှာမှတစ်ဆင့် အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ ပြိုင်ပွဲတွင် ဖုန်း၊ ကင်မရာ သို့မဟုတ် AI နညာများကို အသုံးပြု၍ နည်းလမ်းပေါင်းစုံဖြင့် ဖန်တီးယှဉ်ပြိုင်နိုင်ပြီး ဗီဒီယို ကြာမြင့်ချိန်ကို အနည်းဆုံး ၁ မိနစ်ခွဲမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071