Tuesday, August 4, 2026

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...
HomeNewsLocal Newsသမိုင်းလမ်းဆုံတွင် တာဝန်ကျနေသည့်လုံခြုံရေးအဖွဲ့ဝင်များ လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ

သမိုင်းလမ်းဆုံတွင် တာဝန်ကျနေသည့်လုံခြုံရေးအဖွဲ့ဝင်များ လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ

သမိုင်းလမ်းဆုံတွင် တာဝန်ကျနေသည့်လုံခြုံရေးအဖွဲ့ဝင်များ လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊အင်းစိန်လမ်းမကြီးနှင့်သမိုင်းဘူတာရုံလမ်းထောင့်(သမိုင်းလမ်းဆုံ)တွင် ဖေဖော်ဝါရီ ၂၁ ရက်(ယနေ့)နေ့လည် ၁ နာရီခွဲခန့်က လုံခြုံရေးအဖွဲ့ဝင်များ လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှသိရသည်။

သမိုင်းလမ်းဆုံ၌တာဝန်ကျနေသည့် လုံခြုံရေးအဖွဲ့ဝင်များအား ကိုယ်ပိုင်ကားပေါ်မှတဆင့် လက်ပစ်ဗုံးဖြင့်အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ လုံခြုံရေးအဖွဲ့ဝင် ၃ ဦးတွင်(မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ဆေးကုသရန်ပို့ဆောင်ခဲ့သည်ဟု သိရသည်။

“လုံခြုံရေးအဖွဲ့တွေက သမိုင်းလမ်းဆုံက ယာဥ်ထိန်းရုံးနားမှာရှိနေတဲ့အချိန် ကားလေးနဲ့မောင်းလာပြီး အနီးကပ်ပစ်မောင်းပြေးသွားတာ ယာဥ်ထိန်းရုံးလည်းပျက်စီးသွားတာတော့ရှိတယ်”ဟုအခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာကာ လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့သည့် ကိုယ်ပိုင်ကားအားဖမ်းဆီးရမိရေးအတွက် မောင်းနှင်ထွက်ပြေးသွားသည့် လမ်းတစ်လျှောက်အား လိုက်လံစစ်ဆေးကာ အခင်းဖြစ်ပတ်ဝန်းကျင်တစ်ဝိုက်အား စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။

Zaw Gyi







Ads Space Available


Continue reading

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071