Monday, August 3, 2026

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science...

ရန်ကုန်၊ ဩဂုတ် ၃ တရုတ်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း...

တပ်မတော်(လေ) တိုက်ခိုက်ရေးလေယာဉ် လေ့ကျင့်ပျံသန်းစဉ် ငှက်နှင့်တိုက်မိ၍...

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီး၌တပ်မတော်(လေ) တိုက်ခိုက်ရေးလေယာဉ်သည် ငှက်တစ်ကောင်နှင့် တိုက်မိမှု (Bird Strike) ဖြစ်ပွါးခဲ့သည်ဟု...

လေးမျက်နှာမြို့နယ်၌ ဆက်သွယ်မှုမ ပြတ်တောက်စေရေးဆောင်ရွက်

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေ ကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသော ဧရာဝတီတိုင်း၊ လေး မျက်နှာမြို့နယ်၌ ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၏ဦးဆောင်မှုဖြင့်...

လေးမျက်နှာရေဘေးကူညီကယ်ဆယ်ရေးလာရောက်သူများကို စက်သုံးဆီများအခမဲ့ပေးဝေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းအတွက် ကူညီကယ်ဆယ်ခြင်းများလုပ် ဆောင်ပေးလျက်ရှိသည့် ကယ်ဆယ်ရေးလာရောက်သူ များကို စက်သုံးဆီများအခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။ လူမူကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကူ...
HomeNewsLocal NewsPOSCO မှ ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ်...

POSCO မှ ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် A-1 လုပ်ငန်းများစတင်ဆောင်ရွက်

(Unicode)

POSCO မှ ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် A-1 လုပ်ငန်းများစတင်ဆောင်ရွက်

ကိုရီယားနိုင်ငံ၏ ကုမ္ပဏီတစ်ခုဖြစ်သည့် POSCO မှ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအပိုင်း(၂)၏ ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် A-1 တွင် တူးဖော်ရေးလုပ်ငန်းများအား စတင်ဆောင်ရွက်လျက်ရှိသည်ဟု ယင်းကုမ္ပဏီ၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တူးဖော်ရေးလုပ်ငန်းများအား ဖေဖော်ဝါ ရီ ၁၆ ရက်မှစတင်လုပ်ဆောင်နေခြင်းဖြစ်ကာ မတ် ၁၅ ရက်အထိလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ ဆောင်ရွက်လျက်ရှိသဖြင့် လုပ်ငန်းများကြန့်ကြာမှုမဖြစ်ပေါ်စေရန် လေးကီလိုမီတာ ပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ကုန်တင်စက်လှေများ၊စက်လှေများ၊ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ကျောက်ချရပ်နားခြင်း၊ငါးဖမ်းခြင်း၊ငါးဖမ်းကိရိယာများချထားခြင်းမရှိရန် ငါးလုပ်ငန်းဦးစီးဌာနမှ ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားသည်။

POSCO ကုမ္ပဏီသည် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့်ပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

ထို့ပြင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၊ အိန္ဒိယနိုင်ငံမှကုမ္ပဏီများဖြစ်သည့် (ONGC) နှင့် (GAIL) ၊ တောင်ကိုရီးယားနိုင်ငံမှကုမ္ပဏီဖြစ်သည့် (KOGAS) တို့ပူးပေါင်းပါဝင်သည့် ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် A3 တွင်လည်း Drilling Campaign လုပ်ငန်းများအား POSCO ကုမ္ပဏီမှ ဖေဖော်ဝါရီ ၂၅ ရက်မှဇူလိုင် ၃၀ ရက်အထိဆက်လက်ဆောင်ရွက်မည်ဖြစ် သည်။

POSCO ကုမ္ပဏီမှဆောင်ရွက်လျက်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအပိုင်း(၂)၏ လုပ်ကွက်အမှတ် A-1 တွင် ရွှေ နှင့် ရွှေဖြူလုပ်ကွက်များရှိကာ စီးပွားဖြစ်ထုတ်လုပ်ရေးတွင်းအဖြစ် ၈ တွင်း အားတူးဖော်သွားမည်ဖြစ်သည်။

(Zawgyi)

POSCO မွ ရခိုင္ကမ္းလြန္လုပ္ကြက္အမွတ္ A-1 လုပ္ငန္းမ်ားစတင္ေဆာင္႐ြက္

ကိုရီယားႏိုင္ငံ၏ ကုမၸဏီတစ္ခုျဖစ္သည့္ POSCO မွ ေ႐ႊသဘာဝဓာတ္ေငြ႕စီမံကိန္းအပိုင္း(၂)၏ ရခိုင္ကမ္းလြန္လုပ္ကြက္အမွတ္ A-1 တြင္ တူးေဖာ္ေရးလုပ္ငန္းမ်ားအား စတင္ေဆာင္႐ြက္လ်က္ရွိသည္ဟု ယင္းကုမၸဏီ၏ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ တူးေဖာ္ေရးလုပ္ငန္းမ်ားအား ေဖေဖာ္ဝါ ရီ ၁၆ ရက္မွစတင္လုပ္ေဆာင္ေနျခင္းျဖစ္ကာ မတ္ ၁၅ ရက္အထိလုပ္ငန္းေဆာင္႐ြက္သြားမည္ျဖစ္သည္။

ထိုသို႔ ေဆာင္႐ြက္လ်က္ရွိသျဖင့္ လုပ္ငန္းမ်ားၾကန႔္ၾကာမႈမျဖစ္ေပၚေစရန္ ေလးကီလိုမီတာ ပတ္လည္အတြင္း သေဘၤာႀကီးငယ္မ်ား၊ကုန္တင္စက္ေလွမ်ား၊စက္ေလွမ်ား၊ငါးဖမ္းသေဘၤာမ်ား၊ စက္တပ္သမၺန္မ်ား ျဖတ္သန္းသြားလာျခင္း၊ေက်ာက္ခ်ရပ္နားျခင္း၊ငါးဖမ္းျခင္း၊ငါးဖမ္းကိရိယာမ်ားခ်ထားျခင္းမရွိရန္ ငါးလုပ္ငန္းဦးစီးဌာနမွ ေရေၾကာင္းသတိေပးခ်က္ထုတ္ျပန္ထားသည္။

POSCO ကုမၸဏီသည္ ျမန္မာ့ေရနံႏွင့္သဘာဝ ဓာတ္ေငြ႕လုပ္ငန္း(MOGE)ႏွင့္ပူးေပါင္း၍ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ရွာေဖြတူးေဖာ္ေရးလုပ္ငန္းမ်ားအား ေဆာင္႐ြက္လ်က္ရွိျခင္းျဖစ္သည္။

ထို႔ျပင္ ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္း (MOGE) ၊ အိႏၵိယႏိုင္ငံမွကုမၸဏီမ်ားျဖစ္သည့္ (ONGC) ႏွင့္ (GAIL) ၊ ေတာင္ကိုရီးယားႏိုင္ငံမွကုမၸဏီျဖစ္သည့္ (KOGAS) တို႔ပူးေပါင္းပါဝင္သည့္ ရခိုင္ကမ္းလြန္လုပ္ကြက္အမွတ္ A3 တြင္လည္း Drilling Campaign လုပ္ငန္းမ်ားအား POSCO ကုမၸဏီမွ ေဖေဖာ္ဝါရီ ၂၅ ရက္မွဇူလိုင္ ၃၀ ရက္အထိဆက္လက္ေဆာင္႐ြက္မည္ျဖစ္ သည္။

POSCO ကုမၸဏီမွေဆာင္႐ြက္လ်က္ရွိသည့္ ေ႐ႊသဘာဝဓာတ္ေငြ႕စီမံကိန္းအပိုင္း(၂)၏ လုပ္ကြက္အမွတ္ A-1 တြင္ ေ႐ႊ ႏွင့္ ေ႐ႊျဖဴလုပ္ကြက္မ်ားရွိကာ စီးပြားျဖစ္ထုတ္လုပ္ေရးတြင္းအျဖစ္ ၈ တြင္း အားတူးေဖာ္သြားမည္ျဖစ္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၅ ဦး တက်ရောက်ခွင့်ရရှိ

ရန်ကုန်၊ ဩဂုတ် ၃ တရုတ်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသား ၂ ဦးနှင့် ကျောင်းသူ ၃ ဦး၊ စုစုပေါင်း ၅ ဦး တက်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှ စတင်၍ ဂျပန်၊ အိန္ဒိယ၊...

တပ်မတော်(လေ) တိုက်ခိုက်ရေးလေယာဉ် လေ့ကျင့်ပျံသန်းစဉ် ငှက်နှင့်တိုက်မိ၍ မတော်တဆမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီး၌တပ်မတော်(လေ) တိုက်ခိုက်ရေးလေယာဉ်သည် ငှက်တစ်ကောင်နှင့် တိုက်မိမှု (Bird Strike) ဖြစ်ပွါးခဲ့သည်ဟု သိရသည်။ ယင်း တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် ယနေ့ နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။ ငှက်တိုက်မိမှုကြောင့် လေယာဉ်၏ အင်ဂျင်ခန်းအတွင်းသို့ ဝင်ရောက်သွားပြီး အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် လေယာဉ်မှူးအနေဖြင့် လေယာဉ်၏ အနေအထားကို လူနေအိမ်များမရှိသည့် အရပ်မျက်နှာဘက်သို့ ဦးတည်လှည့်ပြီး လေယာဉ်ပေါ်မှ စီးနင်းသူအား စက်ခလုတ်နှိပ်၍...

လေးမျက်နှာမြို့နယ်၌ ဆက်သွယ်မှုမ ပြတ်တောက်စေရေးဆောင်ရွက်

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေ ကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသော ဧရာဝတီတိုင်း၊ လေး မျက်နှာမြို့နယ်၌ ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၏ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုင်းမန် နေဂျာရုံးက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးချုပ်မှပေးပို့သော B2B satellite terminal (၂)စုံအား လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု၊ စစ်ကွင်းဘုန်းကြီး ကျောင်းကယ်ဆယ်ရေးစခန်းတွင်(၁) စုံ၊ လေးမျက်နှာမြို့နယ်၊ သခွပ်ချောင်းကျေးရွာအုပ်စု၊ ဆိတ်နို့ကုန်းကျေးရွာတွင်(၁)စုံ၊ Cell on wheel COW ရွေ့ လျားမိုဘိုင်းကားတပ်ဆင်နိုင်ရေးတိုအ တွက်ဆောင်ရွက်လျက်ရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071