Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeNewsLocal Newsသီပေါမြို့ အထက(၂)တွင် ကျောင်းအုပ်ဆရာမကြီးအပါအဝင်...

သီပေါမြို့ အထက(၂)တွင် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၁၃ ဦး၌ ကိုဗစ်(၁၉)ရောဂါပိုးတွေ့

(Unicode)

သီပေါမြို့ အထက(၂)တွင် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၁၃ ဦး၌ ကိုဗစ်(၁၉)ရောဂါပိုးတွေ့

ရှမ်းပြည်(မြောက်ပိုင်း)၊သီပေါမြို့ရှိ အမှတ်(၂)အ ခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်း အုပ်ဆရာမကြီး၊ဆရာမတစ်ဦးနှင့်ကျောင်းသား၊ကျောင်းသူ ၁၃ ဦး၌ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့ရသည်ဟု သီပေါမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

အထက(၂)တွင် ချောင်းဆိုးကာ နှာစေးနေသူ ၃၂ ဦးအား ဖေဖော်ဝါရီ ၁၇ ရက်(ယနေ့)တွင် သီပေါမြို့ကျန်းမာရေးဝန်ထမ်းများမှ နှာခေါင်းတို့ဖတ်ယူ၍ ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိစစ်ဆေးရာမှ ၁၃ ဦးတွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ် သည်။

“လတ်တလော ကျောင်းအုပ်ဆရာမကြီးရယ် ဆ ရာမတစ်ယောက်ရယ် ကျောင်းသား၊ကျောင်းသူတွေရယ်မှာတွေ့တာ ထပ်ပြီးစစ်ဆေးဖို့ကျန်သေးတယ် အခုပိုးတွေ့တဲ့ ၁၃ ယောက်ကတော့ရောဂါမပြင်းဘူး ပုံမှန်ပဲ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သီပေါမြို့ကျန်းမာရေးဝန်ထမ်းများမှ အဆိုပါ ၁၃ ဦးနှင့်ထိတွေ့ဆက်စပ်မိသူများနှင့်မိသားစုဝင်များအား ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ၊မရှိအား စစ်ဆေးမှုများပြုလုပ်ရန်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးအားသတ် မှတ် Quarantine Center သို့ပို့ဆောင်ကာ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

(Zawgyi)

သီေပါၿမိဳ႕ အထက(၂)တြင္ ေက်ာင္းအုပ္ဆရာမႀကီးအပါအဝင္ ၁၃ ဦး၌ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕

ရွမ္းျပည္(ေျမာက္ပိုင္း)၊သီေပါၿမိဳ႕ရွိ အမွတ္(၂)အ ေျခခံပညာအထက္တန္းေက်ာင္းတြင္ ေက်ာင္း အုပ္ဆရာမႀကီး၊ဆရာမတစ္ဦးႏွင့္ေက်ာင္းသား၊ေက်ာင္းသူ ၁၃ ဦး၌ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိခဲ့ရသည္ဟု သီေပါၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

အထက(၂)တြင္ ေခ်ာင္းဆိုးကာ ႏွာေစးေနသူ ၃၂ ဦးအား ေဖေဖာ္ဝါရီ ၁၇ ရက္(ယေန႔)တြင္ သီေပါၿမိဳ႕က်န္းမာေရးဝန္ထမ္းမ်ားမွ ႏွာေခါင္းတို႔ဖတ္ယူ၍ ကိုဗစ္(၁၉)ေရာဂါပိုးရွိ၊မရွိစစ္ေဆးရာမွ ၁၃ ဦးတြင္ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိခဲ့ရျခင္းျဖစ္ သည္။

“လတ္တေလာ ေက်ာင္းအုပ္ဆရာမႀကီးရယ္ ဆ ရာမတစ္ေယာက္ရယ္ ေက်ာင္းသား၊ေက်ာင္းသူေတြရယ္မွာေတြ႕တာ ထပ္ၿပီးစစ္ေဆးဖို႔က်န္ေသးတယ္ အခုပိုးေတြ႕တဲ့ ၁၃ ေယာက္ကေတာ့ေရာဂါမျပင္းဘူး ပုံမွန္ပဲ”ဟုလူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

သီေပါၿမိဳ႕က်န္းမာေရးဝန္ထမ္းမ်ားမွ အဆိုပါ ၁၃ ဦးႏွင့္ထိေတြ႕ဆက္စပ္မိသူမ်ားႏွင့္မိသားစုဝင္မ်ားအား ကိုဗစ္(၁၉)ေရာဂါပိုးကူးစက္ခံထားရျခင္း ရွိ၊မရွိအား စစ္ေဆးမႈမ်ားျပဳလုပ္ရန္ေဆာင္႐ြက္လ်က္ရွိသည္ဟု သိရသည္။

ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိသူ ၁၃ ဦးအားသတ္ မွတ္ Quarantine Center သို႔ပို႔ေဆာင္ကာ လိုအပ္သည့္က်န္းမာေရးေစာင့္ေရွာက္မႈမ်ားျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071