Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeNewsLocal Newsရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ချောင်းအတွင်း...

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ချောင်းအတွင်း ” ခိုင်ပြည်ဟိန်း ” ဇာတ်သဘင်အဖွဲ့ပိုင် စက်လှေနစ်မြုပ်

(Unicode)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ချောင်းအတွင်း ” ခိုင်ပြည်ဟိန်း ” ဇာတ်သဘင်အဖွဲ့ပိုင် စက်လှေနစ်မြုပ်

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ရှိ ခြံချေကျေး ရွာအနီးချောင်းအတွင်း၌ ဖေဖော်ဝါရီ ၁၆ ရက်ညနေ ၅ နာရီကျော်ခန့်က ဇာတ်သဘင်အဖွဲ့ပိုင် စက်လှေ ဝမ်းဗိုက်ပေါက်ကာ နစ်မြုတ်ခဲ့သဖြင့် ဇာတ်သဘင်သုံးပစ္စည်းများပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

အဆိုပါ ဇာတ်သဘင်အဖွဲ့သည် “ခိုင်ပြည်ဟိန်းသဘင်”ဇာတ်အဖွဲ့ဖြစ်ပြီး စျာပနအခမ်းအနားတစ်ခု၌ ကပြဖျော်ဖြေပြီးပြန်လာချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့ ဇာတ်သဘင်ပစ္စည်းတွေကတော့ ဆားငံရည်ထိမိတော့ အကုန်ပျက်စီးကုန်တာပေါ့ ဇာတ်အဖွဲ့ပိုင်ရှင်ပြောတာကတော့ တစ်ခုမှပြန်သုံးလို့မရတော့ဘူးတဲ့ သိန်း ၄၀၀ ဖိုးလောက်ရှိတယ်ပြောတယ်ပျက်စီးသွားတာက လူတွေကတော့တစ်ယောက်မှထိခိုက်သေဆုံးတာမရှိဘူး”ဟုစက်လှေနစ်မြုတ်မှုအားဝိုင်းဝန်းကူညီပေးခဲ့သူတစ်ဦးကပြောသည်။

စက်လှေဘုတ်နစ်မြုတ်သည့်နေရာသည် ခြံချေကျေးရွာချောင်း၏ ချောင်းကမ်းနားအနီးတွင်ဖြစ် ပွားခဲ့ခြင်းဖြစ်၍ နစ်မြုပ်စဥ်ကမ်းစပ်သို့လွယ်ကူစွာကူးခတ်သွားနိုင်ခြင်းဖြစ်သောကြောင့် ထိခိုက်သေဆုံးမှုများမရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

“ကျွန်တော်တို့ဝိုင်းကူပေးတဲ့အချိန်မှာ သေချာလိုက်ကြည့်တော့ စက်​လှေ ရဲ့ဝမ်းဗိုက်ကိုသစ်ငုတ်ထိုးသွားတာကြောင့် ဝမ်းဗိုက်ပေါက်ပြီးမြုပ်သွားတာပါ”ဟုဒေသခံတစ်ဦးကပြောသည်။

(Zawgyi)

ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕နယ္တြင္ ေခ်ာင္းအတြင္း ” ခိုင္ျပည္ဟိန္း ” ဇာတ္သဘင္အဖြဲ႕ပိုင္ စက္ေလွနစ္ျမဳပ္

ရခိုင္ျပည္နယ္၊ေပါက္ေတာၿမိဳ႕နယ္ရွိ ၿခံေခ်ေက်း ႐ြာအနီးေခ်ာင္းအတြင္း၌ ေဖေဖာ္ဝါရီ ၁၆ ရက္ညေန ၅ နာရီေက်ာ္ခန္႔က ဇာတ္သဘင္အဖြဲ႕ပိုင္ စက္ေလွ ဝမ္းဗိုက္ေပါက္ကာ နစ္ျမဳတ္ခဲ့သျဖင့္ ဇာတ္သဘင္သုံးပစၥည္းမ်ားပ်က္စီးဆုံးရႈံးခဲ့သည္ဟု ေဒသခံမ်ားထံမွသိရသည္။

အဆိုပါ ဇာတ္သဘင္အဖြဲ႕သည္ “ခိုင္ျပည္ဟိန္းသဘင္”ဇာတ္အဖြဲ႕ျဖစ္ၿပီး စ်ာပနအခမ္းအနားတစ္ခု၌ ကျပေဖ်ာ္ေျဖၿပီးျပန္လာခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

“သူတို႔ ဇာတ္သဘင္ပစၥည္းေတြကေတာ့ ဆားငံရည္ထိမိေတာ့ အကုန္ပ်က္စီးကုန္တာေပါ့ ဇာတ္အဖြဲ႕ပိုင္ရွင္ေျပာတာကေတာ့ တစ္ခုမွျပန္သုံးလို႔မရေတာ့ဘူးတဲ့ သိန္း ၄၀၀ ဖိုးေလာက္ရွိတယ္ေျပာတယ္ပ်က္စီးသြားတာက လူေတြကေတာ့တစ္ေယာက္မွထိခိုက္ေသဆုံးတာမရွိဘူး”ဟုစက္ေလွနစ္ျမဳတ္မႈအားဝိုင္းဝန္းကူညီေပးခဲ့သူတစ္ဦးကေျပာသည္။

စက္ေလွဘုတ္နစ္ျမဳတ္သည့္ေနရာသည္ ၿခံေခ်ေက်း႐ြာေခ်ာင္း၏ ေခ်ာင္းကမ္းနားအနီးတြင္ျဖစ္ ပြားခဲ့ျခင္းျဖစ္၍ နစ္ျမဳပ္စဥ္ကမ္းစပ္သို႔လြယ္ကူစြာကူးခတ္သြားႏိုင္ျခင္းျဖစ္ေသာေၾကာင့္ ထိခိုက္ေသဆုံးမႈမ်ားမရွိခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ားထံမွသိရသည္။

“ကြၽန္ေတာ္တို႔ဝိုင္းကူေပးတဲ့အခ်ိန္မွာ ေသခ်ာလိုက္ၾကည့္ေတာ့ စက္​ေလွ ရဲ႕ဝမ္းဗိုက္ကိုသစ္ငုတ္ထိုးသြားတာေၾကာင့္ ဝမ္းဗိုက္ေပါက္ၿပီးျမဳပ္သြားတာပါ”ဟုေဒသခံတစ္ဦးကေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071