Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeCelebrities' Newsသရုပ်ဆောင်ရဲတိုက်အား စစ်ဆေးနေသည့် မူးယစ်ဆေးဝါးအမှုဖြင့်...

သရုပ်ဆောင်ရဲတိုက်အား စစ်ဆေးနေသည့် မူးယစ်ဆေးဝါးအမှုဖြင့် တရားလိုနှင့် လိုပြသက်သေ သုံးဦး စတင်စစ်ဆေး

သရုပ်ဆောင်ရဲတိုက်အား စစ်ဆေးနေသည့် မူးယစ်ဆေးဝါးအမှုဖြင့် တရားလိုနှင့် လိုပြသက်သေ သုံးဦး စတင်စစ်ဆေး

သရုပ်ဆောင်ရဲတိုက်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ ၁၆(ဂ)ဖြင့် တရားစွဲဆိုထားရာ ယနေ့ (ဖေဖော်ဝါရီ ၁၆ )ရက် နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာပြီး တရားလိုနှင့် လိုပြသက်သေ ရဲအရာရှိသုံးဦးကိုစစ်ဆေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ယနေ့ရုံးချိန်တွင် ရဲတိုက်အနေဖြင့်ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ၎င်းအနေဖြင့်ထောင်တွင်းဆေးရုံတွင် နေထိုင်နေသည်မှာ ယခင်က တရားခွင်အတွင်းမူးလဲခဲ့သည့်
ဖြစ်စဥ်အပေါ် ကျန်းမာရေးအခြေအနေအရ စောင့်ကြည့်ချင်သောကြောင့် ဖြစ်ကြောင်းဆိုသည်။

အဆိုပါအမှုအတွက် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးဆုံးဖြတ်ချက်အရ ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်အမိန့်ချမှတ်နိုင်ရန် စစ်ဆေးသွားမည်ဖြစ်သည်။

“ကိုရဲတိုက်ကအနောက်ပိုင်းခရိုင်တရားရုံးကို ဒီနေ့ ရုံးထုတ်ပြီးစစ်ဆေးဖြစ်ပါတယ်။ တရားလိုနဲ့တရားလိုပြသက်သေ ရဲအရာရှိသုံးယောက်စစ်ဆေးဖြစ်ပါတယ်။ ကျန်းမာရေးကောင်းပါတယ်။ ထောင်ကနေအပြင်ကိုရုံးထုတ်စစ်ဆေးတာပေါ့။ ရိုးရှင်းတဲ့အမှုအဖြစ် သတ်မှတ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးမှာပါ။” ဟု ဆိုသည်။

ရုံးချိန်းကို လာမည့် မတ်လ ၁ရက်သို့ပြန်လည်ချိန်းဆိုထားကာ၊ တရားလိုပြသက်သေများကိုသာ ဆက်လကစစ်​ဆေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သရုပ်ဆောင်ရဲတိုက်သည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အင်းစိန်အကျဥ်းထောင်တွင်းတရားရုံးက ဇန်နဝါရီ ၃၀ရက်တွင်ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရကြောင်းသိရသည်။

Zaw Gyi

သ႐ုပ္ေဆာင္ရဲတိုက္အား စစ္ေဆးေနသည့္ မူးယစ္ေဆးဝါးအမႈျဖင့္ တရားလိုႏွင့္ လိုျပသက္ေသ သုံးဦး စတင္စစ္ေဆး

သ႐ုပ္ေဆာင္ရဲတိုက္အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ဥပေဒပုဒ္မ ၁၆(ဂ)ျဖင့္ တရားစြဲဆိုထားရာ ယေန႔ (ေဖေဖာ္ဝါရီ ၁၆ )ရက္ နံနက္ပိုင္းတြင္ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံးသို႔ ႐ုံးထုတ္လာၿပီး တရားလိုႏွင့္ လိုျပသက္ေသ ရဲအရာရွိသုံးဦးကိုစစ္ေဆးခဲ့ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

ယေန႔႐ုံးခ်ိန္တြင္ ရဲတိုက္အေနျဖင့္က်န္းမာေရးေကာင္းမြန္ေၾကာင္းႏွင့္ ၎အေနျဖင့္ေထာင္တြင္းေဆး႐ုံတြင္ ေနထိုင္ေနသည္မွာ ယခင္က တရားခြင္အတြင္းမူးလဲခဲ့သည့္
ျဖစ္စဥ္အေပၚ က်န္းမာေရးအေျခအေနအရ ေစာင့္ၾကည့္ခ်င္ေသာေၾကာင့္ ျဖစ္ေၾကာင္းဆိုသည္။

အဆိုပါအမႈအတြက္ မႈခင္းစီမံခန္႔ခြဲမႈ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ရက္ေပါင္း ၁၈၀ အတြင္း အၿပီးသတ္အမိန္႔ခ်မွတ္ႏိုင္ရန္ စစ္ေဆးသြားမည္ျဖစ္သည္။

“ကိုရဲတိုက္ကအေနာက္ပိုင္းခ႐ိုင္တရား႐ုံးကို ဒီေန႔ ႐ုံးထုတ္ၿပီးစစ္ေဆးျဖစ္ပါတယ္။ တရားလိုနဲ႔တရားလိုျပသက္ေသ ရဲအရာရွိသုံးေယာက္စစ္ေဆးျဖစ္ပါတယ္။ က်န္းမာေရးေကာင္းပါတယ္။ ေထာင္ကေနအျပင္ကို႐ုံးထုတ္စစ္ေဆးတာေပါ့။ ႐ိုးရွင္းတဲ့အမႈအျဖစ္ သတ္မွတ္ၿပီး ရက္ေပါင္း ၁၈၀ အတြင္း အၿပီးသတ္စစ္ေဆးမွာပါ။” ဟု ဆိုသည္။

႐ုံးခ်ိန္းကို လာမည့္ မတ္လ ၁ရက္သို႔ျပန္လည္ခ်ိန္းဆိုထားကာ၊ တရားလိုျပသက္ေသမ်ားကိုသာ ဆက္လကစစ္​ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ သ႐ုပ္ေဆာင္ရဲတိုက္သည္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅-က ျဖင့္ အင္းစိန္အက်ဥ္းေထာင္တြင္းတရား႐ုံးက ဇန္နဝါရီ ၃၀ရက္တြင္ေထာင္ဒဏ္ သုံးႏွစ္ခ်မွတ္ခံထားရေၾကာင္းသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊ မီးပြတ်တောက်မှုကြောင့် မြို့နယ်အချို့တွင် ရေပေးဝေချိန် နောက်ကျနိုင်နေပြည်တော်ရှိ မြို့နယ်အချို့၌ ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိတွင် မီးပြန်လည်ရရှိရေးနှင့် ရေပေးဝေမှု အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနများက အပူတပြင်း ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် ဓာတ်တိုင်ကျိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် မြို့နယ်အချို့ရှိ အိမ်ရာများ၊ အဆောင်များနှင့် ရပ်ကွက်၊ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်။ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၏ ဝိုင်းဝန်းပြုပြင်မှုကြောင့် နေရာအချို့တွင် မီးပြန်လည်ရရှိနေပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည့် နေရာများကိုလည်း အမြန်ဆုံး ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ရေပေးဝေမှု နောက်ကျနိုင်သည့် နေရာများ လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အောက်ရှိ ရေတင်စနစ်များ...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် များကို သိန်း ၂၀၀ ကျော် ပေးအပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ဧပြီလ ၂၉ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ အလင်းဝင်လာသူများမှာ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာတွင် မိမိတို့နှင့်အတူ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄ ဦးနှင့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးတို့ကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့ ဧပြီလ ၂၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်ပြီး ပုန်းခိုနေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071