မွေးကင်းစကလေးမှ အသက် ၁၂ နှစ်အရွယ်ဝန်းကျင် ကလေးငယ်များ အိုမီခရွန် ကူးစက်မှု များရှိနေ

Covid 19 မျိုးဗီဇကွဲ အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်မှုမှာ မွေးဖွားပြီး ၆လအရွယ်ကလေးငယ်မှ အသက် ၁၂ အရွှယ် ဝန်းကျင် ကလေးငယ်များ ကူးစက်ခံနေရကြောင်း သိရသည်။
“ဒီတလလုံး အိုမီခရွန်ကူးစက်ခံထားရတဲ့ ကလေးလူနာတွေများနေပါတယ် အဖျားတက် နှာစီး ချောင်းဆက်တိုက်ဆိုးတာတွေတော့ရှိတယ် စိုးရိမ်စရာလက္ခဏာသိပ်မတွေ့ရပါဘူး ကလေးတွေကို အားရှိတာကျွေး ထပ်မကူးအောင်ကာကွယ်အစားများများကျွေး အရည်ပိုတိုက်နားနား နေနေထားရင် ၃-၄ ရက်ဆိုသက်သာပါပြီ”ဟု က လေးအထူးကုပါမောက္ခဒေါက်တာကေသီထွန်းကပြောသည်။
ကလေးငယ်များ မှိန်းခြင်း၊ မလန်းခြင်း၊ သတိလစ်ခြင်း၊ ပျော့ခွေအေးစက်၍ဆက်တိုက်တက်ခြင်း၊ နို့၊ အစာ၊ အရည် မဝင်ခြင်း၊ ဆီးနည်းခြင်း၊ အကုန်အန် ထွက်ခြင်း၊ ဝမ်းအရည်များခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသံပြင်းခြင်း၊ အောက်စီဂျင်ကျခြင်း၊ အ မောဖောက်ခြင်း၊ ရင်တုန်ခြင်း၊ အဖျားကြီးကာရက်ရှည်ဖျားခြင်း၊ ဗိုက်တင်းဗိုက်နာခြင်းနှင့် မွေးကင်း စကလေးငယ်များ နေမကောင်းဖြစ်ပါက ဆေးရုံသို့အမြန်ဆုံးပြသသင့်သည်ဟု ကလေးအထူးကုပါမောက္ခဒေါက်တာကေသီထွန်းထံမှ လမ်းညွန်ထားပါသည်။
ကလေးငယ်များ အိုမီခရွန် ကူးစက်ခံရမှုမှာ ယခုဖေဖော်ဝါရီလအတွင်း စတင် ကူးစက်မှုဖြစ်ပွားနေရာ လက်ရှိတွင် ကူးစက်မှု ၁၀၀ ရာခိုင်နှုန်းလျှင် ၂ ရာခိုင်နှုန်းခန့် ကူးစက်မှု ရှိနေပြီး၊ မိခင်များမှ တဆင့် ကူးစက်မှုဖြစ်ပွားခြင်း ဖြစ်သည်ဟုဆိုသည်။
“ မွေးပြီး ခြောက်လအရွယ်ကနေ ၁၂ နှစ် အရွှယ်လောက်အထိကူးစက်လာနေတာတွေရှိပါတယ်။ ဂရုစိုက်ဖို့တော့ လိုပါတယ်။ ကလေးဆိုတာက သဘာဝက ပေးတဲ့ ကိုယ်ခံစွမ်းအား ရှိနေတာကြောင့် လောလောဆယ် ဆိုးဆိုးရွားရွား ဖြစ်ပွားတာမျိုးမရှိသေးပါဘူး။ အဓိက ကတော့ အတူနေထိုင်တဲ့ မိသားစုလူကြီးတွေဆီက တဆင့် ကူးစက်တာ များပါတယ်။ ဗီတာမင် စီတို့ ချောင်းဆိုးပျောက်ဆေးရည်တို့ လောက်နဲ့တင် သက်သာပါတယ်။” ဟု ဒေါက်တာ ငြိမ်းကေခိုင်က ပြောပြာထားပါသည်။
ကလေးငယ်များ ကူးစက်ခံရပါက အဖျားတက်ခြင်း၊ နှာစေးခြင်း၊ ချောင်းဆက်တိုက်ဆိုးခြင်းစသည့် လက္ခဏာများ တွေ့ရမည်ဖြစ်သော်လည်း စိုးရိမ်စရာမရှိကြောင်းနှင့် အားရှိစေမည့် အစားအစာများ ကျွေးကာ နားနားနေနေ ထားသင့်ကြောင်း သိရသည်။
ထို့ကြောင့် ကလေးငယ်များ ဗိုင်းရပ်စ်ကူးစက်ကြောင်း သိရှိပါက Para၊ Cetrizine၊ Atussin၊ Loratadine စသည့် ဆေးဝါးများ တိုက်ကျွေးနိုင်ကာ သုံးလေးရက်အတွင် သက်သာပျောက်ကင်းသွားမည်ဖြစ်ကြောင်း သိရသည်။
Zaw Gyi
ေမြးကင္းစကေလးမွ အသက္ ၁၂ ႏွစ္အ႐ြယ္ဝန္းက်င္ ကေလးငယ္မ်ား အိုမီခ႐ြန္ ကူးစက္မႈ မ်ားရွိေန
Covid 19 မ်ိဳးဗီဇကြဲ အိုမီခ႐ြန္ ဗိုင္းရပ္စ္ ကူးစက္မႈမွာ ေမြးဖြားၿပီး ၆လအ႐ြယ္ကေလးငယ္မွ အသက္ ၁၂ အ႐ႊယ္ ဝန္းက်င္ ကေလးငယ္မ်ား ကူးစက္ခံေနရေၾကာင္း သိရသည္။
“ဒီတလလုံး အိုမီခ႐ြန္ကူးစက္ခံထားရတဲ့ ကေလးလူနာေတြမ်ားေနပါတယ္ အဖ်ားတက္ ႏွာစီး ေခ်ာင္းဆက္တိုက္ဆိုးတာေတြေတာ့ရွိတယ္ စိုးရိမ္စရာလကၡဏာသိပ္မေတြ႕ရပါဘူး ကေလးေတြကို အားရွိတာေကြၽး ထပ္မကူးေအာင္ကာကြယ္အစားမ်ားမ်ားေကြၽး အရည္ပိုတိုက္နားနား ေနေနထားရင္ ၃-၄ ရက္ဆိုသက္သာပါၿပီ”ဟု က ေလးအထူးကုပါေမာကၡေဒါက္တာေကသီထြန္းကေျပာသည္။
ကေလးငယ္မ်ား မွိန္းျခင္း၊ မလန္းျခင္း၊ သတိလစ္ျခင္း၊ ေပ်ာ့ေခြေအးစက္၍ဆက္တိုက္တက္ျခင္း၊ ႏို႔၊ အစာ၊ အရည္ မဝင္ျခင္း၊ ဆီးနည္းျခင္း၊ အကုန္အန္ ထြက္ျခင္း၊ ဝမ္းအရည္မ်ားျခင္း၊ အသက္ရႉၾကပ္ျခင္း၊ အသံျပင္းျခင္း၊ ေအာက္စီဂ်င္က်ျခင္း၊ အ ေမာေဖာက္ျခင္း၊ ရင္တုန္ျခင္း၊ အဖ်ားႀကီးကာရက္ရွည္ဖ်ားျခင္း၊ ဗိုက္တင္းဗိုက္နာျခင္းႏွင့္ ေမြးကင္း စကေလးငယ္မ်ား ေနမေကာင္းျဖစ္ပါက ေဆး႐ုံသို႔အျမန္ဆုံးျပသသင့္သည္ဟု ကေလးအထူးကုပါေမာကၡေဒါက္တာေကသီထြန္းထံမွ လမ္းၫြန္ထားပါသည္။
ကေလးငယ္မ်ား အိုမီခ႐ြန္ ကူးစက္ခံရမႈမွာ ယခုေဖေဖာ္ဝါရီလအတြင္း စတင္ ကူးစက္မႈျဖစ္ပြားေနရာ လက္ရွိတြင္ ကူးစက္မႈ ၁၀၀ ရာခိုင္ႏႈန္းလွ်င္ ၂ ရာခိုင္ႏႈန္းခန႔္ ကူးစက္မႈ ရွိေနၿပီး၊ မိခင္မ်ားမွ တဆင့္ ကူးစက္မႈျဖစ္ပြားျခင္း ျဖစ္သည္ဟုဆိုသည္။
“ ေမြးၿပီး ေျခာက္လအ႐ြယ္ကေန ၁၂ ႏွစ္ အ႐ႊယ္ေလာက္အထိကူးစက္လာေနတာေတြရွိပါတယ္။ ဂ႐ုစိုက္ဖို႔ေတာ့ လိုပါတယ္။ ကေလးဆိုတာက သဘာဝက ေပးတဲ့ ကိုယ္ခံစြမ္းအား ရွိေနတာေၾကာင့္ ေလာေလာဆယ္ ဆိုးဆိုး႐ြား႐ြား ျဖစ္ပြားတာမ်ိဳးမရွိေသးပါဘူး။ အဓိက ကေတာ့ အတူေနထိုင္တဲ့ မိသားစုလူႀကီးေတြဆီက တဆင့္ ကူးစက္တာ မ်ားပါတယ္။ ဗီတာမင္ စီတို႔ ေခ်ာင္းဆိုးေပ်ာက္ေဆးရည္တို႔ ေလာက္နဲ႔တင္ သက္သာပါတယ္။” ဟု ေဒါက္တာ ၿငိမ္းေကခိုင္က ေျပာျပာထားပါသည္။
ကေလးငယ္မ်ား ကူးစက္ခံရပါက အဖ်ားတက္ျခင္း၊ ႏွာေစးျခင္း၊ ေခ်ာင္းဆက္တိုက္ဆိုးျခင္းစသည့္ လကၡဏာမ်ား ေတြ႕ရမည္ျဖစ္ေသာ္လည္း စိုးရိမ္စရာမရွိေၾကာင္းႏွင့္ အားရွိေစမည့္ အစားအစာမ်ား ေကြၽးကာ နားနားေနေန ထားသင့္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ကေလးငယ္မ်ား ဗိုင္းရပ္စ္ကူးစက္ေၾကာင္း သိရွိပါက Para၊ Cetrizine၊ Atussin၊ Loratadine စသည့္ ေဆးဝါးမ်ား တိုက္ေကြၽးႏိုင္ကာ သုံးေလးရက္အတြင္ သက္သာေပ်ာက္ကင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
