Monday, August 3, 2026
ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀)...
ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့...
သီရိလင်္ကာတွင် ထောင်တွင်းအဓိကရုဏ်းဖြစ်၍ စစ်တပ်ချထားရ
သီရိလင်္ကာနိုင်ငံရှိ ထောင်သားများပြည့်သိပ်ကျပ်ညပ်နေသော အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦး ‌ေ-သဆုံးပြီး ခြောက်ဦးဒ-ဏ်ရာရရှိခဲ့သည့် အဓိကရုဏ်းများဖြစ်ပွားမှုကို ထိန်းချုပ်ရန် သြဂုတ်လ ၂ ရက်နေ့တွင် စစ်သားရာပေါင်းများစွာနှင့် ထိပ်တန်းကွန်မန်ဒိုများကို...
တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင်...
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံမှုများအတွင်း ‌ေ-သဆုံးသူဦးရေသည် ၂၅ ဦးအထိ ရှိလာကာ ဒ-ဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း...
ပါကစ္စတန်မှာ တောင်ပြိုကျ၊ နီပေါ ၆...
ပါကစ္စတန်နိုင်ငံ၏ ၈,၀၅၁ မီတာမြင့်သော Broad Peak တောင်တွင် ဇူလိုင်လ ၃၀ ရက် နေ့ နံနက်ပိုင်းက ကြီးမားသော နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ပြီး...
HomeNewsLocal Newsနစက ၏ ပြည်ထောင်စုနေ့လွတ်ငြိမ်း...
နစက ၏ ပြည်ထောင်စုနေ့လွတ်ငြိမ်း နိုင်ငံရေးအကျဉ်းသားတစ်ဦးမျှမပါ
နစက ၏ ပြည်ထောင်စုနေ့လွတ်ငြိမ်း နိုင်ငံရေးအကျဉ်းသားတစ်ဦးမျှမပါ
လက်ရှိတာဝန်ယူလျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဖေဖော်ဝါရီလ ၁၂ ရက် ၇၅ နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားတစ်စုံတစ်ဦးမျှပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
နစက ဥက္ကဌသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အားဖြင့် တည်ဆဲဥပဒေများကို ကျူးလွန် ဖောက်ဖျက်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့်ပြင် စည်းကမ်းကောင်းမွန်စွာနေထိုင်ကြသော အကျဉ်း သား (၈၁၄)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံ ပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်း ခွင့်ပြုလိုက်ကြောင်း ကြေညာထုတ်ပြန်ခဲ့သည်။ ဘားအံအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဒေါ်နန်းခင်ထွေးမြင့်(ဘ)ဦးစောလှထွန်း အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရမည့် ပြစ်ဒဏ်များ၏ ထက်ဝက်ကာလအား လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင်  ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ထာဝရ ငြိမ်းချမ်းရေးကို ရှေးရှု၍လည်းကောင်း နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲ ဖြစ်သော AA အဖွဲ့ဝင်များနှင့်ဆက်စပ်သူ(၄၆) ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရထုတ်ပြန်ပိတ်သိမ်းပေးခဲ့သည်။
နိုင်ငံခြားအကျဉ်းသားများအနက် သီရိလင်္ကာနိုင်ငံသား (၇)ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းသိရသည်။ယင်းကဲ့သို့ ပုဒ်မ ၄၀၁ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် နိုင်ငံရေးရည်ရွယ်ချက်လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံထားရသူများအနက် အချို့တဝက်ပြန်လည်ပါဝင်လာမည်ဟု ၎င်းတို့မိသားစုများက မျှော်လင့်ထားသော်လည်း တစ်စုံတစ်ဦးမျှပါဝင်လာခဲ့ခြင်းမရှိ​​ကြောင်းသိရသည်။
“”””’ဒီတစ်ခါ ၄၀၁ နဲ့လွှတ်တဲ့နေရာမှာ သတိထားမိတာက ပြန်လွှတ်ပေးတဲ့သူ အားလုံးကို ပြစ်ဒဏ်ကျခံထားရသူတွေကိုပဲ လွှတ်တာပေါ့။အမှုရင်ဆိုင်ဆဲတွေ ၊ အချုပ်တွေ မပါဘူး။အကျသက်သက်ပဲ။လွှတ်တဲ့နေရာမှာလည်း နှောင်ကြိုးမဲ့မဟုတ်ဘူး။အနှောင်အဖွဲ့နဲ့လွှတ်တာ။နောက်တစ်ကြိမ်ဆိုဒီပြစ်ဒဏ်တွေပါ ပေါင်းခံရမယ်ဆိုပြီးလွှတ်တာမျိုးတွေပေါ့။နိုင်ငံရေးအကျိုးအလို့ငှာ ပြန်လွှတ်ပြီး ကမ္ဘာကိုပြချင်တယ်။ဖိအားကိုလျှော့ချင်တာမျိုးလို့ပဲမြင်တယ်။”””ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်တွင်း၌ ဒီမိုကရေစီအရေးလှုပ်ရှားတောင်းဆိုမှုများကြောင့် ဖမ်းဆီးခံခဲ့ရသူပေါင်း ၁၂၀၉၈ ဦးရှိခဲ့ပြီး ၊ ၁၉၇၄ ဦးမှာ ဝရမ်းထုတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းဇယားများအရသိရသည်။
Zaw Gyi
Ads Space Available
Continue reading
ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်
ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၄၀၂) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊...
သီရိလင်္ကာတွင် ထောင်တွင်းအဓိကရုဏ်းဖြစ်၍ စစ်တပ်ချထားရ
သီရိလင်္ကာနိုင်ငံရှိ ထောင်သားများပြည့်သိပ်ကျပ်ညပ်နေသော အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦး ‌ေ-သဆုံးပြီး ခြောက်ဦးဒ-ဏ်ရာရရှိခဲ့သည့် အဓိကရုဏ်းများဖြစ်ပွားမှုကို ထိန်းချုပ်ရန် သြဂုတ်လ ၂ ရက်နေ့တွင် စစ်သားရာပေါင်းများစွာနှင့် ထိပ်တန်းကွန်မန်ဒိုများကို ဖြန့်ကြက်ချထားခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။         မြို့တော်ကိုလံဘိုအပြင်ဘက်ရှိ မဟာရာထောင်တွင် အကျဉ်းသာများသည်  အဆောက်အအုံများစွာကို ဖျ-က်ဆီးခဲ့ပြီး လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒုတိယရဲချုပ် ဆန်ဂျီဝါ မီဒွာတီက ပြောကြားခဲ့သည်။         တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထိန်းသိမ်းပြီး အကျဉ်းသားများကို ၎င်းတို့အချုပ်ခန်းများသို့ ပြန်ပို့ရန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ ကွန်မန်ဒိုများကို အင်အားဖြည့်တင်းခဲ့ကြောင်း မီဒွာတီက ထောင်အပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။        ၂၀၂၀...
တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင် ‌ေ-သဆုံးသူဦးရေ တိုးလာ
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံမှုများအတွင်း ‌ေ-သဆုံးသူဦးရေသည် ၂၅ ဦးအထိ ရှိလာကာ ဒ-ဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့ပြီး အစောပိုင်းက သတင်းထုတ်ပြန်ထားသည့် ‌ေ-သဆုံးသူ ဦးရေထက် မြင့်တက်လာခြင်းဖြစ်သည်။        ဇူလိုင်လ ၂၆ ရက်နေ့က ကန်စုပြည်နယ် တင်းရှီမြို့ရှိ Weiyuan ကောင်တီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၀ ဦး ‌ေ-သဆုံးခဲ့ကြောင်း ကနဦးသတင်းများတွင် ဖော်ပြခဲ့သည်။       စုံစမ်းစစ်ဆေးမှုများနှင့် အကဲဖြတ်တွက်ချက်မှုများလုပ်ရန် ကန်စုပြည်နယ်အာဏာပိုင်များက နိုင်ငံတော် သဘာဝဘေးကာကွယ်ရေး၊...
Ads Space Available
Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071