Tuesday, August 4, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsပြည်သူအားလုံးလိုလားတောင့်တသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး နိုင်ငံရေးနည်းလမ်းဖြင့်...

ပြည်သူအားလုံးလိုလားတောင့်တသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ ပြည်သူ့ပါတီတိုက်တွန်း

ပြည်သူအားလုံးလိုလားတောင့်တသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ ပြည်သူ့ပါတီတိုက်တွန်း

ပြည်ထောင်များကို စုစည်းရန် သဘောတူခဲ့သည့် စိန်ရတုကာလတွင် အမျိုးသားညီညွတ်ရေးပြိုကွဲခြင်းမှာ အဆိုး ဝါးဆုံးအဆင့်ပင်ဖြစ်ပြီး အစုအဖွဲ့အလိုက် ပြိုကွဲခြင်းသာမကဘဲ၊ တစ်ဦးချင်းအဆင့်အထိတိုင်အောင် အမုန်း တရား အာဃာတများကြီးမားနေသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ ရင်ဆိုင်နေကြရသည်ဟု ဥက္ကဌဦးကိုကိုကြီးခေါင်းဆောင်သည့် ပြည်သူ့ပါတီက ပြောသည်။

ယနေ့ကျရောက်သည့် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟူ၍ နိုင်ငံတကာမိသားစုသို့ပြန်လည်ဝင်ရောက်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ်သော ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည့် သမိုင်းဝင် နေ့ထူး နေ့မြတ် ၇၅ နှစ် ပြည့်မြောက်သည့် စိန်ရတုအခါသမယတွင် ပြည်သူ့ပါတီကကြေညာချက်ထုတ်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြည်သူ့ပါတီက ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သော တိုင်းရင်းသား တန်းတူညီမျှရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နှင့် အမျိုးသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် ဒီမိုကရေစီရေးတို့ကို မဖေါ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာ သော လက်နက်ကိုင်ပဋိပက္ခသည်လည်း စိန်ရတုနှင့်အမျှ ရှည်ကြာခဲ့ပြီဟုလည်းပြောသည်။

ယင်းအပြင် ညီညွတ်ရေးကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တစ်စုတစ်စည်းတည်း ပြန်လည်ရရှိခဲ့သော်လည်းညီညွတ်ရေးပြိုကွဲခြင်းသည် ပြည်ထောင်စုပြိုကွဲခြင်း၊ အချုပ်အခြာအာဏာပြိုကွဲခြင်း အလုံးစုံပျက်သုဉ်းခြင်းသို့တိုင် ဦးတည်သွားစေနိုင်ကာ နိုင်ငံရေးသဘောထား ကွဲလွဲမှုများကို အင်အားသုံးဖြေရှင်းခြင်းသည် အခိုက်အတန့်အားဖြင့် အနိုင်အရှုံးရလဒ် ဖြစ်ပေါ်လေ့ရှိသော်လည်း၊ အမုန်းတရားအာဃာတများသည် ပဋိပက္ခဆက်လက်ကြီးထွားစေရန် လောင်စာများစုဆောင်းထားသကဲ့သို့ ဖြစ်ပေါ်စေသည့်အကြောင်း၊ညီညွတ်ရေးပြိုကွဲမှုကြောင့် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ပြည်တွင်းစစ်နှင့် တပ်မတော်မှ နိုင်ငံရေးတွင် ပါဝင်စွက်ဖက်၍၊ အကြိမ်ကြိမ်အာဏာသိမ်းမှုတို့၏ အကျိုးဆက်အဖြစ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု
နောက်ကျကျန်ခဲ့ခြင်း၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျခြင်း၊ လူမှုရေးမညီမျှမှုဖြစ်ခြင်းများစသည့် အနိဋ္ဌါရုံများကိုပြည်သူတစ်ရပ်လုံး ခံစားခဲ့ကြရသည့်အကြောင်းနှင့်ထို့ကြောင့် လွန်ခဲ့သော ၇၅ နှစ်က တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းတည်ဆောက်ခဲ့ကြသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအတွက်၊ နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဝိုင်းဝန်းကြိုးပမ်းကြပါရန် လည်း ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)ကတိုက်တွန်းထားသည်။

Zaw Gyi

ျပည္သူအားလုံးလိုလားေတာင့္တသည့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ျပည္ေထာင္စုေဖာ္ေဆာင္ေရး ႏိုင္ငံေရးနည္းလမ္းျဖင့္ အျမန္ဆုံးဝိုင္းဝန္းႀကိဳးပမ္းၾကဖို႔ ျပည္သူ႔ပါတီတိုက္တြန္း

ျပည္ေထာင္မ်ားကို စုစည္းရန္ သေဘာတူခဲ့သည့္ စိန္ရတုကာလတြင္ အမ်ိဳးသားညီၫြတ္ေရးၿပိဳကြဲျခင္းမွာ အဆိုး ဝါးဆုံးအဆင့္ပင္ျဖစ္ၿပီး အစုအဖြဲ႕အလိုက္ ၿပိဳကြဲျခင္းသာမကဘဲ၊ တစ္ဦးခ်င္းအဆင့္အထိတိုင္ေအာင္ အမုန္း တရား အာဃာတမ်ားႀကီးမားေနသည္ကို စိတ္မခ်မ္းေျမ့ဖြယ္ရာ ရင္ဆိုင္ေနၾကရသည္ဟု ဥကၠဌဦးကိုကိုႀကီးေခါင္းေဆာင္သည့္ ျပည္သူ႔ပါတီက ေျပာသည္။

ယေန႔က်ေရာက္သည့္ အခ်ဳပ္အျခာအာဏာပိုင္ လြတ္လပ္ေသာ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ ဟူ၍ ႏိုင္ငံတကာမိသားစုသို႔ျပန္လည္ဝင္ေရာက္ႏိုင္ရန္ အေျခခံအုတ္ျမစ္ျဖစ္ေသာ ပင္လုံစာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့သည့္ သမိုင္းဝင္ ေန႔ထူး ေန႔ျမတ္ ၇၅ ႏွစ္ ျပည့္ေျမာက္သည့္ စိန္ရတုအခါသမယတြင္ ျပည္သူ႔ပါတီကေၾကညာခ်က္ထုတ္ေျပာဆိုလိုက္ျခင္းျဖစ္သည္။

ျပည္သူ႔ပါတီက ပင္လုံစာခ်ဳပ္၏ အႏွစ္သာရျဖစ္ေသာ တိုင္းရင္းသား တန္းတူညီမွ်ေရး၊ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး ႏွင့္ အမ်ိဳးသားေခါင္းေဆာင္ႀကီးမ်ား ခ်မွတ္ခဲ့သည့္ ဒီမိုကေရစီေရးတို႔ကို မေဖၚေဆာင္ႏိုင္ခဲ့ျခင္းေၾကာင့္ ျဖစ္ေပၚလာ ေသာ လက္နက္ကိုင္ပဋိပကၡသည္လည္း စိန္ရတုႏွင့္အမွ် ရွည္ၾကာခဲ့ၿပီဟုလည္းေျပာသည္။

ယင္းအျပင္ ညီၫြတ္ေရးေၾကာင့္ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာကို တစ္စုတစ္စည္းတည္း ျပန္လည္ရရွိခဲ့ေသာ္လည္းညီၫြတ္ေရးၿပိဳကြဲျခင္းသည္ ျပည္ေထာင္စုၿပိဳကြဲျခင္း၊ အခ်ဳပ္အျခာအာဏာၿပိဳကြဲျခင္း အလုံးစုံပ်က္သုဥ္းျခင္းသို႔တိုင္ ဦးတည္သြားေစႏိုင္ကာ ႏိုင္ငံေရးသေဘာထား ကြဲလြဲမႈမ်ားကို အင္အားသုံးေျဖရွင္းျခင္းသည္ အခိုက္အတန႔္အားျဖင့္ အႏိုင္အရႈံးရလဒ္ ျဖစ္ေပၚေလ့ရွိေသာ္လည္း၊ အမုန္းတရားအာဃာတမ်ားသည္ ပဋိပကၡဆက္လက္ႀကီးထြားေစရန္ ေလာင္စာမ်ားစုေဆာင္းထားသကဲ့သို႔ ျဖစ္ေပၚေစသည့္အေၾကာင္း၊ညီၫြတ္ေရးၿပိဳကြဲမႈေၾကာင့္ လြတ္လပ္ေရးႏွင့္အတူ ေပၚေပါက္လာေသာ ျပည္တြင္းစစ္ႏွင့္ တပ္မေတာ္မွ ႏိုင္ငံေရးတြင္ ပါဝင္စြက္ဖက္၍၊ အႀကိမ္ႀကိမ္အာဏာသိမ္းမႈတို႔၏ အက်ိဳးဆက္အျဖစ္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္မႈ
ေနာက္က်က်န္ခဲ့ျခင္း၊ ပညာေရး၊ က်န္းမာေရးနိမ့္က်ျခင္း၊ လူမႈေရးမညီမွ်မႈျဖစ္ျခင္းမ်ားစသည့္ အနိ႒ါ႐ုံမ်ားကိုျပည္သူတစ္ရပ္လုံး ခံစားခဲ့ၾကရသည့္အေၾကာင္းႏွင့္ထို႔ေၾကာင့္ လြန္ခဲ့ေသာ ၇၅ ႏွစ္က တိုင္းရင္းသားျပည္သူအားလုံး ေမွ်ာ္မွန္းတည္ေဆာက္ခဲ့ၾကသည့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ျပည္ေထာင္စု ေဖာ္ေဆာင္ေရးအတြက္၊ ႏိုင္ငံေရးနည္းလမ္းျဖင့္ အျမန္ဆုံးဝိုင္းဝန္းႀကိဳးပမ္းၾကပါရန္ လည္း ျပည္သူ႔ပါတီ(ဗဟိုဌာနခ်ဳပ္)ကတိုက္တြန္းထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့် ရေတံခါးများ ဖွင့်ချထား၊

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက် ဩဂုတ်လ ၃ ရက် ည ၈ နာရီမှစတင်ကာ ရေတံခါးများကို ဖွင့်ချထားကြောင်း မြန် မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီက အသိပေးထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ တံငါတံတား၏ လက်ရှိရေအမှတ်မှာ ၉၅ ဒသမ ၆ ပေသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း၊ နောက်ထပ် ရေ ၃ ပေခန့် ထပ်မံမြင့်တက်လာပါက...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် COW မိုဘိုင်းကား တပ်ဆင်

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို တပ်ဆင်ထားကြောင်း သိရသည်။ B2B Satellite Terminal ၂ စုံအနက် တစ်စုံကို လေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စုရှိ စစ်ကွင်းဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် တပ်ဆင်ထားပြီး ကျန်တစ်စုံကို သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာတွင် တပ်ဆင်ထားကြောင်း သိရသည်။ ထို့ပြင် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို စာရေးကွင်းတွင်...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071