Monday, August 3, 2026

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ...

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊...

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်တို့...

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque တို့ ယနေ့ သြဂုတ် ၃ ရက်နံနက် ၉...

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀)...

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့...
HomeNewsLocal Newsမြဝတီနယ်စပ်ဂိတ်တွင် အခွန်ကင်းလွတ်ခွင့်ဖြင့်ပြောင်းတင်ပို့ချိန် ကားပိတ်ဆို့မှုများဖြစ်ပေါ်နေ

မြဝတီနယ်စပ်ဂိတ်တွင် အခွန်ကင်းလွတ်ခွင့်ဖြင့်ပြောင်းတင်ပို့ချိန် ကားပိတ်ဆို့မှုများဖြစ်ပေါ်နေ

မြဝတီနယ်စပ်ဂိတ်တွင် အခွန်ကင်းလွတ်ခွင့်ဖြင့်ပြောင်းတင်ပို့ချိန် ကားပိတ်ဆို့မှုများဖြစ်ပေါ်နေ

ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ ၁ ရက်မှသြဂုတ် ၃၁ ရက်အထိ မြန်မာ့ပြောင်းများအား အခွန်ကင်း လွတ်ခွင့်ဖြင့်တင်ပို့ချိန်အတွင်း ကုန်တင်ကားများနေ့စဥ်အဝင်အထွက်ပြုလုပ်နေမှုကြောင့် ရာနှင့်ချီကာ ကားပိတ်ဆို့မှုများမကြာခနဖြစ်ပေါ်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ကားပိတ်တာတွေကတော့နေ့တိုင်းပဲ ပိတ်လိုက်ရင်လည်းအကြာကြီး ရာချီရှိတယ် လမ်းကြောင်းက အရမ်းအကျယ်ကြီး မဟုတ်တော့ပိုဆိုးတာပေါ့ ပြောင်းတင်တဲ့ကားတွေအတွက် သီးသန့်တစ်လမ်းရှိရင်ပိုကောင်းမယ်”ဟုမြဝတီမြို့နေသူတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံသို့အခွန်ကင်းလွတ်ခွင့်ရသည့်ကာလအတွင်း မြဝတီမြို့သို့ ထိုင်းနိုင်ငံမှကုန်တင်ကားစီး‌ရေ ၂၀၀ ခန့်နေ့စဥ်အဝင်အထွက်ပြုလုပ်၍ ပြောင်းတင်ခြင်းများရှိသဖြင့် ကားပိတ်ဆို့မှုများ မကြာခနဖြစ်ပေါ်နေခြင်းဖြစ်သည်။

အခွန်ကင်းလွတ်ခွင့်ရသည့်အချိန်အတွင်း မြန်မာနိုင်ငံအနှံ့မှပြောင်းများအား ထိုင်းနိုင်ငံသို့တင်ပို့ရန် ကုန်တင်ကားများဖြင့်သယ်ဆောင်၍ မြဝတီမြို့၊အာရှလမ်းမကြီးဘေးရှိ ကုန်လှောင်ဝင်းများအတွင်း သိုလှောင်ကာ ထိုင်းကုန်တင်ကားများမှလာရောက်သယ်ဆောင်ခြင်းဖြစ်သည်။

“မြန်မာကုန်ကားတွေကတော့မဖြတ်ဘူး နယ်စပ်ကို ထိုင်းကုန်ကားတွေနဲ့ပဲလာပြီးသယ်သွားကြတော့ ထိုင်းကုန်တင်ကားတွေကနေ့တိုင်းနီးပါးကို ပြောင်းသိုလှောင်ဝင်းတွေဆီလာနေကြတော့ လာတင်တဲ့ကားတွေ ပြောင်းတင်ပြီးပြန်ထွက်တဲ့ကားတွေနဲ့ပိတ်နေတော့တာ အာရှလမ်းကလမြေနီကုန်းအလွန်နဲ့ မြဝတီကုန်သွယ်ရေးဇုန်ကြားမှာပိုပြီးပိတ်တယ်”မြဝတီမြို့နေသူတစ်ဦးကပြောသည်။

Photo-ကိုဝင်းဇော်

Zaw Gyi

ျမဝတီနယ္စပ္ဂိတ္တြင္ အခြန္ကင္းလြတ္ခြင့္ျဖင့္ေျပာင္းတင္ပို႔ခ်ိန္ ကားပိတ္ဆို႔မႈမ်ားျဖစ္ေပၚေန

ထိုင္းႏိုင္ငံသို႔ ေဖေဖာ္ဝါရီ ၁ ရက္မွၾသဂုတ္ ၃၁ ရက္အထိ ျမန္မာ့ေျပာင္းမ်ားအား အခြန္ကင္း လြတ္ခြင့္ျဖင့္တင္ပို႔ခ်ိန္အတြင္း ကုန္တင္ကားမ်ားေန႔စဥ္အဝင္အထြက္ျပဳလုပ္ေနမႈေၾကာင့္ ရာႏွင့္ခ်ီကာ ကားပိတ္ဆို႔မႈမ်ားမၾကာခနျဖစ္ေပၚေလ့ရွိသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

“ကားပိတ္တာေတြကေတာ့ေန႔တိုင္းပဲ ပိတ္လိုက္ရင္လည္းအၾကာႀကီး ရာခ်ီရွိတယ္ လမ္းေၾကာင္းက အရမ္းအက်ယ္ႀကီး မဟုတ္ေတာ့ပိုဆိုးတာေပါ့ ေျပာင္းတင္တဲ့ကားေတြအတြက္ သီးသန္႔တစ္လမ္းရွိရင္ပိုေကာင္းမယ္”ဟုျမဝတီၿမိဳ႕ေနသူတစ္ဦးကေျပာသည္။

ထိုင္းႏိုင္ငံသို႔အခြန္ကင္းလြတ္ခြင့္ရသည့္ကာလအတြင္း ျမဝတီၿမိဳ႕သို႔ ထိုင္းႏိုင္ငံမွကုန္တင္ကားစီး‌ေရ ၂၀၀ ခန္႔ေန႔စဥ္အဝင္အထြက္ျပဳလုပ္၍ ေျပာင္းတင္ျခင္းမ်ားရွိသျဖင့္ ကားပိတ္ဆို႔မႈမ်ား မၾကာခနျဖစ္ေပၚေနျခင္းျဖစ္သည္။

အခြန္ကင္းလြတ္ခြင့္ရသည့္အခ်ိန္အတြင္း ျမန္မာႏိုင္ငံအႏွံ႔မွေျပာင္းမ်ားအား ထိုင္းႏိုင္ငံသို႔တင္ပို႔ရန္ ကုန္တင္ကားမ်ားျဖင့္သယ္ေဆာင္၍ ျမဝတီၿမိဳ႕၊အာရွလမ္းမႀကီးေဘးရွိ ကုန္ေလွာင္ဝင္းမ်ားအတြင္း သိုေလွာင္ကာ ထိုင္းကုန္တင္ကားမ်ားမွလာေရာက္သယ္ေဆာင္ျခင္းျဖစ္သည္။

“ျမန္မာကုန္ကားေတြကေတာ့မျဖတ္ဘူး နယ္စပ္ကို ထိုင္းကုန္ကားေတြနဲ႔ပဲလာၿပီးသယ္သြားၾကေတာ့ ထိုင္းကုန္တင္ကားေတြကေန႔တိုင္းနီးပါးကို ေျပာင္းသိုေလွာင္ဝင္းေတြဆီလာေနၾကေတာ့ လာတင္တဲ့ကားေတြ ေျပာင္းတင္ၿပီးျပန္ထြက္တဲ့ကားေတြနဲ႔ပိတ္ေနေတာ့တာ အာရွလမ္းကလေျမနီကုန္းအလြန္နဲ႔ ျမဝတီကုန္သြယ္ေရးဇုန္ၾကားမွာပိုၿပီးပိတ္တယ္”ျမဝတီၿမိဳ႕ေနသူတစ္ဦးကေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆) ရေစီးနောက်မျောပါ

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရသည်။ ပျက်စီးသွားသည့် တံတားမှာ လေးမျက်နှာမြို့နယ်၊ လက်သမား (ကရင်) ကျေးရွာအနီး မိုင်တိုင်အမှတ် (၆) မိုင် (၃) ဖာလုံနှင့် (၆) မိုင် (၄) ဖာလုံအကြား တည်ရှိသည့် အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ ကွန်ကရစ်ရေနုတ်ပြွန်တံတားဖြစ်ပြီး ငဝန်ရေကာတာကျိုးပေါက်မှုကြောင့်...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ တိုးမြှင့်

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစေရန် ယခုကဲ့သို့ နောက်ဆုံးအကြိမ် ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်နှင့် ယခင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအနေဖြင့် ဩဂုတ် ၁၄ ရက်အထိ (စနေနှင့် တနင်္ဂနွေ မပါ) သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကိုယ်တိုင်သွားရောက်၍ ကျောင်းဝင်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။ ထို့ပြင် ဩဂုတ် ၁၄ ရက်သည် ကျောင်းအပ်နှံခြင်းအတွက် နောက်ဆုံးသတ်မှတ်ရက်ဖြစ်ပြီး ယင်းရက်ကျော်လွန်ပါက...

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်တို့ နှစ်ဦးတည်းသီးသန့်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque တို့ ယနေ့ သြဂုတ် ၃ ရက်နံနက် ၉ နာရီက နှစ်ဦးတည်းသီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုကို ICRC မှလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာနှင့် အင်တာနက် ဝက်ဆိုဒ်တို့မှလည်း ယ နေ့ သြဂုတ် ၃ ရက်၌ပင် အသိပေးထုတ်ပြန်ခဲ့သည်။ ICRC ၏ထုတ်ပြန်ချက်တွင် တွေ့ဆုံမှုသည် လွတ်လပ် ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံလည်ပတ်ခြင်းဆိုင်ရာ ICRC ၏ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071