Monday, August 3, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ...

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊...
HomeNewsLocal Newsမလေးရှားက မြန်မာလုပ်သားများအား ပြန်လည်ခေါ်ယူတော့မည့်...

မလေးရှားက မြန်မာလုပ်သားများအား ပြန်လည်ခေါ်ယူတော့မည့် အစီအစဉ်မကြာမီစတင်မည်

မလေးရှားက မြန်မာလုပ်သားများအား ပြန်လည်ခေါ်ယူတော့မည့် အစီအစဉ်မကြာမီစတင်မည်

မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်လိုသည့် အေဂျင်စီများအနေဖြင့် မလေးရှားနိုင်ငံသို့ စေလွှတ်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင် ထားရှိကြဖို့အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်အပါအဝင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအားလုံးကို ဖေဖော်ဝါရီ ၈ရက် ရက်စွဲဖြင့် အကြောင်းကြားစာပေးပို့ထားသည်ဟု သိရသည်။

မလေးရှားနိုင်ငံက ၎င်းတို့နိုင်ငံအတွင်းသို့ နိုင်ငံခြားသားအလုပ်သမားများ ဝင်ရောက်နိုင်ရေးနှင့် စပ်လျဉ်း၍ Foreign Workers Centralized Management System (FWCMS) ကို ကြေငြာထားရာမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပ ပြုလုပ်သော မလေးရှား အစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံခြားသား အလုပ်သမားများအား ခေါ်ယူရေးအတွက် သဘောတူညီခဲ့၍ နိုင်ငံခြားသားအလုပ်သမားများခေါ်ယူရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်လုပ်ကိုင်မည့် နိုင်ငံခြားသားအလုပ်သမား ၃၂,၀၀၀ကို အထူးကင်းလွတ်ခွင့်ဖြင့် ခေါ်ယူရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်၍ လျှောက်ထားနိုင်မည်ဖြစ်သည့်အပြင် အခြားကဏ္ဍများအတွက် နိုင်ငံခြားသား အလုပ်သမားလျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည့်အကြောင်း၊ နိုင်ငံခြားသားအလုပ်သမားများ မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းအတွက်ကျန်းမာရေးဆိုင်ရာလိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (SOP) အဆင့် ၄ ဆင့် ဖြင့်သတ်မှတ်ထားကြောင်း၊ မိခင်နိုင်ငံမှ မထွက်ခွာမီကာလ၊ မလေးရှားနိုင်ငံသို့ စတင်ရောက်ရှိ သည့်ကာလ၊ ရောက်ရှိပြီးနောက် Quarantine နေထိုင်သည့်ကာလ၊ Quarantine မှထွက်ခွာခြင်းကာလတို့ပါဝင်မည်ဖြစ်သည့်အကြောင်း စသည်ဖြင့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ယင်းအပြင် မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ပါက ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားရှိသည့် Quarantine စင်တာများတွင် သီးသန့်နေထိုင်ရမည်ဖြစ်ပြီး နေထိုင်ရမည့် ကာလမှာ ၇ ရက် ဖြစ်ကာ Q uarantine ဝင်ရောက်စဉ် RT-PCR Test စစ်ဆေးမှုကို ၂ ကြိမ် ခံယူရမည်ဖြစ်သည့်အပြင် ယင်းကာလအတွင်း ကုန်ကျစရိတ်ကို အလုပ်ရှင်မှပေးဆောင်ရမည်ဟု လည်း အကြောင်းကြားစာတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်အပါအဝင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအားလုံးကို ယင်းကိစ္စနှင့်စပ်လျဉ်း၍ အလုပ်သမားသံအရာရှိမှ မလေးရှားနိုင်ငံ၊ အလုပ်သမားဌာနသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့် ပြန်လည်ဖွင့်လှစ်တော့မည့် ကြေညာချက်ဖြစ်ကြောင်း၊ အလုပ်သမား သစ်ခေါ်ယူခွင့် ပြန်လည်ဖွင့်လှစ်ပါက မလေးရှားနိုင်ငံ၊ မူဝါဒရေးရာဌာန၏ အတည်ပြုချက်ဖြင့်တရားဝင်စာများကို သက်ဆိုင်ရာ သံရုံးများသို့ ထပ်မံပေးပို့သွားမည်ဟု အကြောင်းပြန်ထားကြောင်းပြောသည်။

Zaw Gyi

မေလးရွားက ျမန္မာလုပ္သားမ်ားအား ျပန္လည္ေခၚယူေတာ့မည့္ အစီအစဥ္မၾကာမီစတင္မည္

မေလးရွားႏိုင္ငံသို႔ အလုပ္သမားေစလႊတ္လိုသည့္ ေအဂ်င္စီမ်ားအေနျဖင့္ မေလးရွားႏိုင္ငံသို႔ ေစလႊတ္ေရးလုပ္ငန္းစဥ္မ်ားႏွင့္စပ္လ်ဥ္း၍ လိုအပ္သည္မ်ား ႀကိဳတင္ျပင္ဆင္ ထားရွိၾကဖို႔အလုပ္သမားဝန္ႀကီးဌာန အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနက ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္အပါအဝင္ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီမ်ားအားလုံးကို ေဖေဖာ္ဝါရီ ၈ရက္ ရက္စြဲျဖင့္ အေၾကာင္းၾကားစာေပးပို႔ထားသည္ဟု သိရသည္။

မေလးရွားႏိုင္ငံက ၎တို႔ႏိုင္ငံအတြင္းသို႔ ႏိုင္ငံျခားသားအလုပ္သမားမ်ား ဝင္ေရာက္ႏိုင္ေရးႏွင့္ စပ္လ်ဥ္း၍ Foreign Workers Centralized Management System (FWCMS) ကို ေၾကျငာထားရာမွာ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၁၀ ရက္ေန႔က က်င္းပ ျပဳလုပ္ေသာ မေလးရွား အစိုးရအဖြဲ႕ အစည္းအေဝးတြင္ ႏိုင္ငံျခားသား အလုပ္သမားမ်ားအား ေခၚယူေရးအတြက္ သေဘာတူညီခဲ့၍ ႏိုင္ငံျခားသားအလုပ္သမားမ်ားေခၚယူေရး လုပ္ငန္းစဥ္အဆင့္ဆင့္ကို ဖြင့္လွစ္ေပးသြားမည္ျဖစ္ကာ စိုက္ပ်ိဳးေရးက႑တြင္ အလုပ္လုပ္ကိုင္မည့္ ႏိုင္ငံျခားသားအလုပ္သမား ၃၂,၀၀၀ကို အထူးကင္းလြတ္ခြင့္ျဖင့္ ေခၚယူရန္အတြက္ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၈ ရက္ေန႔မွစတင္၍ ေလွ်ာက္ထားႏိုင္မည္ျဖစ္သည့္အျပင္ အျခားက႑မ်ားအတြက္ ႏိုင္ငံျခားသား အလုပ္သမားေလွ်ာက္လႊာမ်ားကို ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ တြင္ စတင္ဖြင့္လွစ္သြားမည္ျဖစ္သည့္အေၾကာင္း၊ ႏိုင္ငံျခားသားအလုပ္သမားမ်ား မေလးရွားႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ျခင္းအတြက္က်န္းမာေရးဆိုင္ရာလိုက္နာရမည့္ လုပ္ထုံးလုပ္နည္းမ်ား (SOP) အဆင့္ ၄ ဆင့္ ျဖင့္သတ္မွတ္ထားေၾကာင္း၊ မိခင္ႏိုင္ငံမွ မထြက္ခြာမီကာလ၊ မေလးရွားႏိုင္ငံသို႔ စတင္ေရာက္ရွိ သည့္ကာလ၊ ေရာက္ရွိၿပီးေနာက္ Quarantine ေနထိုင္သည့္ကာလ၊ Quarantine မွထြက္ခြာျခင္းကာလတို႔ပါဝင္မည္ျဖစ္သည့္အေၾကာင္း စသည္ျဖင့္ အေၾကာင္းၾကားစာတြင္ ေဖာ္ျပထားသည္။

ယင္းအျပင္ မေလးရွားႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ပါက က်န္းမာေရးဝန္ႀကီးဌာနမွ သတ္မွတ္ထားရွိသည့္ Quarantine စင္တာမ်ားတြင္ သီးသန႔္ေနထိုင္ရမည္ျဖစ္ၿပီး ေနထိုင္ရမည့္ ကာလမွာ ၇ ရက္ ျဖစ္ကာ Q uarantine ဝင္ေရာက္စဥ္ RT-PCR Test စစ္ေဆးမႈကို ၂ ႀကိမ္ ခံယူရမည္ျဖစ္သည့္အျပင္ ယင္းကာလအတြင္း ကုန္က်စရိတ္ကို အလုပ္ရွင္မွေပးေဆာင္ရမည္ဟု လည္း အေၾကာင္းၾကားစာတြင္ ေဖာ္ျပထားသည္ကိုေတြ႕ရသည္။

အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနက ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္အပါအဝင္ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီမ်ားအားလုံးကို ယင္းကိစၥႏွင့္စပ္လ်ဥ္း၍ အလုပ္သမားသံအရာရွိမွ မေလးရွားႏိုင္ငံ၊ အလုပ္သမားဌာနသို႔ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာတြင္ ႏိုင္ငံျခားသားအလုပ္သမားေခၚယူခြင့္ ျပန္လည္ဖြင့္လွစ္ေတာ့မည့္ ေၾကညာခ်က္ျဖစ္ေၾကာင္း၊ အလုပ္သမား သစ္ေခၚယူခြင့္ ျပန္လည္ဖြင့္လွစ္ပါက မေလးရွားႏိုင္ငံ၊ မူဝါဒေရးရာဌာန၏ အတည္ျပဳခ်က္ျဖင့္
တရားဝင္စာမ်ားကို သက္ဆိုင္ရာ သံ႐ုံးမ်ားသို႔ ထပ္မံေပးပို႔သြားမည္ဟု အေၾကာင္းျပန္ထားေၾကာင္းေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071