ပြည်ပသို့ရွှေတင်ပို့ရာတွင် ပို့ကုန်အမေရိကန်ဒေါ် လာ ၅ သောင်းအောက်အား ကြေးနန်းငွေလွှဲပို့စ နစ်ဖြင့် ဆောင်ရွက်ခွင့်ရှိ
မြန်မာနိုင်ငံမှထွက်ရှိသည့် ရွှေနှင့်လတ်ဝတ်ရတ နာများအား ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိရာတွင် ဂျပန်နိုင်ငံနှင့်ကိုရီးယားနိုင်ငံတို့မှအများဆုံးဝယ်ယူမှုများရှိပြီး ရွှေဖြင့်ပြုလုပ်ထားသည့် အဆောင်ပစ္စည်းများအား အဓိကတင်ပို့ရောင်းချလျက်ရှိသည်။
ထိုသို့ ရွှေနှင့်လတ်ဝတ်ရတနာ၊အဆောင်များ တင်ပို့ရောင်းချရာတွင် ပို့ကုန်အမေရိကန်ဒေါ် လာ ၅ သောင်းအောက်ဖြစ်ပါက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသို့တင်ပြ၍ ကြေးနန်းငွေလွှဲပို့စနစ်ဖြင့်ဆောင်ရွက်နိုင်သည်ဟု ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှသိရသည်။
စီးပွားကူးသန်းဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက ကြေးနန်းငွေလွှဲပို့စနစ်ဖြင့် ဗဟိုဘဏ်မှသတ်မှတ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေကြေးဖြင့် တင်ပို့နိုင်ကြောင်း သိရသည်။
အလားတူ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ သောင်းအထက်တင်ပို့သူများအား စီးပွားကူးသန်းဝန်ကြီး ဌာနမှခွင့်ပြုချက်ရယူကာ ဘဏ်ငွေလွှဲစာတမ်းစနစ်ဖြင့် ဗဟိုဘဏ်မှသတ်မှတ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေကြေးဖြင့် တင်ပို့ခွင့်ပြုမည်ဖြစ် သည်။
ထို့ပြင် ပြည်ပနိုင်ငံများသို့ ရွှေတင်ပို့ရောင်းချလိုသူများအနေဖြင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ One Stop Service Centre သို့လျှောက်ထားဆောင်ရွက်နိုင်သည်ဟု သိရသည်။
Zaw Gyi
ျပည္ပသို႔ေ႐ႊတင္ပို႔ရာတြင္ ပို႔ကုန္အေမရိကန္ေဒၚ လာ ၅ ေသာင္းေအာက္အား ေၾကးနန္းေငြလႊဲပို႔စ နစ္ျဖင့္ ေဆာင္႐ြက္ခြင့္ရွိ
ျမန္မာႏိုင္ငံမွထြက္ရွိသည့္ ေ႐ႊႏွင့္လတ္ဝတ္ရတ နာမ်ားအား ျပည္ပႏိုင္ငံမ်ားသို႔တင္ပို႔ေရာင္းခ်လ်က္ရွိရာတြင္ ဂ်ပန္ႏိုင္ငံႏွင့္ကိုရီးယားႏိုင္ငံတို႔မွအမ်ားဆုံးဝယ္ယူမႈမ်ားရွိၿပီး ေ႐ႊျဖင့္ျပဳလုပ္ထားသည့္ အေဆာင္ပစၥည္းမ်ားအား အဓိကတင္ပို႔ေရာင္းခ်လ်က္ရွိသည္။
ထိုသို႔ ေ႐ႊႏွင့္လတ္ဝတ္ရတနာ၊အေဆာင္မ်ား တင္ပို႔ေရာင္းခ်ရာတြင္ ပို႔ကုန္အေမရိကန္ေဒၚ လာ ၅ ေသာင္းေအာက္ျဖစ္ပါက စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနသို႔တင္ျပ၍ ေၾကးနန္းေငြလႊဲပို႔စနစ္ျဖင့္ေဆာင္႐ြက္ႏိုင္သည္ဟု ရန္ကုန္ တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း(YGEA)မွသိရသည္။
စီးပြားကူးသန္းဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ရရွိပါက ေၾကးနန္းေငြလႊဲပို႔စနစ္ျဖင့္ ဗဟိုဘဏ္မွသတ္မွတ္ခြင့္ျပဳထားသည့္ ႏိုင္ငံျခားေငြေၾကးျဖင့္ တင္ပို႔ႏိုင္ေၾကာင္း သိရသည္။
အလားတူ ပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ ၅ ေသာင္းအထက္တင္ပို႔သူမ်ားအား စီးပြားကူးသန္းဝန္ႀကီး ဌာနမွခြင့္ျပဳခ်က္ရယူကာ ဘဏ္ေငြလႊဲစာတမ္းစနစ္ျဖင့္ ဗဟိုဘဏ္မွသတ္မွတ္ခြင့္ျပဳထားသည့္ ႏိုင္ငံျခားေငြေၾကးျဖင့္ တင္ပို႔ခြင့္ျပဳမည္ျဖစ္ သည္။
ထို႔ျပင္ ျပည္ပႏိုင္ငံမ်ားသို႔ ေ႐ႊတင္ပို႔ေရာင္းခ်လိုသူမ်ားအေနျဖင့္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း(YGEA)၏ One Stop Service Centre သို႔ေလွ်ာက္ထားေဆာင္႐ြက္ႏိုင္သည္ဟု သိရသည္။


