လောက်ကိုင်မြို့တွင်လူသတ်အလောင်းဖျောက်ခဲ့သော တရုတ်နိုင်ငံသား ၇ဦးကို ထောင်ဒဏ်အသီးသီးချမှတ်

0
106

(Unicode)

လောက်ကိုင်မြို့တွင်လူသတ်အလောင်းဖျောက်ခဲ့သော တရုတ်နိုင်ငံသား ၇ဦးကို ထောင်ဒဏ်အသီးသီးချမှတ်

လူပျောက်ရှာဖွေပေးဖို့ လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံလာခဲ့မှုကို စုံစမ်းရှာဖွေရာမှတဆင့် လူသတ်အလောင်းဖျောက်ခဲ့တဲ့ အမှုဖြစ်နေတာကိုတွေ့ရှိရလို့ ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား တရားခံတွေကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးက ထောင်ဒဏ် အသီးသီးချမှတ်လိုက်တယ်လို့လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့ကနေသိရပါတယ်။

ဖြစ်စဉ်ကတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့ သို့ လူတစ်ဦးပျောက်ဆုံးနေတဲ့အတွက် ရှာဖွေပေးဖို့ ပျောက်ဆုံးနေသူရဲ့ မိသားစုဝင်တွေက လာရောက်တိုင်ကြားခဲ့လို့ ရဲတပ်ဖွဲ့က ရှာဖွေရာ မသင်္ကာဖွယ် တရုတ်နိုင်ငံသား ယွီထင်ခန်း တို့(၇)ဦး ကိုတွေ့ရှိခဲ့ရပြီး လူသတ်မှုဖြစ်ခဲ့တာကို စစ်ဆေးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

စစ်ဆေးချက်တွေအရ ပျောက်ဆုံးနေသူ ဟော်ခွမ်း ထံကနေ တရုတ်ယွမ်ငွေ(၂၅၀၀၀၀) ရရန်ရှိလို့ ပြန်လည်တောင်းခံရာ မပေးတဲ့အတွက် ၎င်းတို့ နေထိုင်တဲ့ အခန်းမှာ ဖမ်းဆီးချူပ်နှောင်နှိပ်စက်ရင်း လက်လွန်ပြီး သေဆုံးသွားခဲ့လို့ အလောင်းကို တောစပ်မှာသွားပစ်ခဲ့တယ်လို့ ကျူးလွန်သူတွေက ထွက်ဆိုခဲ့ကြပါတယ်။

အဆိုပါ အမှုမှပြစ်မှုကျူးလွန်ဖို့ ဦးဆောင်စေခိုင်းခဲ့သူ တရုတ်နိုင်ငံသား ယွီထင်ခန်း(ခ)အားခန်းကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးက ၂၀၂၂ခုနှစ် ဇန်နဝါရီ လ ၂၁ရက်နေ့မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄အရအလုပ်နဲ့ ထောင်ဒဏ် ၂၀နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၃အရ ထောင်ဒဏ် ၂နှစ် တို့အားသီးခြားစီ ကျခံစေရန် အမိန့်ချမှတ် ခဲ့ပြီး ပူးပေါင်းပါဝင်သူများအား ကျူးလွန်ကြောင်းပေါ်ပေါက်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မများအရ ထောင်ဒဏ် ၂ နှစ်မှ ၃နှစ်အထိ အသီးသီးချမှတ် ခဲ့တယ်လို့သိရပါတယ်။

(Zawgyi)

ေလာက္ကိုင္ၿမိဳ႕တြင္လူသတ္အေလာင္းေဖ်ာက္ခဲ့ေသာ တ႐ုတ္ႏိုင္ငံသား ၇ဦးကို ေထာင္ဒဏ္အသီးသီးခ်မွတ္

လူေပ်ာက္ရွာေဖြေပးဖို႔ ေလာက္ကိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕သို႔ အကူအညီေတာင္းခံလာခဲ့မႈကို စုံစမ္းရွာေဖြရာမွတဆင့္ လူသတ္အေလာင္းေဖ်ာက္ခဲ့တဲ့ အမႈျဖစ္ေနတာကိုေတြ႕ရွိရလို႔ က်ဴးလြန္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသား တရားခံေတြကို ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတရား႐ုံးက ေထာင္ဒဏ္ အသီးသီးခ်မွတ္လိုက္တယ္လို႔ေလာက္ကိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကေနသိရပါတယ္။

ျဖစ္စဥ္ကေတာ့ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ သို႔ လူတစ္ဦးေပ်ာက္ဆုံးေနတဲ့အတြက္ ရွာေဖြေပးဖို႔ ေပ်ာက္ဆုံးေနသူရဲ႕ မိသားစုဝင္ေတြက လာေရာက္တိုင္ၾကားခဲ့လို႔ ရဲတပ္ဖြဲ႕က ရွာေဖြရာ မသကၤာဖြယ္ တ႐ုတ္ႏိုင္ငံသား ယြီထင္ခန္း တို႔(၇)ဦး ကိုေတြ႕ရွိခဲ့ရၿပီး လူသတ္မႈျဖစ္ခဲ့တာကို စစ္ေဆးႏိုင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

စစ္ေဆးခ်က္ေတြအရ ေပ်ာက္ဆုံးေနသူ ေဟာ္ခြမ္း ထံကေန တ႐ုတ္ယြမ္ေငြ(၂၅၀၀၀၀) ရရန္ရွိလို႔ ျပန္လည္ေတာင္းခံရာ မေပးတဲ့အတြက္ ၎တို႔ ေနထိုင္တဲ့ အခန္းမွာ ဖမ္းဆီးခ်ဴပ္ေႏွာင္ႏွိပ္စက္ရင္း လက္လြန္ၿပီး ေသဆုံးသြားခဲ့လို႔ အေလာင္းကို ေတာစပ္မွာသြားပစ္ခဲ့တယ္လို႔ က်ဴးလြန္သူေတြက ထြက္ဆိုခဲ့ၾကပါတယ္။

အဆိုပါ အမႈမွျပစ္မႈက်ဴးလြန္ဖို႔ ဦးေဆာင္ေစခိုင္းခဲ့သူ တ႐ုတ္ႏိုင္ငံသား ယြီထင္ခန္း(ခ)အားခန္းကို ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတရား႐ုံးက ၂၀၂၂ခုႏွစ္ ဇန္နဝါရီ လ ၂၁ရက္ေန႔မွာ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄အရအလုပ္နဲ႔ ေထာင္ဒဏ္ ၂၀ႏွစ္၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၄၃အရ ေထာင္ဒဏ္ ၂ႏွစ္ တို႔အားသီးျခားစီ က်ခံေစရန္ အမိန႔္ခ်မွတ္ ခဲ့ၿပီး ပူးေပါင္းပါဝင္သူမ်ားအား က်ဴးလြန္ေၾကာင္းေပၚေပါက္တဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မမ်ားအရ ေထာင္ဒဏ္ ၂ ႏွစ္မွ ၃ႏွစ္အထိ အသီးသီးခ်မွတ္ ခဲ့တယ္လို႔သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here