Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsကော့ကရိတ်မြို့နယ်အတွင်းရှိ လူဦးရေ နှစ်သောင်းကျော်...

ကော့ကရိတ်မြို့နယ်အတွင်းရှိ လူဦးရေ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရ

(Unicode)

ကော့ကရိတ်မြို့နယ်အတွင်းရှိ လူဦးရေ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၇ ရွာမှ ရွာသူ၊ရွာသားများသည် ဇန်နဝါရီ ၇ ရက်မှ ၂၃ ရက်အထိ ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် နေအိမ်များအားစွန့်ခွာ၍ စစ်ဘေးရှောင်နေရသည်ဟု ဒူးပလာယာခ ရိုင်က ဇန်နဝါရီ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။

ကော့ကရိတ်မြို့နယ်အတွင်း နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့်ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ကြားတွင် တိုက်ပွဲများထပ်မံဖြစ်ပွားနေခြင်းဖြစ်သည်။

ကော့နွဲ၊ ကမိုင်ကုန်း၊ ရွာသစ်ကုန်း၊ မြို့ဟောင်း၊ အံကလော်၊ တတန်ကူး၊ ကျောက်စရစ်ကုန်း၊ ကထို့ထ၊ ရွာသစ်(မောင်းမ)၊ သာယာကုန်း၊ ကြောင်လျှာကုန်း၊ ဖန်ခါးကုန်း၊ အံဖကြီး၊ အံဖလေး၊ ရွာတန်း ရှည်၊ ကြာအင်းကုန်း၊ နောင်နိုင်း၊ နန်းရွေမှုံ၊ အောင် လှိုင်၊ တဝေါသော၊ စက္ကဝက်၊ သုံးဆယ့်သုံးဆူ၊ ကျိုက်သလိုက်၊ ဘော့ဒိုင်း၊ ဒေါက်ပလံ၊ ခုဒုံ၊ ဆံဖလား ကျေးရွာများမှ ရွာသူ၊ရွာသား နှစ်သောင်းကျော်သည် နေအိမ်များအားစွန့်ခွာ၍ စစ်ဘေးရှောင်နေရသည်ဟု ရေးသားဖော်ပြထားသည်။

“စစ်ဘေးရှောင်နှစ်သောင်းကျော်အတွက် အခြေခံစားသောက်ကုန်၊အနွေးထည်၊စောင်၊ခြင်ထောင်နဲ့အမိုးအကာများလုပ်ဖို့အတွက်အစတွေ အရေးပေါ်လိုအပ်နေပါတယ် သောင်ရင်းမြစ်ဘေးတောထဲနဲ့နီးစပ်ရာ ဆွေးမျိုးအိမ်တွေကိုသွားနေကြသ လို ဘုန်းကြီးကျောင်းတွေ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ မြေနေရာအလွတ်တွေမှာ ယာယီ တဲထိုးပြီးနေရာချထားပေးပါတယ်”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

ရာသီဥတုအေးကာ ချိန်ခါမဟုတ်မိုးရွာသွန်းမှုတို့ကြောင့် စစ်ဘေးရှောင်များမှာ အခက်အခဲပေါင်းများစွာဖြစ်ပေါ်နေရပြီး နေမကောင်းဖြစ်ခြင်း၊ဝမ်း ပျက်ဝမ်းလျောဖြစ်ခြင်းများ၊ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများပါဝင်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်လျက်ရှိသည်ဟု သိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရွာသူ၊ရွာ သား ၁၂ ဦးထိခိုက်ဒဏ်ရာရရှိထားကာ တစ်ဦးသေဆုံးခဲ့သည်ဟု ဒူးပလာယာခရိုင်က ထုတ်ပြန်ရေးသားထားသည်။

(Zawgyi)

ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းရွိ လူဦးေရ ႏွစ္ေသာင္းေက်ာ္ စစ္ေဘးေရွာင္ေနရ

ကရင္ျပည္နယ္၊ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာေပါင္း ၂၇ ႐ြာမွ ႐ြာသူ၊႐ြာသားမ်ားသည္ ဇန္နဝါရီ ၇ ရက္မွ ၂၃ ရက္အထိ ျပန္လည္ျဖစ္ပြားလာသည့္ တိုက္ပြဲမ်ားေၾကာင့္ ေနအိမ္မ်ားအားစြန္႔ခြာ၍ စစ္ေဘးေရွာင္ေနရသည္ဟု ဒူးပလာယာခ ႐ိုင္က ဇန္နဝါရီ ၂၃ ရက္၌ ထုတ္ျပန္ခဲ့သည္။

ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္း နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU)တို႔ၾကားတြင္ တိုက္ပြဲမ်ားထပ္မံျဖစ္ပြားေနျခင္းျဖစ္သည္။

ေကာ့ႏြဲ၊ ကမိုင္ကုန္း၊ ႐ြာသစ္ကုန္း၊ ၿမိဳ႕ေဟာင္း၊ အံကေလာ္၊ တတန္ကူး၊ ေက်ာက္စရစ္ကုန္း၊ ကထို႔ထ၊ ႐ြာသစ္(ေမာင္းမ)၊ သာယာကုန္း၊ ေၾကာင္လွ်ာကုန္း၊ ဖန္ခါးကုန္း၊ အံဖႀကီး၊ အံဖေလး၊ ႐ြာတန္း ရွည္၊ ၾကာအင္းကုန္း၊ ေနာင္ႏိုင္း၊ နန္းေ႐ြမႈံ၊ ေအာင္ လႈိင္၊ တေဝါေသာ၊ စကၠဝက္၊ သုံးဆယ့္သုံးဆူ၊ က်ိဳက္သလိုက္၊ ေဘာ့ဒိုင္း၊ ေဒါက္ပလံ၊ ခုဒုံ၊ ဆံဖလား ေက်း႐ြာမ်ားမွ ႐ြာသူ၊႐ြာသား ႏွစ္ေသာင္းေက်ာ္သည္ ေနအိမ္မ်ားအားစြန္႔ခြာ၍ စစ္ေဘးေရွာင္ေနရသည္ဟု ေရးသားေဖာ္ျပထားသည္။

“စစ္ေဘးေရွာင္ႏွစ္ေသာင္းေက်ာ္အတြက္ အေျခခံစားေသာက္ကုန္၊အေႏြးထည္၊ေစာင္၊ျခင္ေထာင္နဲ႔အမိုးအကာမ်ားလုပ္ဖို႔အတြက္အစေတြ အေရးေပၚလိုအပ္ေနပါတယ္ ေသာင္ရင္းျမစ္ေဘးေတာထဲနဲ႔နီးစပ္ရာ ေဆြးမ်ိဳးအိမ္ေတြကိုသြားေနၾကသ လို ဘုန္းႀကီးေက်ာင္းေတြ ခရစ္ယာန္ဘုရားေက်ာင္းေတြနဲ႔ ေျမေနရာအလြတ္ေတြမွာ ယာယီ တဲထိုးၿပီးေနရာခ်ထားေပးပါတယ္”ဟုစစ္ေဘးေရွာင္ကူညီသူတစ္ဦးကေျပာသည္။

ရာသီဥတုေအးကာ ခ်ိန္ခါမဟုတ္မိုး႐ြာသြန္းမႈတို႔ေၾကာင့္ စစ္ေဘးေရွာင္မ်ားမွာ အခက္အခဲေပါင္းမ်ားစြာျဖစ္ေပၚေနရၿပီး ေနမေကာင္းျဖစ္ျခင္း၊ဝမ္း ပ်က္ဝမ္းေလ်ာျဖစ္ျခင္းမ်ား၊ကေလးငယ္မ်ားႏွင့္သက္ႀကီး႐ြယ္အိုမ်ားပါဝင္သျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားလည္း လိုအပ္လ်က္ရွိသည္ဟု သိရသည္။

ထို႔ျပင္ တိုက္ပြဲျဖစ္ပြားမႈမ်ားေၾကာင့္ ႐ြာသူ၊႐ြာ သား ၁၂ ဦးထိခိုက္ဒဏ္ရာရရွိထားကာ တစ္ဦးေသဆုံးခဲ့သည္ဟု ဒူးပလာယာခ႐ိုင္က ထုတ္ျပန္ေရးသားထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071