Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsမြန်မာ့ပညာရေးကဏ္ဍ အလွန်ပြင်းထန်သည့်စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရဟု ဂျာမနီမှတ်ချက်ပြု

မြန်မာ့ပညာရေးကဏ္ဍ အလွန်ပြင်းထန်သည့်စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရဟု ဂျာမနီမှတ်ချက်ပြု

မြန်မာ့ပညာရေးကဏ္ဍ အလွန်ပြင်းထန်သည့်စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရဟု ဂျာမနီမှတ်ချက်ပြု

ပညာရေးသည် ဖွံ့ဖြိုးတိုးတက်မှု၊ ပြည့်စုံကြွယ်ဝမှုနှင့် ကျန်းမာရေးအတွက် အခြေခံဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လက်တလောတွင် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးက ယနေ့ ဇန်နဝါရီ၂၄ရက်တွင် ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၂၄ ရက်ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့ အဖြစ် သတ်မှတ်ထားရာယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာပညာရေးနေ့အတွက် ဂျာမနီသံရုံးက သတင်းစကားတစ်ရပ်ပါးခဲ့ခြင်းလည်းဖြစ်သည်။

ဂျာမနီနိုင်ငံသည် မြန်မာပြည်သူများကို ထောက်ပံ့ပေးရန်အတွက် အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာရေးကဏ္ဍများအပေါ် အစဉ်အဆက် အလေးပေးခဲ့ပြီး ဆက်လက်ထောက်ပံ့သွားရန်လည်း ကြိုးပမ်းသွားမည့်အပြင် German Academic Exchange Service (DAAD) အနေဖြင့်လည်း မြန်မာကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် သိပ္ပံပညာရှင်များကို ပံ့ပိုးပေးရန် ရေရှည်ခိုင်မာသည့် ကတိကဝတ်ထားရှိကြောင်းလည်း ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာပညာရေးနေ့တွင်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၆ရက်နေ့ကစပြီး နိုင်ငံအတွင်း ပြန်လည်ဖွင့်လှစ်လိုက်သည့် တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များသို့ ကျောင်းလာအပ်သူအရေအတွက် ၄၄၀၉ ဦးရှိခဲ့ပြီးလက်ရှိကျောင်းတက်နေသူမှာ ၂၂၈၁ဦးသာရှိနေ၍ စာရင်းရှိ ကျောင်းသား၊ကျောင်းသူ အရေအတွက်ဖြစ်သည့် ၁၉၇၄၀ဦး နှင့် နှိုင်းယှဉ်ပါက ၇၅ရာခိုင်နှုန်းကျော် ကျောင်းမတက်ဟု သိရသည်။

အလားတူ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်သည့် အခြေခံပညာကျောင်းများသို့ ကျောင်းအပ်သူ ၅ ဒသမ ၂ သန်းကျော်၊ကျောင်းတက်သူ ၄ ဒသမ ၂သန်းရှိပြီး ဇန်နဝါရီ ပထမအပါတ်အတွင်း ပညာသင်နှစ်ဝက်စာမေးပွဲသို့ ဖြေဆိုသူ ၄ ဒသမ ၁သန်းကျော်ရှိနေသည်ဟု သိရသည်။

Zaw Gyi

ျမန္မာ့ပညာေရးက႑ အလြန္ျပင္းထန္သည့္စိန္ေခၚမႈႏွင့္ရင္ဆိုင္ေနရဟု ဂ်ာမနီမွတ္ခ်က္ျပဳ

ပညာေရးသည္ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ျပည့္စုံႂကြယ္ဝမႈႏွင့္ က်န္းမာေရးအတြက္ အေျခခံျဖစ္ေသာ္လည္း ျမန္မာႏိုင္ငံ၏ ပညာေရးက႑သည္ လက္တေလာတြင္ အလြန္ျပင္းထန္သည့္ စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္ဟု ျမန္မာႏိုင္ငံဆိုင္ရာဂ်ာမနီသံ႐ုံးက ယေန႔ ဇန္နဝါရီ၂၄ရက္တြင္ ေျပာဆိုလိုက္သည္။

ဇန္နဝါရီလ ၂၄ ရက္ကို ကမာၻ႔ကုလသမဂၢ အေထြေထြညီလာခံက အျပည္ျပည္ဆိုင္ရာ ပညာေရးေန႔ အျဖစ္ သတ္မွတ္ထားရာယေန႔ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာပညာေရးေန႔အတြက္ ဂ်ာမနီသံ႐ုံးက သတင္းစကားတစ္ရပ္ပါးခဲ့ျခင္းလည္းျဖစ္သည္။

ဂ်ာမနီႏိုင္ငံသည္ ျမန္မာျပည္သူမ်ားကို ေထာက္ပံ့ေပးရန္အတြက္ အဆင့္ျမင့္ပညာေရးႏွင့္ အသက္ေမြးဝမ္းေၾကာင္း ပညာေရးက႑မ်ားအေပၚ အစဥ္အဆက္ အေလးေပးခဲ့ၿပီး ဆက္လက္ေထာက္ပံ့သြားရန္လည္း ႀကိဳးပမ္းသြားမည့္အျပင္ German Academic Exchange Service (DAAD) အေနျဖင့္လည္း ျမန္မာေက်ာင္းသားေက်ာင္းသူမ်ား၊ ဆရာဆရာမမ်ားႏွင့္ သိပၸံပညာရွင္မ်ားကို ပံ့ပိုးေပးရန္ ေရရွည္ခိုင္မာသည့္ ကတိကဝတ္ထားရွိေၾကာင္းလည္း ယေန႔ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာပညာေရးေန႔တြင္ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၂၂ခုႏွစ္ ဇန္နဝါရီ ၆ရက္ေန႔ကစၿပီး ႏိုင္ငံအတြင္း ျပန္လည္ဖြင့္လွစ္လိုက္သည့္ တကၠသိုလ္၊ဒီဂရီေကာလိပ္ႏွင့္ေကာလိပ္မ်ားသို႔ ေက်ာင္းလာအပ္သူအေရအတြက္ ၄၄၀၉ ဦးရွိခဲ့ၿပီးလက္ရွိေက်ာင္းတက္ေနသူမွာ ၂၂၈၁ဦးသာရွိေန၍ စာရင္းရွိ ေက်ာင္းသား၊ေက်ာင္းသူ အေရအတြက္ျဖစ္သည့္ ၁၉၇၄၀ဦး ႏွင့္ ႏႈိင္းယွဥ္ပါက ၇၅ရာခိုင္ႏႈန္းေက်ာ္ ေက်ာင္းမတက္ဟု သိရသည္။

အလားတူ ၂၀၂၁ခုႏွစ္ ႏိုဝင္ဘာလ ၁ရက္ေန႔က ျပန္လည္ဖြင့္လွစ္လိုက္သည့္ အေျခခံပညာေက်ာင္းမ်ားသို႔ ေက်ာင္းအပ္သူ ၅ ဒသမ ၂ သန္းေက်ာ္၊ေက်ာင္းတက္သူ ၄ ဒသမ ၂သန္းရွိၿပီး ဇန္နဝါရီ ပထမအပါတ္အတြင္း ပညာသင္ႏွစ္ဝက္စာေမးပြဲသို႔ ေျဖဆိုသူ ၄ ဒသမ ၁သန္းေက်ာ္ရွိေနသည္ဟု သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071