Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsကန့်သတ်ပစ္စည်းအချို့ကို မသယ်ရဟု အဝေးပြေးယာဉ်လိုင်းများအပေါ်...

ကန့်သတ်ပစ္စည်းအချို့ကို မသယ်ရဟု အဝေးပြေးယာဉ်လိုင်းများအပေါ် ညွှန်ကြားမှုမရှိသေး

ကန့်သတ်ပစ္စည်းအချို့ကို မသယ်ရဟု အဝေးပြေးယာဉ်လိုင်းများအပေါ် ညွှန်ကြားမှုမရှိသေး

ကန့်သတ်ပစ္စည်းအချို့တွေကို မသယ်ရဆိုပြီး အဝေးပြေးယာဉ်လိုင်းတွေအပေါ် ညွှန်ကြားလာတာ မရှိသေးတဲ့အကြောင်းနဲ့ ညွှန်ကြားချက်ရှိနေတယ်ဆိုတာကိုလည်း မသိရဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ – YRTC က သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေအပါအဝင် ပစ္စည်း ၁၉ မျိုးကို သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်ဆိုတဲ့သတင်းအပေါ် YRTC တာဝန်ရှိသူက လုံးဝမသိဘူးလို့ ဆိုပါတယ်။

“အဲဒါတော့ မသိဘူး။ကျွန်တော်တို့ကို မညွှန်ကြားဘူး”လို့ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ – YRTC ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။

လူမှုကွန်ရက်မှာတော့ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ကရင်၊ ကယား၊ ရခိုင် ၊ချင်းပြည်နယ်တွေကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေကို အကြောင်းကြားတယ်လို့ ရေးသားနေကြပါတယ်။

“ကျွန်တော်တို့ကို တော့ အဲလိုကန့်သတ်ပစ္စည်းစာရင်းနဲ့ ဂိတ်တွေကိုအကြောင်းကြားတဲ့စာမျိုးတော့ မလာပါဘူး၊အခု ဒီနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ထိ မရောက်လာသေးဘူး၊ကျွန်တော်တို့ ပုံမှန် စစ်ဆေးတာတွေက နဂိုကပဲ လုပ်နေတာ ရှိတယ်၊ကန့်သတ်ပစ္စည်းရယ်လို့တော့မဟုတ်ဘူး။ပါဆယ်ပို့တဲ့ ပစ္စည်းတွေ၊ခရီးသည်ရဲ့ ပစ္စည်းတွေကိုတော့ သေချာစစ်ပြီးမှ ကားမှာတင်တာပါ “လို့ အောင်မင်္ဂလာအဝေးပြေးဝင်းထဲက ရခိုင်ပြည်နယ်ကို ပြေးဆွဲနေတဲ့ယာဉ်လိုင်းပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

ထွက်ပေါ်နေတဲ့သတင်းအရ ကန့်သတ်ပစ္စည်းတွေကတော့ ဖုန်းနဲ့ဆက်စပ်ပစ္စည်း၊ စီစီတီဗွီ၊ဒရုန်း၊ ကင်မရာ၊ ဘက်ထရီနဲ့ ဓာတ်ခဲ ၊ မှန်ဘီလူး၊ မှန်ပြောင်း၊ လျှပ်စစ်မီးအိမ်နဲ့ ဓာတ်မီး၊ စကားပြောစက်၊ ဝိုင်ယာကြိုး၊ ရွှေထည်ပစ္စည်း၊ ကော်၊ စတီး နဲ့ သံထည်ပစ္စည်း၊ အက်ဆစ်၊ ယမ်းမှုန့်၊ ကျောက်တုံး၊ မီးသွေး၊ အဝတ်အထည်(အများအပြား)၊ အစားအသောက်အကြော်အလှော် (အများအပြား)နဲ့ ပြောက်ကျားတူညီဝတ်စုံတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ပ်တော့ကို နှစ်လုံးယူဆောင်ခွင့်ရှိပြီး နှစ်လုံးအထက်ကို မယူရလို့ ကန့်သတ်ထားတာ ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

“ဂိတ်တွေကို တရားဝင်လာပြောတာမျိုးလည်းမရှိသေးသေးဘူး။ ဒါပေမဲ့ ကိုယ့်အသိနဲ့ကိုယ်ပို့မယ့်ပစ္စည်းတွေကို ဖောက်စစ်ဆေးပါတယ်။ မူးယစ်ဆေးဝါးနဲ့ အခြားအန္တရာယ်ရှိပစ္စည်း တွေ ပါမှာစိုးလို့ ပါ၊ ဖုန်းပစ္စည်းတွေ တွေ့ရင်လည်း သေချာစစ်ဆေးပါတယ်။မင်္သကာစရာမျိုး တွေ့ပြီဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားပါတယ်”လို့ မြန်မာနိုင်ငံအလယ်ပိုင်းကိုပြေးဆွဲတဲ့ ခရီးသည်ယာဉ်လိုင်းတစ်ခုရဲ့ တာဝန်ရှိသူကပြောပါတယ်။

တနသ်ာရီတိုင်းရဲတပ်ဖွဲ့မှထိပ်တန်းတာဝန်ရှိသူက ၄င်းတို့ အနေနဲ့ ကန့်သတ်ပစ္စည်းအချို့ကို မသယ်ရဆိုတဲ့ ညွန်ကြားချက်မျိုး အဝေးပြေးယာဉ်လိုင်းများအပေါ် ညွှန်ကြားမှုမရှိပါဘူးလို့ပြောပါတယ်။

“ကိုယ်တို့တိုင်းမှာ အဲ့လိုညွန်ကြားမှုမရှိပါဘူး”လို့ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအုပ်ချုပ်မှုအောက်မှာရှိတဲ့ အောင်မင်္ဂလာအဝေးပြေးဝင်း နှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့အနေနဲ့ ပြီးခဲ့တဲ့ ကိုဗစ် ပထမလှိုင်းကာလကတည်းက ခရီးသွားပြည်သူတွေကို ကိုဗစ်ကာကွယ်ရေးပညာပေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း လွန်ခဲ့တဲ့ ၁၀ လ လောက်ကတည်းက ကားဝင်းလုံခြုံရေးကို စနစ်တကိ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

Zaw Gyi

နိုင်ငံတစ်ဝန်းငါးသားပေါက်ကောင်ရေ သိန်း ၃၃၀ ကျော် စိုက်ထည့်ထား

နေပြည်တော် ဇန်နဝါရီ ၂၂

ယခု ၂၀၂၁-၂၀၂၂ ခြောက်လတာ မီနီဘတ်ဂျတ်ကာလတွင် နိုင်ငံတစ်ဝန်း မြစ်ဖျား၊ ချောငါးဖျားနှင့် ဆညိ၊ တမံ၊ အင်းအိုင်များတွင် နှသ်လက်မအရွယ်ငါးသားပေါက် ကောင်ရေ သိန်း ၄၀၀ ကျော် စိုက်ထည့်သွားမည်ဖြစ်ရာ ယခု ဇန်နဝါရီလ တတိယပတ်အတွင်းထိ ငါးသားပေါက်ကောင်ရေ ၃၃၁ ဒသမ ၇၅၅ သိန်း ကို နိုင်ငံတသ်ဝန်းစိုက်ထည့်ထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယခု ခြောက်လတာ ဘတ်ဂျတ်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ မြစ်ဖျား၊ ချောင်းဖျားနှင့် ဆည်၊ တမံ၊ အင်းအိုင်များအတွင်း နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၄၀၄ ဒသမ ၈၃ သိန်း တို့ကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ဒေသခံပြည်သူများ ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရေး၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန်ပွားစေရေး၊ ငါးမျိုးစိုက်သောငါးသားပေါက်များ ရှင်သန်နှုန်းပိုမိုကောင်းမွန်စေရေးတို့အတွက် စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ထည့်ပေးလျက်ရှိရာ လက်ရှိချိန်ထိ နိုင်ငံတစ်ဝန်းတွင် ငါးသားပေါက်ကောင်ရေ ၃၃၁ သိန်းကျော် စိုက်ထည့်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

” လျာထားချက်ကို ဒီမတ်လကုန်ပိုင်းမှအပြီးစိုက်ထည့်နိုင်မယ်လို့လျာထားပါတယ်။ အခု ဇန်နဝါရီလ တတိယပတ်ထိကို ငါးသားပေါက်ကောင်ရေ ၃၃၁ ဒသမ ၇၅၅ သိန်း စိုက်ထည့်ပြီးပါပြီ ။ စိုက်ထည့်ဖို့ ကျန်တာက ကောင်ရေ ၇၄ ဒသမ ၇၇၅ သိန်းပဲ ကျန်ပါတော့တယ်” ဟု ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ထိ နိုင်ငံအတွင်းရှိ အင်းအိုင်၊ ချောင်း၊မြစ်နဲ့ ဆည်၊ တမံများတွင် ငါးသားပေါက်ကောင်ရေ ၁၀၆၅ ဒသမ ၇၀၇ သိန်းကို စိုက်ထည့် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071