Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsမြဝတီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုရပ်တန့်နေသဖြင့် စစ်ဘေးရှောင်အချို့...

မြဝတီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုရပ်တန့်နေသဖြင့် စစ်ဘေးရှောင်အချို့ နေအိမ်များသို့ပြန် လည်ရောက်ရှိလာ

(Unicode)

မြဝတီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုရပ်တန့်နေသဖြင့် စစ်ဘေးရှောင်အချို့ နေအိမ်များသို့ပြန် လည်ရောက်ရှိလာ

ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ကော့ကရိတ်မြို့ နယ်တို့အတွင်း နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ကြားတွင် ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလလယ်လောက်မှစ တင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထိုသို့ ဖြစ်ပွားခဲ့ရာမှ ဇန်နဝါရီလလယ်လောက်၌ တိုက်ပွဲဖြစ်ပွားမှုရပ်တန့်နေသဖြင့် စစ်ဘေးတိမ်း ရှောင်နေရသည့် ရွာသူ၊ရွာသားများသည် နေအိမ်များသို့ပြန်လည်ရောက်ရှိလာလျက်ရှိသည်။

တိုက်ပွဲစတင်ဖြစ်ပွားမှုမှာ မြဝတီမြို့နယ်၊လေးကေ့ကော်ဒေသမှစတင်ခဲ့ခြင်းဖြစ်ပြီး ကော့ကရိတ်မြို့နယ်အနီးတဝိုက်၌လည်း တိုက်ပွဲများဖြစ် ပွားခဲ့သဖြင့် တိုက်ပွဲများနှင့်လွတ်ကင်းရာ ထိုင်းနိုင်ငံဖက်ခြမ်းနှင့်ထိုင်း-မြန်မာနယ်စပ် သောင်ရင်း မြစ်ဘေးတစ်လျှောက်တော၊တောင်များအတွင်းသို့ ဒေသခံပြည်သူများစွာ စစ်ဘေးရှောင်များအ ဖြစ်တိမ်းရှောင်ခဲ့ကြရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာမှ ဇန်နဝါရီလလယ်ခန့်၌ တိုက်ပွဲဖြစ်ပွားမှုရပ်တန့်နေသဖြင့် လေးကေ့ကော် ၊ထီးမယ်ဝါးခီး၊မဲ့ထော်သလေး၊ပဟီက​လော်၊ရ​သေ့ဂူ၊ဖလူးကြီး၊ဖလူး​လေး၊အင်ကြင်မြိုင်နှင့် မင်းလက်ပံကျေးရွာများမှ ရွာသူ၊ရွာသားအချို့မှာ ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိနေ ထိုင်လျက်ရှိသည်။

“တစ်ရွာဆီက ရွာသူ၊ရွာသား သုံးပုံ ပုံတစ်ပုံလောက်တော့ပြန်ရောက်နေကြပြီ သူတို့အတွက်လိုအပ်တာတွေကိုတော့မေးပြီး နိုင်သလောက်ကူညီပေးနေတယ် အခုကတော့ သူတို့စားဖို့သောက်ဖို့အတွက်လိုအပ်တာက အဓိကဖြစ်နေတာပေါ့”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

Photo Credit-KNM

(Zawgyi)

ျမဝတီၿမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္ပြားမႈရပ္တန္႔ေနသျဖင့္ စစ္ေဘးေရွာင္အခ်ိဳ႕ ေနအိမ္မ်ားသို႔ျပန္ လည္ေရာက္ရွိလာ

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္၊ေကာ့ကရိတ္ၿမိဳ႕ နယ္တို႔အတြင္း နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)တို႔ၾကားတြင္ ၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာလလယ္ေလာက္မွစ တင္ကာ တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။

ထိုသို႔ ျဖစ္ပြားခဲ့ရာမွ ဇန္နဝါရီလလယ္ေလာက္၌ တိုက္ပြဲျဖစ္ပြားမႈရပ္တန္႔ေနသျဖင့္ စစ္ေဘးတိမ္း ေရွာင္ေနရသည့္ ႐ြာသူ၊႐ြာသားမ်ားသည္ ေနအိမ္မ်ားသို႔ျပန္လည္ေရာက္ရွိလာလ်က္ရွိသည္။

တိုက္ပြဲစတင္ျဖစ္ပြားမႈမွာ ျမဝတီၿမိဳ႕နယ္၊ေလးေက့ေကာ္ေဒသမွစတင္ခဲ့ျခင္းျဖစ္ၿပီး ေကာ့ကရိတ္ၿမိဳ႕နယ္အနီးတဝိုက္၌လည္း တိုက္ပြဲမ်ားျဖစ္ ပြားခဲ့သျဖင့္ တိုက္ပြဲမ်ားႏွင့္လြတ္ကင္းရာ ထိုင္းႏိုင္ငံဖက္ျခမ္းႏွင့္ထိုင္း-ျမန္မာနယ္စပ္ ေသာင္ရင္း ျမစ္ေဘးတစ္ေလွ်ာက္ေတာ၊ေတာင္မ်ားအတြင္းသို႔ ေဒသခံျပည္သူမ်ားစြာ စစ္ေဘးေရွာင္မ်ားအ ျဖစ္တိမ္းေရွာင္ခဲ့ၾကရသည္။

ထိုသို႔ တိုက္ပြဲျဖစ္ပြားရာမွ ဇန္နဝါရီလလယ္ခန္႔၌ တိုက္ပြဲျဖစ္ပြားမႈရပ္တန္႔ေနသျဖင့္ ေလးေက့ေကာ္ ၊ထီးမယ္ဝါးခီး၊မဲ့ေထာ္သေလး၊ပဟီက​ေလာ္၊ရ​ေသ့ဂူ၊ဖလူးႀကီး၊ဖလူး​ေလး၊အင္ၾကင္ၿမိဳင္ႏွင့္ မင္းလက္ပံေက်း႐ြာမ်ားမွ ႐ြာသူ၊႐ြာသားအခ်ိဳ႕မွာ ၎တို႔၏ေနအိမ္မ်ားသို႔ ျပန္လည္ေရာက္ရွိေန ထိုင္လ်က္ရွိသည္။

“တစ္႐ြာဆီက ႐ြာသူ၊႐ြာသား သုံးပုံ ပုံတစ္ပုံေလာက္ေတာ့ျပန္ေရာက္ေနၾကၿပီ သူတို႔အတြက္လိုအပ္တာေတြကိုေတာ့ေမးၿပီး ႏိုင္သေလာက္ကူညီေပးေနတယ္ အခုကေတာ့ သူတို႔စားဖို႔ေသာက္ဖို႔အတြက္လိုအပ္တာက အဓိကျဖစ္ေနတာေပါ့”ဟုစစ္ေဘးေရွာင္ကူညီသူတစ္ဦးကေျပာသည္။

Photo Credit-KNM

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071