Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsပုဒ်မ၅၉ (စ)ကို ပြင်ဆင်ရန်...

ပုဒ်မ၅၉ (စ)ကို ပြင်ဆင်ရန် မကြာခဏလာရောက်ညှိနှိုင်းမှုများရှိခဲ့ဟု နစကဥက္ကဋ္ဌပြောဆို

(Unicode)

ပုဒ်မ၅၉ (စ)ကို ပြင်ဆင်ရန် မကြာခဏလာရောက်ညှိနှိုင်းမှုများရှိခဲ့ဟု နစကဥက္ကဋ္ဌပြောဆို

NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်ပါဝင် သည့် ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်အတွက် မိမိထံသို့ မကြာခဏလာရောက် ညှိနှိုင်းမှု များဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုသည်။

မည်သူက လာရောက်ညှိနှိုင်းသည်ကိုမူ ထည့်သွင်းမပြောခဲ့ပေ။

တပ်မတော်အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၂၀၁၁ -၂၀၁၅ ကာလတွင် ဆောင်ရွက်ခဲ့သကဲ့သို့ ၂၀၁၅ -၂၀၂၀ ကာလတွင် လည်း ခေတ်ကာလနှင့်ကိုက်ညီအောင်ပြင်ဆင် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းများရှိကြောင်းလည်း နစကဥက္ကဋ္ဌကပြောဆိုခဲ့သည်။

(၂၀၀၈ ခုနှစ်)တွင်ပါဝင်သည့် ပုဒ်မ ၅၉(စ)အား ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းပြင်ဆင်ရန်ကြိုးပမ်းမှုရှိခဲ့သော်လည်း တပ်မတော်ဘက်က ကန့်ကွက်ခဲ့၍ ပြင်ဆင်မှုမပြုနိုင်ခြင်းများရှိခဲ့သည်။

နစကဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ၁၉၉၀ ပြည့်နှစ်ခန့်မှစတင်၍ အခြေတည်ခဲ့ ခြင်းဖြစ်သဖြင့် လတ်တလော အခြေအနေနှင့် ကိုက်ညီမှုမရှိနိုင်သည်များရှိသဖြင့် ပြင် ဆင်ရန်ရှိသည်များကို နားလည် သဘောပေါက်ကြောင်းလည်း သဘောထားမှတ်ချက်ပြုခဲ့သည်။

မိမိတို့သည် ဒီမို ကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုသွားနေခြင်း ဖြစ်ပြီး၊ ပြည်ထောင်စု ဟူသောစကားသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရွေးချယ် ခဲ့ခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့် အလေးထား အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်တွင်အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ထိခိုက်မှုမရှိပါကလက်ခံ ဆွေးနွေးသွားမည်ဟုလည်း ဖိတ်ခေါ်စကားဆိုခဲ့သည်။

(Zawgyi)

ပုဒ္မ၅၉ (စ)ကို ျပင္ဆင္ရန္ မၾကာခဏလာေရာက္ညႇိႏႈိင္းမႈမ်ားရွိခဲ့ဟု နစကဥကၠ႒ေျပာဆို

NLD အစိုးရလက္ထက္တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)တြင္ပါဝင္ သည့္ ပုဒ္မ ၅၉(စ) ကို ျပင္ဆင္ရန္အတြက္ မိမိထံသို႔ မၾကာခဏလာေရာက္ ညႇိႏႈိင္းမႈ မ်ားေဆာင္႐ြက္ခဲ့ေၾကာင္း နစကဥကၠ႒က ထုတ္ေဖာ္ေျပာဆိုသည္။

မည္သူက လာေရာက္ညႇိႏႈိင္းသည္ကိုမူ ထည့္သြင္းမေျပာခဲ့ေပ။

တပ္မေတာ္အေနျဖင့္ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး အတြက္ ၂၀၁၁ -၂၀၁၅ ကာလတြင္ ေဆာင္႐ြက္ခဲ့သကဲ့သို႔ ၂၀၁၅ -၂၀၂၀ ကာလတြင္ လည္း ေခတ္ကာလႏွင့္ကိုက္ညီေအာင္ျပင္ဆင္ ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ျခင္းမ်ားရွိေၾကာင္းလည္း နစကဥကၠ႒ကေျပာဆိုခဲ့သည္။

(၂၀၀၈ ခုႏွစ္)တြင္ပါဝင္သည့္ ပုဒ္မ ၅၉(စ)အား ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္တြင္ ထည့္သြင္းျပင္ဆင္ရန္ႀကိဳးပမ္းမႈရွိခဲ့ေသာ္လည္း တပ္မေတာ္ဘက္က ကန႔္ကြက္ခဲ့၍ ျပင္ဆင္မႈမျပဳႏိုင္ျခင္းမ်ားရွိခဲ့သည္။

နစကဥကၠ႒က ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)သည္ ၁၉၉၀ ျပည့္ႏွစ္ခန႔္မွစတင္၍ အေျခတည္ခဲ့ ျခင္းျဖစ္သျဖင့္ လတ္တေလာ အေျခအေနႏွင့္ ကိုက္ညီမႈမရွိႏိုင္သည္မ်ားရွိသျဖင့္ ျပင္ ဆင္ရန္ရွိသည္မ်ားကို နားလည္ သေဘာေပါက္ေၾကာင္းလည္း သေဘာထားမွတ္ခ်က္ျပဳခဲ့သည္။

မိမိတို႔သည္ ဒီမို ကေရစီႏွင့္ ဖက္ဒရယ္ စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုကိုသြားေနျခင္း ျဖစ္ၿပီး၊ ျပည္ေထာင္စု ဟူေသာစကားသည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုယ္တိုင္ေ႐ြးခ်ယ္ ခဲ့ျခင္းျဖစ္သျဖင့္ မိမိတို႔အေနျဖင့္ အေလးထား အေကာင္အထည္ေဖာ္ေနျခင္းျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ဆက္လက္ေျပာဆိုသည္။

ၿငိမ္းခ်မ္းေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ NCA ႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ အေပၚတြင္အေျခခံ၍ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ စနစ္ကို အေျခခံသည့္ ျပည္ေထာင္စု တည္ေဆာက္ေရးကို ထိခိုက္မႈမရွိပါကလက္ခံ ေဆြးေႏြးသြားမည္ဟုလည္း ဖိတ္ေခၚစကားဆိုခဲ့သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071