ရုရှားနိုင်ငံမှ လှူဒါန်းသည့် Sputnik Light ကိုဗစ် (၁၉)ရောဂါ ကာကွယ်ဆေးဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ်သုံးခုတွင်စတင်ထိုးနှံပေး

0
102

(Unicode)

ရုရှားနိုင်ငံမှ လှူဒါန်းသည့် Sputnik Light ကိုဗစ် (၁၉)ရောဂါ ကာကွယ်ဆေးဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ်သုံးခုတွင်စတင်ထိုးနှံပေး

ရန်ကုန်တိုင်းရှိ လှိုင်သာယာ၊ရွှေပြည်သာနှင့်အင်းစိန်မြို့နယ်တို့မှ လူဦးရေ ၄၀၅၀ ဦးအား ရုရှားနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်လှူဒါန်းသည့် Sputnik Light ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးဖြင့် ဇန်နဝါရီ ၁၉ ရက်တွင် ကျန်းမာရေးဝန် ကြီးဌာနက စတင်ထိုးနှံပေးခဲ့သည်။

Sputnik Light ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးသည် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း တစ်ဦးလျင် တစ်ကြိမ်သာထိုးနှံရန်လိုအပ်ပြီး ရောဂါကာကွယ်မှုနှုန်းကောင်းမွန်သည့် ကာကွယ်ဆေးဖြစ် သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေးလွှမ်းခြုံမှုအား အချိန်တိုအတွင်းမြင့်မားစွာရရှိစေနိုင်သည်။

Sputnik Light ကာကွယ်ဆေးများအား အအေးလမ်းကြောင်းမပြတ် သယ်ယူပို့ဆောင်ရန်နှင့် ကာကွယ်ဆေးထိုးနှံရန်သင့်လျော်သည့် ရန်ကုန် တိုင်းအပါအဝင် အခြားတိုင်းဒေသကြီးနှင့်ပြည် နယ်များရှိ ကာကွယ်ဆေးလွှမ်းခြုံမှုနည်းပါးသည့် မြို့နယ်များ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် သည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေးအကြိမ်ပြည်ပြည့်ထိုးနှံပြီးသူ ဇန်နဝါရီ ၁၈ ရက်အထိ ၁၇ ဒသမ ၈၆ သန်းရှိကာ တစ်ကြိမ်ထိုးနှံပြီးသူ ၃ ဒသမ ၆ သန်းရှိ၍ အကြိမ်ရေ ၃၉ ဒသမ ၄၈ သန်း doses ထိုးနှံပြီးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

(Zawgyi)

႐ုရွားႏိုင္ငံမွ လႉဒါန္းသည့္ Sputnik Light ကိုဗစ္ (၁၉)ေရာဂါ ကာကြယ္ေဆးျဖင့္ ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္သုံးခုတြင္စတင္ထိုးႏွံေပး

ရန္ကုန္တိုင္းရွိ လႈိင္သာယာ၊ေ႐ႊျပည္သာႏွင့္အင္းစိန္ၿမိဳ႕နယ္တို႔မွ လူဦးေရ ၄၀၅၀ ဦးအား ႐ုရွားႏိုင္ငံမွ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအထိမ္းအမွတ္လႉဒါန္းသည့္ Sputnik Light ကိုဗစ္(၁၉)ေရာဂါကာကြယ္ ေဆးျဖင့္ ဇန္နဝါရီ ၁၉ ရက္တြင္ က်န္းမာေရးဝန္ ႀကီးဌာနက စတင္ထိုးႏွံေပးခဲ့သည္။

Sputnik Light ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးသည္ အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူတိုင္း တစ္ဦးလ်င္ တစ္ႀကိမ္သာထိုးႏွံရန္လိုအပ္ၿပီး ေရာဂါကာကြယ္မႈႏႈန္းေကာင္းမြန္သည့္ ကာကြယ္ေဆးျဖစ္ သည္ဟု က်န္းမာေရးဝန္ႀကီးဌာနမွ သိရသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏ ကိုဗစ္(၁၉)ေရာဂါကာ ကြယ္ေဆးလႊမ္းၿခဳံမႈအား အခ်ိန္တိုအတြင္းျမင့္မားစြာရရွိေစႏိုင္သည္။

Sputnik Light ကာကြယ္ေဆးမ်ားအား အေအးလမ္းေၾကာင္းမျပတ္ သယ္ယူပို႔ေဆာင္ရန္ႏွင့္ ကာကြယ္ေဆးထိုးႏွံရန္သင့္ေလ်ာ္သည့္ ရန္ကုန္ တိုင္းအပါအဝင္ အျခားတိုင္းေဒသႀကီးႏွင့္ျပည္ နယ္မ်ားရွိ ကာကြယ္ေဆးလႊမ္းၿခဳံမႈနည္းပါးသည့္ ၿမိဳ႕နယ္မ်ား၌ ဆက္လက္ထိုးႏွံေပးသြားမည္ျဖစ္ သည္။

ျမန္မာႏိုင္ငံတစ္ဝွမ္းတြင္ ကိုဗစ္(၁၉)ေရာဂါကာ ကြယ္ေဆးအႀကိမ္ျပည္ျပည့္ထိုးႏွံၿပီးသူ ဇန္နဝါရီ ၁၈ ရက္အထိ ၁၇ ဒသမ ၈၆ သန္းရွိကာ တစ္ႀကိမ္ထိုးႏွံၿပီးသူ ၃ ဒသမ ၆ သန္းရွိ၍ အႀကိမ္ေရ ၃၉ ဒသမ ၄၈ သန္း doses ထိုးႏွံၿပီးျဖစ္သည္ဟု က်န္းမာေရးဝန္ႀကီးဌာနမွ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here