Friday, August 7, 2026

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉...

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ...

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ...

သြဂုတ် ၁၂ ရက်မှ ၁၇...

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌...
HomeNewsLocal Newsနေပြည်တော်ပြည်တော်စုနယ်မြေတွင် ဆိုလာစနစ်မြေအောက်ရေတင် ဖြည့်စွက်စိုက်ပျိုးရေသွင်းစနစ်ဖြင့်...

နေပြည်တော်ပြည်တော်စုနယ်မြေတွင် ဆိုလာစနစ်မြေအောက်ရေတင် ဖြည့်စွက်စိုက်ပျိုးရေသွင်းစနစ်ဖြင့် အကျိုးပြုစိုက်ဧက ၂၀ ကို ရေသွင်းစိုက်ပျိုးနေ

(Unicode)

နေပြည်တော်ပြည်တော်စုနယ်မြေတွင် ဆိုလာစနစ်မြေအောက်ရေတင် ဖြည့်စွက်စိုက်ပျိုးရေသွင်းစနစ်ဖြင့် အကျိုးပြုစိုက်ဧက ၂၀ ကို ရေသွင်းစိုက်ပျိုးနေ

နေပြည်တော် ဇန်နဝါရီ ၁၇

နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် ဆိုလာစနစ်မြေအောက်ရေတင် ဖြည့်စွက်စိုက်ပျိုးရေသွင်း စနစ်ဖြင့် တောင်သူအကျိုးပြုစိုက်ဧက ၂၀ ကို ရေသွင်းစိုက်ပျိုးမှုများ ပထမဆုံးအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာရှိ စိုက်ဧက ၂၀ အတွက် ဆိုလာစွမ်းအင်သုံး မြေအောက်ရေတင် ဖြည့်စွက်စိုက်ပျိုးရေပေးဝေမှုကို ၂၀၂၀ ခုနှစ်၊ ဇွန်လပိုင်းမှစတင်၍ Solar Pump များတပ်ဆင်ကာ အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် မြေအောက်ရေတွင်း (၂) တွင်းကို တပ်ဆင်ပြီးစီးကာ ဖြည့်စွက်စိုက်ပျိုးရေများပေးဝေစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

“ နေပြည်တော်ပြည်ထောင်စုနယ်မြေမှာက ပထမဆုံး ဆိုလာစနစ်မြေအောက်ရေတင်ကို အခုလက်ရှိ တွင်းနှစ်တွင်းမှာ စတင်ဆောင်ရွက်နေပါတယ်။ ရေစတင်ပေးဝေစိုက်ပျိုးနေတာက တစ်နှစ်က နိုဝင်ဘာလလောက်မှ စပြီးဆောင်ရွက်တာပါ။ မိုးစပါးတစ်ရာသီစိုက်ပြီးပါပြီ။ အခုက မတ်ပဲတွေကျဲထားကြပါတယ်။ နေပြည်တော်မှာက တွင်း (၅)တွင်း နဲ့ ဖြည့်စွက်စိုက်ပျိုးရေပေးဝေဖို့ စီစဉ်ထားတာပါ။ အခုက ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး တွင်း (၂) တွင်းပဲ စတင်အကောင်ထည်ဖော် ထားပါတယ်” ဟု ပြည်ထောင်စုနယ်မြေ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)ကတာဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော်တွင် မြေအောက်ရေတွင်း(၅)တွင်းမှ အကျိုးပြုစိုက်ဧက ၅၀ အတွက် ဆိုလာရေတင် စနစ်ဖြင့် ဖြည့်စွက်စိုက်ပျိုးရေများပေးဝေနိုင်ရန်လျာထားပြီး လက်ရှိတွင် တွင်း(၂)တွင်းသာ အကောင်ထည်ဖော် ဆောင်ရွက်ရသေးပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ကျန်စိုက်ဧကများအတွက် ကျန်ရှိနေသေးသည့် မြေအောက်ရေတွင်းများကိုလည်း ဆက်လက်အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“ အရင်နှစ်တွေကတော့ အဝီစိတွင်းတူးထားပြီး စက်နဲ့ရေစုပ်တင်ပြီး ရေသွင်းစိုက်ရတာပေါ့။ ရေရအောင်က။ အခုတော့ ဆိုလာစနစ်နဲ့ ရေသွင်းလို့ရနေတော့ အရင်ကလို ဒီဇယ်ဆီဖိုး၊ ရေတင်စရိတ်တွေ နှစ်သိန်း၊ သုံးသိန်းလောက်သက်သာသွားတာပေါ့။ ပြီးတော့ ရေတင်လို့ရတဲ့အခြေ အနေပေါ်မူတည်ပြီး အရင်က မိုးစပါးပြီးရင်မတ်ပဲ ပဲကျဲထားရတာကနေ ရေပေါရင်ပေါသလို နောက်ထပ်စပါး ထပ်စိုက်လို့ရမယ်ဆိုတော့ ကျွန်တော်တို့လို တောင်သူတွေအတွက် ပိုပြီးအဆင်ပြေတာပေါ့” ဟု ကူသပိတ်ကျေးရွာမှ တောင်သူဦးလှဝင်းက ပြောသည်။

(Zawgyi)

ေနျပည္ေတာ္ျပည္ေတာ္စုနယ္ေျမတြင္ ဆိုလာစနစ္ေျမေအာက္ေရတင္ ျဖည့္စြက္စိုက္ပ်ိဳးေရသြင္းစနစ္ျဖင့္ အက်ိဳးျပဳစိုက္ဧက ၂၀ ကို ေရသြင္းစိုက္ပ်ိဳးေန

ေနျပည္ေတာ္ ဇန္နဝါရီ ၁၇

ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမတြင္ ဆိုလာစနစ္ေျမေအာက္ေရတင္ ျဖည့္စြက္စိုက္ပ်ိဳးေရသြင္း စနစ္ျဖင့္ ေတာင္သူအက်ိဳးျပဳစိုက္ဧက ၂၀ ကို ေရသြင္းစိုက္ပ်ိဳးမႈမ်ား ပထမဆုံးအေနျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဆည္ေျမာင္းႏွင့္ေရအသုံးခ်မႈစီမံခန႔္ခြဲေရးဦးစီးဌာနမွ သိရသည္။

ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမ၊ လယ္ေဝးၿမိဳ႕နယ္၊ ကူသပိတ္ေက်း႐ြာရွိ စိုက္ဧက ၂၀ အတြက္ ဆိုလာစြမ္းအင္သုံး ေျမေအာက္ေရတင္ ျဖည့္စြက္စိုက္ပ်ိဳးေရေပးေဝမႈကို ၂၀၂၀ ခုႏွစ္၊ ဇြန္လပိုင္းမွစတင္၍ Solar Pump မ်ားတပ္ဆင္ကာ အေကာင္ထည္ေဖာ္ေဆာင္႐ြက္ခဲ့ၿပီး လက္ရွိတြင္ ေျမေအာက္ေရတြင္း (၂) တြင္းကို တပ္ဆင္ၿပီးစီးကာ ျဖည့္စြက္စိုက္ပ်ိဳးေရမ်ားေပးေဝစိုက္ပ်ိဳးလ်က္ရွိေၾကာင္း သိရသည္။

“ ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမမွာက ပထမဆုံး ဆိုလာစနစ္ေျမေအာက္ေရတင္ကို အခုလက္ရွိ တြင္းႏွစ္တြင္းမွာ စတင္ေဆာင္႐ြက္ေနပါတယ္။ ေရစတင္ေပးေဝစိုက္ပ်ိဳးေနတာက တစ္ႏွစ္က ႏိုဝင္ဘာလေလာက္မွ စၿပီးေဆာင္႐ြက္တာပါ။ မိုးစပါးတစ္ရာသီစိုက္ၿပီးပါၿပီ။ အခုက မတ္ပဲေတြက်ဲထားၾကပါတယ္။ ေနျပည္ေတာ္မွာက တြင္း (၅)တြင္း နဲ႔ ျဖည့္စြက္စိုက္ပ်ိဳးေရေပးေဝဖို႔ စီစဥ္ထားတာပါ။ အခုက ဘ႑ာေငြရရွိမႈအေပၚမူတည္ၿပီး တြင္း (၂) တြင္းပဲ စတင္အေကာင္ထည္ေဖာ္ ထားပါတယ္” ဟု ျပည္ေထာင္စုနယ္ေျမ၊ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန႔္ခြဲေရးဦးစီးဌာန (ေရအရင္းအျမစ္)ကတာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေနျပည္ေတာ္တြင္ ေျမေအာက္ေရတြင္း(၅)တြင္းမွ အက်ိဳးျပဳစိုက္ဧက ၅၀ အတြက္ ဆိုလာေရတင္ စနစ္ျဖင့္ ျဖည့္စြက္စိုက္ပ်ိဳးေရမ်ားေပးေဝႏိုင္ရန္လ်ာထားၿပီး လက္ရွိတြင္ တြင္း(၂)တြင္းသာ အေကာင္ထည္ေဖာ္ ေဆာင္႐ြက္ရေသးၿပီး ဘ႑ာေငြရရွိမႈအေပၚမူတည္၍ က်န္စိုက္ဧကမ်ားအတြက္ က်န္ရွိေနေသးသည့္ ေျမေအာက္ေရတြင္းမ်ားကိုလည္း ဆက္လက္အေကာင္ထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ အရင္ႏွစ္ေတြကေတာ့ အဝီစိတြင္းတူးထားၿပီး စက္နဲ႔ေရစုပ္တင္ၿပီး ေရသြင္းစိုက္ရတာေပါ့။ ေရရေအာင္က။ အခုေတာ့ ဆိုလာစနစ္နဲ႔ ေရသြင္းလို႔ရေနေတာ့ အရင္ကလို ဒီဇယ္ဆီဖိုး၊ ေရတင္စရိတ္ေတြ ႏွစ္သိန္း၊ သုံးသိန္းေလာက္သက္သာသြားတာေပါ့။ ၿပီးေတာ့ ေရတင္လို႔ရတဲ့အေျခ အေနေပၚမူတည္ၿပီး အရင္က မိုးစပါးၿပီးရင္မတ္ပဲ ပဲက်ဲထားရတာကေန ေရေပါရင္ေပါသလို ေနာက္ထပ္စပါး ထပ္စိုက္လို႔ရမယ္ဆိုေတာ့ ကြၽန္ေတာ္တို႔လို ေတာင္သူေတြအတြက္ ပိုၿပီးအဆင္ေျပတာေပါ့” ဟု ကူသပိတ္ေက်း႐ြာမွ ေတာင္သူဦးလွဝင္းက ေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071