Thursday, August 6, 2026

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ကို ကြိုဆိုအသိအမှတ်ပြုဟု...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ဖြစ်၍ ကြိုဆိုအသိအမှတ်ပြုသည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊...

မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသည် အာဆီယံနှင့် အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုများကို...

ယနေ့ ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်သီးသန့်တွေ့ဆုံမှုအပြီး မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံ၏...

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက်ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံမူလအခြေအနေအတိုင်း...

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက်ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံမူလအခြေအနေအတိုင်း ပြန်လည်ပါဝင်နိုင်ရေးကိုလိုလားသည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ကပြောသည်။ ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းက...

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ...

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း...
HomeNewsLocal Newsထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်မှုနဲ့ မြန်မာအလုပ်သမား...

ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်မှုနဲ့ မြန်မာအလုပ်သမား (၁၈) ယောက် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်မှုနဲ့ မြန်မာအလုပ်သမား (၁၈) ယောက် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား (၁၈)ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီလ (၁၄) ရက်နေ့ ကထုတ်ပြန်ခဲ့ပါတယ်။

သတင်းအရ ထိုင်းနိုင်ငံ ဝမ်ကျောင့်မြို့မရဲစခန်းမှ အာဏာပိုင်တပ်ဖွဲ့တွေဟာ ဒေသတောအတွင်းမှာ ပုန်း အောင်းနေတဲ့ တရားမဝင် ဝင်ရောက်လာတဲ့ အလုပ်သမား (၁၈)ယောက် ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ဆေး တွေ့ရှိ့ချက်အရ ပွဲစားကြေး သောင်းဂဏန်းပေးရပြီး သဘာဝလမ်းကြောင်းကနေ ဝင်ရောက်လာကာ တော အတွင်းမှာ (၄)ရက်နဲ့ (၄)ည အစာငတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၁၃ရက်၊ ၂၀၂၂ ခုနှစ် ညနေ ၆ နာရီအချိန်က ဝမ်းကျောင့်မြို့မရဲစခန်းမှ ရဲမှူးကြီး Mr.Wasan Sirikankomol ကို အုပ်စု ၅၊ နာဘို့ကျေးရွာ၊ ဝမ်ကျောင့်မြို့နယ်၊ တာ့ခရိုင်ရှိ ငှက်ပျောတောမှာ တရားမဝင် ဝင်‌ရောက်လာတဲ့ အလုပ်သမားတွေ ပုန်းအောင်းနေတယ်လို့ တိုင်ကြားလာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့တကွ အုပ်ချုပ်ရေးအပိုင်းက တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။

ဒီလိုစစ်ဆေးရာမှာ ရွာနောက်ဖက်ရှိ ငှက်ပျောတောကို အာဏာပိုင်တွေက ရောက်ရောက်ခြင်း တပ်အင်အား ခွဲကာ ဝင်ရောက်ဖမ်းဆီးချိန်မှာဘဲ အာဏာပိုင်တွေလာရောက်ဖမ်းဆီးမှုကိုမြင်တွေ့တာကြောင့် တရားမဝင် အလုပ်သမား​တွေဟာ တစ်ယောက်တစ်လမ်းစီထွက်ပြေးကုန်တာ​ကြောင့် (၁၈)ယောက်ကိုသာ ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေအရ ဆောင်ရွက်ဖို့ ဝမ်ကျောင့်မြို့မ ရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းတွေ့ရှိချက်အရ ဖမ်းဆီးခံရတဲ့ အလုပ်သမားများစုမှာ ထိုင်းစကားပြောဆိုနိုင်ပြီး ဖမ်းဆီးရမိတဲ့ အလုပ် သမား တစ်ယောက်က “သူနှင့် သူရဲ့အမျိုးသမီးဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပွဲစားကို ထိုင်းနိုင်ငံ သွားလို တာကြောင့် ဆက်သွယ်ပြီး တစ်ယောက် ကို ဘတ် (၂၃,၀၀၀) ဖြင့် နှစ်ဦးပေါင်း ဘတ် (၄၆,၀၀၀) ပွဲစားခပေး လိုက်ရပြီး၊ တခြားသောသူတွေလည်း ပွဲစားတွေ အခကြေးငွေတောင်းသည့်အတိုင်း ပေးချေရပြီး အားလုံး ဘတ် ( ၁၇,၀၀၀)ထက်မနည်း​ပေးရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခြင်းက​နေ လွတ်​​မြောက်သွားတဲ့သူ​တွေကို ရဲတပ်ဖွဲ့၊ ရွာသူကြီး၊ ရပ်ရွာလုံခြုံရေး အဖွဲ့နဲ့ ပူးပေါင်းကာ လိုက်လံရှာဖွေဖမ်းဆီးမှာဖြစ်လို့ ရွာဒေသခံတွေအနေနဲ့ နား၊ မျက်စိဖွင့် နေထိုင်ဖို့နဲ့ သူစိမ်းလူတွေ့ရှိပါက အာဏာပိုင်ထံ အသိပေးအကြောင်းကြားရန် မှာကြားထားတယ်လို့ သိရပါတယ်။

Zaw Gyi

၂၀၂၀ အမျိုးသားစာပေဆုရှင် ဆရာမခြူးပွင့်နှင့် တွေ့ဆုံခြင်း








Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071