လုံခြုံရေးအခြေအနေအရ ဆင်းကတ်များအား ကန့်သတ်ခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
73

လုံခြုံရေးအခြေအနေအရ ဆင်းကတ်များအားကန့်သတ်ခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဆင်းကတ်ဝယ်ယူမှုများအား စျေးနှုန်းတိုးမြှင့်လိုက်ခြင်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်၌ပြုလုပ်သည့် နစက ၏(၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“လုံခြုံရေးအခြေအနေအရပြောရမယ်ဆိုရင် မြန် မာနိုင်ငံမှာလို ဆင်းကတ်ကို ဘယ်နိုင်ငံမှာမှလွယ်လွယ်ကူကူဝယ်လို့မရဘူး အခု ဆင်းကတ်တွေနဲ့ဗုံးခွဲတယ် ကီးပတ်ဖုန်းတွေနဲ့ဗုံးခွဲတယ် ဒါ့ကြောင့်ကန့်သတ်ရခြင်းဖြစ်ပါတယ်”ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့အတူ ဆင်းကတ်များအားဝယ်ယူပြီးနောက် ရာဇဝတ်မှုကျူးလွန်ခြင်းများအပြင် တလွဲအသုံးပြုမှုများလည်းရှိနေကြောင်းပြောသည်။

ရာဇဝတ်မှုကျူးလွန်တာတွေကိုလျော့ချနိုင်စေရန်နှင့် အင်တာနက်အလွန်အကျွံအသုံးပြုမှုကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ လျှော့ချနိုင်ရန် ဆင်းကတ်အသုံးပြုမှုများအား ကန့်သတ်ခြင်းဖြစ်သည်ဟုပြောသည်။

“ပြည်သူလူထုကိုဖိနှိပ်ဖို့ အကျပ်အတည်းဖြစ်ဖို့ လုပ်တာမဟုတ်ဘဲ လုံခြုံရေးအရကန့်သတ်ရခြင်းဖြစ်ပါတယ်”ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြော သည်။

ထို့ပြင် ပညာရေးနှင့်ကျန်းမာရေးလုပ်ငန်းများ၌ အင်တာနက်အသုံးပြုမှုများအဆင်ပြေစေရန် သတ်မှတ်ထားသည့် အင်တာနက်အခွန်များအား လျော့ပေါ့ပေးသွားရန် လုပ်ဆောင်လျက်ရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

Zaw Gyi


ဆင်းကတ်ဝယ်ယူမှုများအား ဈေးနှုန်းတိုးမြှင့်လိုက်ခြင်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်၌ပြုလုပ်သည့် နစက ၏(၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။







LEAVE A REPLY

Please enter your comment!
Please enter your name here