Thursday, August 6, 2026

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို...

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က...

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My...

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း...
HomeNewsLocal Newsရန်ကုန်မြစ်တွင်း စက်တပ်သမ္ဗန်တစ်စီးထပ်မံတိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန်မြစ်တွင်း စက်တပ်သမ္ဗန်တစ်စီးထပ်မံတိမ်းမှောက်မှုဖြစ်ပွား

(Unicode)

ရန်ကုန်မြစ်တွင်း စက်တပ်သမ္ဗန်တစ်စီးထပ်မံတိမ်းမှောက်မှုဖြစ်ပွား

ဒလမြို့နယ်ဘက်ခြမ်းရှိ သမ္မတကမ်းခြေစက်တပ်သမ္ဗန်ကူးတို့ဆိပ် နှင့် ရန်ကုန်ဘက်ခြမ်းရှိ ဗိုလ်တစ်ထောင်ဆိပ်ကမ်းတို့သို ပြေးဆွဲပေးနေသော ရေယာဉ်မောင်းသူအပါအဝင် အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၁ ဦး လိုက်ပါလာခဲ့သည့် စက်တပ်သမ္ဗန်တစ်စီး ယနေ့ ဇန်နဝါရီ ၁၂ရက် နံနက် ၇ နာရီ ၄၀ မိနစ်က နစ်မြှပ်မှုဖြစ်ပွားခဲ့သည်။

“မနက်က ဖြစ်တာ၊ မြစ်လယ်မှာ ငါးဖမ်းပိုက်နဲ့ စက်လှေ ပန်ကာ ငြိနေတာကို ရှင်းနေတဲ့အချိန်မှာ အရှိန်နဲ့မောင်းလာတဲ့တွဲသင်္ဘောက တိုက်မိတာ”ဟု ဒလမြို့နယ် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

အဆိုပါ သမ္ဗန်သည် ရန်ကုန်မြစ်အလယ်သို့အရောက် ငါးဖမ်း မျှောပိုက် နှင့် ပန်ကာညှိသွားခဲ့ရာ ဖယ်ရှားရှင်းလင်းနေစဉ် အနောက်မှ အရှေ့သို့ မောင်းနှင်လာသော တွဲရေယာဉ် တစ်စီးက ပွတ်တိုက်သွား၍ နစ်မြှပ်သွားခဲ့ခြင်းဖြစ်သည်။

တိုက်သွားသည့် တွဲရေယာဉ်ကို ခရီးသည်များနှင့် သမ္ဗန်ရေယာဉ်မောင်းသူတို့မှ လက်ပြတားသော်လည်း အရှိန်များမှုနှင့် အချိန်မမီလိုက်မှုကြောင့် ပွတ်တိုက်မှုဖြစ်၍ သမ္ဗန်ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခရီးသည်အားလုံးနီးပါး တွဲရေယာဉ်အောက်သို့ ရောက်ရှိသွားသော်လည်း ဝိုင်းဝန်းကယ်ဆယ်နိုင်မှုကြောင့် ခရီးသည်များအားလုံး အသက်ရှင်လျက် အချိန်မီ ကယ်တင်နိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း မှော်စက်စက်တပ်သမ္ဗန်ကူးတို့ဆိပ်နှင့် မော်တင်ဆိပ်ကမ်းဘက်သို့ ပြေးဆွဲသည့် စက်တပ် သမ္ဗန်တစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် တစ်ဦး နစ်မြုပ် သေဆုံးမှုဖြစ်ပွားခဲ့သေးသည်။

ပုံစာ ။ ။ ရန်ကုန် _ ဒလ ​​ပြေးဆွဲ​နေ​သော စက်တပ်သမ္ဗာန်များ ။

(Zawgyi)

ရန္ကုန္ျမစ္တြင္း စက္တပ္သမၺန္တစ္စီးထပ္မံတိမ္းေမွာက္မႈျဖစ္ပြား

ဒလၿမိဳ႕နယ္ဘက္ျခမ္းရွိ သမၼတကမ္းေျခစက္တပ္သမၺန္ကူးတို႔ဆိပ္ ႏွင့္ ရန္ကုန္ဘက္ျခမ္းရွိ ဗိုလ္တစ္ေထာင္ဆိပ္ကမ္းတို႔သို ေျပးဆြဲေပးေနေသာ ေရယာဥ္ေမာင္းသူအပါအဝင္ အမ်ိဳးသား ၇ ဦး ႏွင့္ အမ်ိဳးသမီး ၄ ဦး၊ စုစုေပါင္း ၁၁ ဦး လိုက္ပါလာခဲ့သည့္ စက္တပ္သမၺန္တစ္စီး ယေန႔ ဇန္နဝါရီ ၁၂ရက္ နံနက္ ၇ နာရီ ၄၀ မိနစ္က နစ္ျမႇပ္မႈျဖစ္ပြားခဲ့သည္။

“မနက္က ျဖစ္တာ၊ ျမစ္လယ္မွာ ငါးဖမ္းပိုက္နဲ႔ စက္ေလွ ပန္ကာ ၿငိေနတာကို ရွင္းေနတဲ့အခ်ိန္မွာ အရွိန္နဲ႔ေမာင္းလာတဲ့တြဲသေဘၤာက တိုက္မိတာ”ဟု ဒလၿမိဳ႕နယ္ ျပန္ၾကားေရးတာဝန္ရွိသူက ေျပာသည္။

အဆိုပါ သမၺန္သည္ ရန္ကုန္ျမစ္အလယ္သို႔အေရာက္ ငါးဖမ္း ေမွ်ာပိုက္ ႏွင့္ ပန္ကာညႇိသြားခဲ့ရာ ဖယ္ရွားရွင္းလင္းေနစဥ္ အေနာက္မွ အေရွ႕သို႔ ေမာင္းႏွင္လာေသာ တြဲေရယာဥ္ တစ္စီးက ပြတ္တိုက္သြား၍ နစ္ျမႇပ္သြားခဲ့ျခင္းျဖစ္သည္။

တိုက္သြားသည့္ တြဲေရယာဥ္ကို ခရီးသည္မ်ားႏွင့္ သမၺန္ေရယာဥ္ေမာင္းသူတို႔မွ လက္ျပတားေသာ္လည္း အရွိန္မ်ားမႈႏွင့္ အခ်ိန္မမီလိုက္မႈေၾကာင့္ ပြတ္တိုက္မႈျဖစ္၍ သမၺန္ေရယာဥ္နစ္ျမဳပ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ခရီးသည္အားလုံးနီးပါး တြဲေရယာဥ္ေအာက္သို႔ ေရာက္ရွိသြားေသာ္လည္း ဝိုင္းဝန္းကယ္ဆယ္ႏိုင္မႈေၾကာင့္ ခရီးသည္မ်ားအားလုံး အသက္ရွင္လ်က္ အခ်ိန္မီ ကယ္တင္ႏိုင္ခဲ့သည္။

ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္ေန႔ကလည္း ေမွာ္စက္စက္တပ္သမၺန္ကူးတို႔ဆိပ္ႏွင့္ ေမာ္တင္ဆိပ္ကမ္းဘက္သို႔ ေျပးဆြဲသည့္ စက္တပ္ သမၺန္တစ္စီး တိမ္းေမွာက္မႈေၾကာင့္ ခရီးသည္ တစ္ဦး နစ္ျမဳပ္ ေသဆုံးမႈျဖစ္ပြားခဲ့ေသးသည္။

ပုံစာ ။ ။ ရန္ကုန္ _ ဒလ ​​ေျပးဆြဲ​ေန​ေသာ စက္တပ္သမၺာန္မ်ား ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071