Thursday, August 6, 2026

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို...

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က...

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My...

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း...
HomeNewsLocal Newsစစ်ကိုင်းတိုင်းနှင့်မွန်ပြည်နယ်တို့တွင် လေယာဉ်ကွင်းတစ်ခုစီထပ်မံတိုးချဲ့ရန် စီစဉ်

စစ်ကိုင်းတိုင်းနှင့်မွန်ပြည်နယ်တို့တွင် လေယာဉ်ကွင်းတစ်ခုစီထပ်မံတိုးချဲ့ရန် စီစဉ်

(Unicode)

စစ်ကိုင်းတိုင်းနှင့်မွန်ပြည်နယ်တို့တွင် လေယာဉ်ကွင်းတစ်ခုစီထပ်မံတိုးချဲ့ရန် စီစဉ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာမြို့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ အနီးတွင် လေယာဉ်ကွင်းအသစ်များ ထပ်မံတိုးချဲ့သွားရန်ရှိရာ ယင်းကိစ္စနှင့် ပတ်သတ်ပြီး နစကက တည်ဆောက်ရေးစီမံကိန်းအကောင်အထည်ဖော်ရေးကြီးကြပ်မှုဗဟိုကော်မတီများကို အသီးသီးဖွဲ့စည်းလိုက်ပြီဟု သက်ဆိုင်ရာဝန်ကြီးဌာနများမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးကသာမြို့အနီးတွင် တည်ဆောက်​သော လေယာဉ်ကွင်းအသစ်တစ်ခုအတွက် ကော်မတီတစ်ခုကို နစကပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်၁၁ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာလက ဖွဲ့စည်းတာဝန်ပေးခဲ့ပြီးဖြစ်ကာကော်မတီသည် စီမံကိန်း၏ လျာထားလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ်သောမူဝါဒများချမှတ်ခြင်း၊လိုအပ်သောမြေသိမ်းဆည်းရေးဆိုင်ရာကိစ္စ၊လိုအပ်သောလျှပ်စစ်မီးရရှိရေးကိစ္စ၊ လိုအပ်သောရေရရှိရေးကိစ္စ၊ ချဉ်းကပ်လမ်းများနှင့် အခြားလမ်းပိုင်းဆိုင်ရာ ဆက်စပ်တည်ဆောက်ရေးကိစ္စ၊လိုအပ်သောဘဏ္ဍာငွေလျာထားရရှိနိုင်ရေးကိစ္စ စသည်တို့ကို ဆောင်ရွက်ကြမည်ဟု သိရှိရသည်။

အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင်လည်း နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်တစ်ခု၊လေယာဉ်ကွင်းအသစ်တို့ကို အကောင်အထည်ဖော်မည်ဖြစ်ရာ ထို့အတွက် ကော်မတီတစ်ခုကို နစကပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့ဝင် ၁၂ဦးတို့အား တာဝန်ပေးထားပြီးဖြစ်သည်ဟု သိရှိရသည်။

(Zawgyi)





Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071