Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeNewsLocal NewsCB ဘဏ်၏ တိုကင်ယူရန်မလိုဘဲ...

CB ဘဏ်၏ တိုကင်ယူရန်မလိုဘဲ ငွေသားထုတ် ယူနိုင်မည့် ဘဏ်ခွဲများထပ်တိုး

(Unicode)

CB ဘဏ်၏ တိုကင်ယူရန်မလိုဘဲ ငွေသားထုတ် ယူနိုင်မည့် ဘဏ်ခွဲများထပ်တိုး

CB ဘဏ်တွင် ငွေသားထုတ်ယူရာ၌အဆင်ပြေစေရေးအတွက် တိုကင်ယူရန်မလိုဘဲ ငွေသားထုတ် ယူနိုင်သည့် နယ်ဘဏ်ခွဲများအား ယနေ့မှစတင်ကာ ထပ်တိုးပေးခဲ့ကြောင်း CB ဘဏ်မှကြေညာ သည်။

မန္တလေးတိုင်းမှ ကျောက်ဆည်ဘဏ်ခွဲ၊ ပဲခူးတိုင်းမှ နတ်တလင်းဘဏ်ခွဲ၊ ဧရာဝတီတိုင်းမှ ဖျာပုံဘဏ်ခွဲနှင့် ကချင်ပြည်နယ်မှ မိုးကောင်းဘဏ်ခွဲတို့တွင် Individual Account ဖွင့်ထားသူများသည် တိုကင်မလိုဘဲ သတ်မှတ်ငွေပမာဏအား ထုတ်ယူနိုင်မည်ဖြစ်သည်။

CB ဘဏ်၏ Old Account များမှငွေသားထုတ်ရာတွင် အဆင်ပြေစေရန် တိုကင်ယူရန်မလိုဘဲ ထုတ်ယူနိုင်ရေးအတွက် နယ်ဘဏ်ခွဲတစ်ချို့၌ စတင်ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

CB ဘဏ်မှ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၃၀ ရက်မှစတင်၍ တိုကင်ယူရန်မလိုဘဲ ငွေသားထုတ်ယူနိုင်မည့် ဘဏ်ခွဲ ၇ ဘဏ်ဖြင့် စတင်ဝန်ဆောင်မှုပေးခဲ့သည်။

ထို့အတူ ဒီဇင်ဘာ ၅ ရက်တွင် ၁၀ ဘဏ်၊ ၁၉ ရက်တွင် ၁၃ ဘဏ်၊ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၂ ရက်တွင် ၁၆ ဘဏ်နှင့် ဇန်နဝါရီ ၁၀ ရက်(ယနေ့)တွင် ဘဏ်ခွဲ ၂၀ ဘဏ်တို့ဖြင့်ထပ်မံတိုးချဲ့၍ ဝန်ဆောင်မှုများပေးလျက်ရှိသည်။

“ရန်ကုန်ကဘဏ်ခွဲတွေမှာလည်း တိုကင်မလိုဘဲငွေထုတ်နိုင်တဲ့ ဝန်ဆောင်မှုရချင်တယ် အခုငွေလိုတဲ့အချိန်ဆိုရင် ဘဏ်မှာတိုကင်တင်ပြီးစောင့်နေရတော့ အဆင်မပြေဖြစ်ရတာတွေများတယ်”ဟု CB ဘဏ်၌ငွေထုတ်ယူလေ့ရှိသည့် ကိုအောင်မျိုးကပြောသည်။

အခြား CB ဘဏ်ခွဲများ၌ ငွေသားထုတ်ယူပါက တိုကင်ကြိုတင်ရယူပြီးမှသာ ငွေသားထုတ်ယူနိုင်မည်ဖြစ်သည်။

(Zawgyi)









Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071