Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeNewsLocal Newsမြန်မာပြည်သူများအတွက် ဒိန်းမတ်ကWFP မှတဆင့်...

မြန်မာပြည်သူများအတွက် ဒိန်းမတ်ကWFP မှတဆင့် အမေရိကန်ဒေါ်လာ၃.၈သန်းကူညီ

(Unicode)

မြန်မာပြည်သူများအတွက် ဒိန်းမတ်ကWFP မှတဆင့် အမေရိကန်ဒေါ်လာ၃.၈သန်းကူညီ

မြန်မာနိုင်ငံအတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဒိန်းမတ်နိုင်ငံကပေးအပ်သည့် လှူဒါန်းငွေ ဒိန်းမတ် ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကြိုဆိုလက်ခံရရှိကြောင်း ဒိန်းမတ်နှင့်WFPတို့က ယနေ့ ဇန်နဝါရီ၁၀ရက်တွင် ပူးတွဲသတင်းတစ်ရပ်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံး၏ သံရုံးအကြီးအကဲ Mr Anders Graugaard က”မြန်မာနိုင်ငံက ပြည်သူတွေ အကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်‌နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

COVID-19 ကပ်ရောဂါ၏ လူမှုစီးပွားအကျိုးသက်ရောက်မှုအပြင်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနိုင်ငံရေးအပြောင်းအလဲပြီးနောက် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လွန်စွာလိုအပ်လျက်ရှိနေသည်။

ဒိန်းမတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် ကချင်၊ ချင်း၊ ရခိုင် နှင့် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင် ပဋိပက္ခဒဏ် ထိခိုက်ခံစားကြရသော နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ လူဦးရေပေါင်း ၃၆၀,၀၀၀ ခန့်နှင့် အခြားထိခိုက်လွယ်သော မိသားစုဝင်များကို လစဉ် အသက်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရာတွင် များစွာအထောက်အပံ့ဖြစ်စေမည်ဟု သိရသည်။

၂၀၂၂ ခုနှစ်အတွင်း အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ အကျိုးခံစားခွင့်ရရှိသူများသည် နေ့စဉ်ကယ်လိုရီလိုအပ်ချက်နှင့် ကိုက်ညီသော ဆန်၊ ပဲ၊ ဆီနှင့် ဆား ပါရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ သို့မဟုတ် အဆိုပါ အခြေခံစားသောက်ကုန်များကို ဒေသတွင်းဈေးဆိုင်များတွင်ဝယ်ယူနိုင်မည့် ငွေသားအထောက်အပံ့ကို ရရှိကြမည်ဖြစ်ပါသည်။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က“ဒိန်းမတ်နိုင်ငံကပေးအပ်တဲ့ ဘဏ္ဍာငွေပံ့ပိုးကူညီမှုဟာ အခုလို လိုအပ်ချက်တွေမြင့်တက်လာတဲ့အခိုက် အချိန်ကိုက်ရောက်ရှိလာတဲ့အတွက် WFP ရဲ့ မြန်မာနိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အထောက်အကူအများကြီးဖြစ်စေပါတယ်” ဟု ပြောသည်။

(Zawgyi)

ျမန္မာျပည္သူမ်ားအတြက္ ဒိန္းမတ္ကWFP မွတဆင့္ အေမရိကန္ေဒၚလာ၃.၈သန္းကူညီ

ျမန္မာႏိုင္ငံအတြင္း အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳရန္ ဒိန္းမတ္ႏိုင္ငံကေပးအပ္သည့္ လႉဒါန္းေငြ ဒိန္းမတ္ ခ႐ိုနာ ၂၅ သန္း (အေမရိကန္ေဒၚလာ ၃.၈ သန္း) ကို ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) က ႀကိဳဆိုလက္ခံရရွိေၾကာင္း ဒိန္းမတ္ႏွင့္WFPတို႔က ယေန႔ ဇန္နဝါရီ၁၀ရက္တြင္ ပူးတြဲသတင္းတစ္ရပ္ထုတ္ျပန္ခဲ့သည္။

ျမန္မာႏိုင္ငံဆိုင္ရာဒိန္းမတ္သံ႐ုံး၏ သံ႐ုံးအႀကီးအကဲ Mr Anders Graugaard က”ျမန္မာႏိုင္ငံက ျပည္သူေတြ အကူအညီအလိုအပ္ဆုံးအခ်ိန္မွာ WFP ရဲ႕ အေရးႀကီးတဲ့ လူသားခ်င္းစာနာမႈဆိုင္ရာ အေထာက္အပံ့ ေပးေရးလုပ္ငန္းေတြမွာ ပါဝင္ပံ့ပိုးခြင့္ရတဲ့အတြက္ ကြၽန္ေတာ္တို႔အေနနဲ႔ အလြန္ပဲဝမ္းေျမာက္မိပါတယ္။ ကံအားေလ်ာ္စြာပဲ လိုအပ္ခ်က္ေတြ ပိုမိုမ်ားျပားလာေပမယ့္ ဒိန္းမတ္ႏိုင္ငံရဲ႕ အေထာက္အပံ့ဟာ တကယ့္ကိုလိုအပ္‌ေနတဲ့လူေတြကို ကူညီေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ေျပာသည္။

COVID-19 ကပ္ေရာဂါ၏ လူမႈစီးပြားအက်ိဳးသက္ေရာက္မႈအျပင္၊ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလႏိုင္ငံေရးအေျပာင္းအလဲၿပီးေနာက္ ျမန္မာႏိုင္ငံတြင္ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီမ်ား လြန္စြာလိုအပ္လ်က္ရွိေနသည္။

ဒိန္းမတ္ႏိုင္ငံ၏ ပံ့ပိုးကူညီမႈသည္ ကခ်င္၊ ခ်င္း၊ ရခိုင္ ႏွင့္ ရွမ္းျပည္နယ္ အပါအဝင္ ျမန္မာႏိုင္ငံရွိ ျပည္နယ္/တိုင္းေဒသႀကီး အသီးသီးတြင္ ပဋိပကၡဒဏ္ ထိခိုက္ခံစားၾကရေသာ ေနရပ္စြန႔္ခြာတိမ္းေရွာင္ခဲ့ရသူ လူဦးေရေပါင္း ၃၆၀,၀၀၀ ခန႔္ႏွင့္ အျခားထိခိုက္လြယ္ေသာ မိသားစုဝင္မ်ားကို လစဥ္ အသက္ကယ္ဆယ္ေရးအကူအညီမ်ား ေပးအပ္ရာတြင္ မ်ားစြာအေထာက္အပံ့ျဖစ္ေစမည္ဟု သိရသည္။

၂၀၂၂ ခုႏွစ္အတြင္း အေရးေပၚစားနပ္ရိကၡာလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ရန္အလို႔ငွာ အက်ိဳးခံစားခြင့္ရရွိသူမ်ားသည္ ေန႔စဥ္ကယ္လိုရီလိုအပ္ခ်က္ႏွင့္ ကိုက္ညီေသာ ဆန္၊ ပဲ၊ ဆီႏွင့္ ဆား ပါရွိသည့္ အေျခခံစားေသာက္ကုန္ပစၥည္းမ်ား သို႔မဟုတ္ အဆိုပါ အေျခခံစားေသာက္ကုန္မ်ားကို ေဒသတြင္းေဈးဆိုင္မ်ားတြင္ဝယ္ယူႏိုင္မည့္ ေငြသားအေထာက္အပံ့ကို ရရွိၾကမည္ျဖစ္ပါသည္။

WFP ၏ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနကိုယ္စားလွယ္ Mr Stephen Anderson က“ဒိန္းမတ္ႏိုင္ငံကေပးအပ္တဲ့ ဘ႑ာေငြပံ့ပိုးကူညီမႈဟာ အခုလို လိုအပ္ခ်က္ေတြျမင့္တက္လာတဲ့အခိုက္ အခ်ိန္ကိုက္ေရာက္ရွိလာတဲ့အတြက္ WFP ရဲ႕ ျမန္မာႏိုင္ငံအတြင္း ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ အေထာက္အကူအမ်ားႀကီးျဖစ္ေစပါတယ္” ဟု ေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071