Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeNewsLocal Newsရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ဆင်မကြီးမိုမို အသက်ရှင်ကျန်းမာလျက်ရှိ

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ဆင်မကြီးမိုမို အသက်ရှင်ကျန်းမာလျက်ရှိ

(Unicode)

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ဆင်မကြီးမိုမို အသက်ရှင်ကျန်းမာလျက်ရှိ

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ဆင်မကြီးမိုမို ဆုံးပါးသွားပြီဆိုသည့် သတင်းများထွက်ပေါ်လျက်ရှိနေရာ ယင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တာဝန်ရှိသူကပြောသည်။

“ဘာမှမဖြစ်ပါဘူး။ဖေ့ဘုတ်ပေါ်မှာတော့ ဆင်မကြီးမိုမိုဆုံးသွားတယ်ဆိုပြီး သတင်းတွေတက်နေတယ်။တောထဲက မိုမိုကြီးသေသွားတယ်။ အသက်ရေးထားတာလည်း ၇၃နှစ်။ဒီမှာက အသက်က ၆၈နှစ်ပဲ ရှိသေးတယ်လေ။နာမည်တူတာလေ။အဲ့ဒါက။ဘာမှကိုမဖြေရှင်းတော့ဘဲ ဒီအတိုင်းပဲနေနေတာ။ ဒီက ဆင်မကြီးမိုမိုက မနေ့ တစ်နေ့ကပဲ မွေးနေ့လုပ်ထားတာလေ။နောက်ပြီး မြို့ပေါ်က မိုမိုက တောထဲ ဘယ်လိုလုပ်ရောက်မှာလဲ”ဟု ၎င်းကပြောသည်။

မြန်မာဝီကီပီးဒီးယားက မိုမိုသည် ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်မှ ဆင်မတစ်ကောင်ဖြစ်ကာ သူမ၏ ထူးခြားလှသော အသိဉာဏ်စွမ်းရည်ကြောင့် ပြည်သူများအကြားတွင် ဆင်ဟုပြောလျှင်ပင် မိုမိုနှင့်တွဲမြင်သည်အထိ ကျော်ကြားသည်။ သူသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်သော ကြည့်ရှုလေ့လာသူများအား နှစ်ပေါင်းများစွာတိုင်အောင် ဖျော်ဖြေပေးခဲ့သည်။ နှစ်ပေါင်း ၅၀ကျော်ကြာ ဖျော်ဖြေပေးခဲ့ပြီး ၂၀၁၆ခုနှစ် အောက်တိုဘာလတွင် အနားယူခဲ့သည်ဟု ဖော်ပြထားသည်။

ဆင်မကြီးမိုမိုအား ၁၉၅၃ခုနှစ်တွင် ဖွားမြင်ခဲ့၍ လက်ရှိတွင် အသက် ၆၈နှစ်ပြည့်သွားပြီဖြစ်သည်။

မိုမို၏ အသက်၆၀ပြည့်မွေးနေ့မှစ၍ နှစ်စဉ်အောက်တိုဘာလတွင် သူ၏မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပလေ့ရှိသည်။ ထိုနေ့တွင် ကြံ၊ငှက်ပျောသီး၊သစ်သီးဝလံများဖြင့် မွေးနေ့ကိတ်ပုံစံ ပြုလုပ်ပေးခြင်း၊မိုမိုကိုယ်တိုင် သက်စေ့ငှက်လွှတ်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။

(Zawgyi)

ရန္ကုန္တိရစာၦန္ဥယ်ာဥ္မွ ဆင္မႀကီးမိုမို အသက္ရွင္က်န္းမာလ်က္ရွိ

ရန္ကုန္တိရစာၦန္ဥယ်ာဥ္မွ ဆင္မႀကီးမိုမို ဆုံးပါးသြားၿပီဆိုသည့္ သတင္းမ်ားထြက္ေပၚလ်က္ရွိေနရာ ယင္းမွာ မဟုတ္မွန္ေၾကာင္း ရန္ကုန္တိရစာၦန္ဥယ်ာဥ္တာဝန္ရွိသူကေျပာသည္။

“ဘာမွမျဖစ္ပါဘူး။ေဖ့ဘုတ္ေပၚမွာေတာ့ ဆင္မႀကီးမိုမိုဆုံးသြားတယ္ဆိုၿပီး သတင္းေတြတက္ေနတယ္။ေတာထဲက မိုမိုႀကီးေသသြားတယ္။ အသက္ေရးထားတာလည္း ၇၃ႏွစ္။ဒီမွာက အသက္က ၆၈ႏွစ္ပဲ ရွိေသးတယ္ေလ။နာမည္တူတာေလ။အဲ့ဒါက။ဘာမွကိုမေျဖရွင္းေတာ့ဘဲ ဒီအတိုင္းပဲေနေနတာ။ ဒီက ဆင္မႀကီးမိုမိုက မေန႔ တစ္ေန႔ကပဲ ေမြးေန႔လုပ္ထားတာေလ။ေနာက္ၿပီး ၿမိဳ႕ေပၚက မိုမိုက ေတာထဲ ဘယ္လိုလုပ္ေရာက္မွာလဲ”ဟု ၎ကေျပာသည္။

ျမန္မာဝီကီပီးဒီးယားက မိုမိုသည္ ရန္ကုန္ၿမိဳ႕ တိရစာၦန္ဥယ်ာဥ္မွ ဆင္မတစ္ေကာင္ျဖစ္ကာ သူမ၏ ထူးျခားလွေသာ အသိဉာဏ္စြမ္းရည္ေၾကာင့္ ျပည္သူမ်ားအၾကားတြင္ ဆင္ဟုေျပာလွ်င္ပင္ မိုမိုႏွင့္တြဲျမင္သည္အထိ ေက်ာ္ၾကားသည္။ သူသည္ ရန္ကုန္တိရစာၦန္ဥယ်ာဥ္သို႔ လာေရာက္လည္ပတ္ေသာ ၾကည့္ရႈေလ့လာသူမ်ားအား ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ေဖ်ာ္ေျဖေပးခဲ့သည္။ ႏွစ္ေပါင္း ၅၀ေက်ာ္ၾကာ ေဖ်ာ္ေျဖေပးခဲ့ၿပီး ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလတြင္ အနားယူခဲ့သည္ဟု ေဖာ္ျပထားသည္။

ဆင္မႀကီးမိုမိုအား ၁၉၅၃ခုႏွစ္တြင္ ဖြားျမင္ခဲ့၍ လက္ရွိတြင္ အသက္ ၆၈ႏွစ္ျပည့္သြားၿပီျဖစ္သည္။

မိုမို၏ အသက္၆၀ျပည့္ေမြးေန႔မွစ၍ ႏွစ္စဥ္ေအာက္တိုဘာလတြင္ သူ၏ေမြးေန႔ပြဲကို ရန္ကုန္တိရစာၦန္ဥယ်ာဥ္တြင္ က်င္းပေလ့ရွိသည္။ ထိုေန႔တြင္ ႀကံ၊ငွက္ေပ်ာသီး၊သစ္သီးဝလံမ်ားျဖင့္ ေမြးေန႔ကိတ္ပုံစံ ျပဳလုပ္ေပးျခင္း၊မိုမိုကိုယ္တိုင္ သက္ေစ့ငွက္လႊတ္ျခင္းမ်ား ျပဳလုပ္ေလ့ရွိသည္ဟု သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071