မန္တလေး MITT တက္ကသိုလ်ရှေ့ ပေါက်ကွဲမှုဖြစ်

0
30

မန္တလေး MITT တက္ကသိုလ်ရှေ့ ပေါက်ကွဲမှုဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက် (၇၃) လမ်း၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ MITT တက္ကသိုလ်တွင် ယမန်နေ့ ဇန်နဝါရီ ၇ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ကြောင်း မြို့ခံအချို့နှင့် လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတို့ထံမှသိရသည်။

နံနက် ၆ နာရီ ၅၀ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး MITT တက္ကသိုလ်၏ တောင်ဘက်ဝင်ပေါက်ရှေ့တွင်
ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

နစကပြန်ကြားရေးဌာနက ပေါက်ကွဲမှုနှင့်ပတ်သတ်ပြီး အဆိုပါတက္ကသိုလ်ရှေ့တွင် မသင်္ကာဖွယ်စက္ကူပုံး တစ်လုံး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတက္ကသိုလ်၏ တောင်ဘက် ဝင်ပေါက်ရှေ့တွင် ပုလင်း ၇ လုံး၌ ဆန့်ကျင်စာသားများ ကပ်၍ ထောင်ထားပြီး အဆိုပါပုလင်းများအလယ်၌ ကတ္ထုပုံးတစ်လုံးအား ထားရှိသည်ကို တွေ့ရှိရ သဖြင့် စစ်ဆေးရန်ပြုလုပ်နေစဉ် အဆိုပါပုံအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ဟုသိရသည်။

ဇန်နဝါရီ ၇ ရက်နေ့က မန္တလေးတွင် မြဝတီဘဏ်ရှေ့၊ပုသိမ်ကြီးမြို့နယ် လဝကရုံးထဲ စသည်တို့တွင် ပေါက်ကွဲမှုများဖြစ်ခဲ့သေးသည့် အပြင် ကျောက်ဝိုင်းတွင်လည်း ဗုံးလန့်မှုတစ်ခုဖြစ်ခဲ့သေးကြောင်းသိရသည်။

Zaw Gyi

မႏၲေလး MITT တကၠသိုလ္ေရွ႕ ေပါက္ကြဲမႈျဖစ္

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၂)ရပ္ကြက္ (၇၃) လမ္း၊ ၁၀၇ လမ္းႏွင့္ ၁၀၈ လမ္းၾကားရွိ MITT တကၠသိုလ္တြင္ ယမန္ေန႔ ဇန္နဝါရီ ၇ရက္ေန႔က ေပါက္ကြဲမႈတစ္ခုျဖစ္ခဲ့ေၾကာင္း ၿမိဳ႕ခံအခ်ိဳ႕ႏွင့္ လုံၿခဳံေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတို႔ထံမွသိရသည္။

နံနက္ ၆ နာရီ ၅၀ မိနစ္အခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး MITT တကၠသိုလ္၏ ေတာင္ဘက္ဝင္ေပါက္ေရွ႕တြင္
ေပါက္ကြဲခဲ့ျခင္းျဖစ္သည္ဟု သိရွိရသည္။

နစကျပန္ၾကားေရးဌာနက ေပါက္ကြဲမႈႏွင့္ပတ္သတ္ၿပီး အဆိုပါတကၠသိုလ္ေရွ႕တြင္ မသကၤာဖြယ္စကၠဴပုံး တစ္လုံး ေတြ႕ရွိေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ အဆိုပါတကၠသိုလ္၏ ေတာင္ဘက္ ဝင္ေပါက္ေရွ႕တြင္ ပုလင္း ၇ လုံး၌ ဆန႔္က်င္စာသားမ်ား ကပ္၍ ေထာင္ထားၿပီး အဆိုပါပုလင္းမ်ားအလယ္၌ ကတၳဳပုံးတစ္လုံးအား ထားရွိသည္ကို ေတြ႕ရွိရ သျဖင့္ စစ္ေဆးရန္ျပဳလုပ္ေနစဥ္ အဆိုပါပုံအတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျဖစ္သည္ဟု သတင္းထုတ္ျပန္ထားသည္။

ေပါက္ကြဲမႈေၾကာင့္ လူႏွင့္အေဆာက္အဦ ထိခိုက္ပ်က္စီးမႈမရွိခဲ့ဟုသိရသည္။

ဇန္နဝါရီ ၇ ရက္ေန႔က မႏၲေလးတြင္ ျမဝတီဘဏ္ေရွ႕၊ပုသိမ္ႀကီးၿမိဳ႕နယ္ လဝက႐ုံးထဲ စသည္တို႔တြင္ ေပါက္ကြဲမႈမ်ားျဖစ္ခဲ့ေသးသည့္ အျပင္ ေက်ာက္ဝိုင္းတြင္လည္း ဗုံးလန႔္မႈတစ္ခုျဖစ္ခဲ့ေသးေၾကာင္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here