အကျဉ်းသားအခွင့်အရေးများ ရ၊မရ လူ့အခွင့်အရေးကော်မရှင် စစ်ဆေး

0
221

(Unicode)

အကျဉ်းသားအခွင့်အရေးများ ရ၊မရ လူ့အခွင့်အရေးကော်မရှင် စစ်ဆေး

မန္တလေးအကျဉ်းထောင်အပါအဝင် အကျဉ်းထောင်အချို့ နှင့် အလုပ်စခန်းအချို့တို့သို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ လိုက်လံစစ်ဆေးမှုကိုယခုရက်ထဲ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မန္တလေး ဗဟိုအကျဉ်းထောင်၊ (၂၄) မိုင်၊ ထုံးဘို (ကျား-၁) (ကျား-၂) နှင့် ထုံးဘို (မ) ကုန်ထုတ် စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာစစ်ဆေးခဲ့သည်ဟု သိရသည်။

စစ်ဆေးရာတွင် အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံး ရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်း နှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်း တင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးသည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်ဟု သိရသည်။

ဗဟိုအကျဉ်းထောင်နှင့် ကုန်ထုတ်စခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ အချုပ်ထောင်၊ အကျဉ်းထောင်ဆေးရုံ၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ Quarantine ထားရှိသည့် အဆောင်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကို လည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဟုသိရသည်။

(Zawgyi)

အက်ဥ္းသားအခြင့္အေရးမ်ား ရ၊မရ လူ႔အခြင့္အေရးေကာ္မရွင္ စစ္ေဆး

မႏၲေလးအက်ဥ္းေထာင္အပါအဝင္ အက်ဥ္းေထာင္အခ်ိဳ႕ ႏွင့္ အလုပ္စခန္းအခ်ိဳ႕တို႔သို႔ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕ဝင္မ်ား လိုက္လံစစ္ေဆးမႈကိုယခုရက္ထဲ ျပဳလုပ္ခဲ့ၾကသည္။

ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္အဖြဲ႕ဝင္ ဦးေက်ာ္စိုးႏွင့္ ဦးေက်ာ္ျမင့္တို႔ ဦးေဆာင္ေသာ ၾကည့္ရႈစစ္ေဆးေရးအဖြဲ႕သည္ ဒီဇင္ဘာ ၁၆ ရက္ႏွင့္ ၁၇ ရက္တို႔တြင္ မႏၲေလး ဗဟိုအက်ဥ္းေထာင္၊ (၂၄) မိုင္၊ ထုံးဘို (က်ား-၁) (က်ား-၂) ႏွင့္ ထုံးဘို (မ) ကုန္ထုတ္ စခန္းတို႔ကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ရာတြင္ ေကာ္မရွင္ဥပေဒ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ အက်ဥ္းသား အက်ဥ္းသူ၊ အခ်ဳပ္သား အခ်ဳပ္သူမ်ားကို အုပ္စုလိုက္ခြဲ၍ ေတြ႕ဆုံကာစစ္ေဆးခဲ့သည္ဟု သိရသည္။

စစ္ေဆးရာတြင္ အက်ဥ္းသားတစ္ဦး၏ အနိမ့္ဆုံး ရရွိမည့္ အခြင့္အေရးျဖစ္ေသာ ေနထိုင္စားေသာက္မႈ၊ က်န္းမာ‌‌ေရး ေစာင့္ေရွာက္မႈ ရွိ မရွိ၊ ေထာင္ဝင္စာ ပစၥည္းမ်ား စုံလင္စြာ ရရွိျခင္း ရွိ မရွိ၊ ရသင့္ရထိုက္ေသာ အသုံးအေဆာင္ ပစၥည္းမ်ား ရရွိျခင္း ရွိ မရွိႏွင့္ ညႇဥ္းပန္း ႏွိပ္စက္မႈ ရွိ မရွိ စသည္တို႔ကို ေမးျမန္းမွတ္တမ္း တင္ျခင္းႏွင့္ ယခင္က ၾကည့္ရႈစစ္ေဆးသည့္ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မႈတို႔ကို ၾကည့္ရႈစစ္ေဆးသည္ဟု သိရသည္။

ဗဟိုအက်ဥ္းေထာင္ႏွင့္ ကုန္ထုတ္စခန္းမ်ားကို ဝင္ေရာက္ၾကည့္ရႈစစ္ေဆးစဥ္ အက်ဥ္းသား အက်ဥ္းသူ၊ အခ်ဳပ္သား အခ်ဳပ္သူမ်ား၏ အိပ္ေဆာင္မ်ား၊ အခ်ဳပ္ေထာင္၊ အက်ဥ္းေထာင္ေဆး႐ုံ၊ တိုက္ခန္းမ်ား၊ စာၾကည့္တိုက္၊ စားဖိုႀကီး၊ ရိကၡာဂိုေထာင္၊ ေရသန႔္စက္၊ ေသာက္ေရႏွင့္ သုံးေရကန္မ်ား၊ Quarantine ထားရွိသည့္ အေဆာင္မ်ား၊ အတြင္း/အျပင္ မိလႅာမ်ား သန႔္ရွင္းမႈ ရွိ မရွိတို႔ကို လည္းေကာင္း၊ လတ္တေလာ ျဖစ္ပြားလ်က္ရွိေသာ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေရးႏွင့္ စပ္လ်ဥ္း၍ ေဆာင္႐ြက္ထားရွိမႈတို႔ကို လည္းေကာင္း ၾကည့္ရႈစစ္ေဆးသည္။

ၾကည့္ရႈစစ္ေဆးေရးအဖြဲ႕၏ ခရီးစဥ္အတြင္း စစ္ေဆးေတြ႕ရွိခ်က္ႏွင့္ အႀကံျပဳခ်က္မ်ားကို လိုအပ္သလို အေရးယူေဆာင္႐ြက္ေပးႏိုင္‌ေရးအတြက္ သက္ဆိုင္ရာသို႔ အႀကံျပဳေပးပို႔သြားမည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here