ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအရ ခရီး သွားခွင့်မပြုသဖြင့် သက်သေ လာရောက်မထွက်ဆိုနိုင်

0
161

ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအရ ခရီး သွားခွင့်မပြုသဖြင့် သက်သေ လာရောက်မထွက်ဆိုနိုင်

 

နေပြည်တော်၊ဇဗ္ဗူသီရိမြိုနယ်၊အထူးတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း)ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ အတွက် ဒီနေ့ရုံးချိန်းမှာ သက်သေအဖြစ်လာရောက်ထွက်ဆိုပေးဖို မန္တလေးတိုင်းဝန်ကြီးချုပ်(ဟောင်း)ဒေါက် တာဇော်မြင့်မောင်ရဲ့ကျန်းမာရေးအခြေအနေဟာ ခရီးသွားလာလိုမရတာကြောင့် လာရောက်ထွက်ဆိုနိုင်ခြင်းမရှိခဲ့ဘူးလို ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

မန္တလေး အိုးဘိုထောင်က ဆရာဝန်ရဲ့ဆေးစာအရ ထောင်တာဝန်ရှိသူတွေက ခရီးသွားလာခွင့်မပြုခဲ့တာကြောင့် သက်သေလာရောက်ထွက်ဆိုနိုင်ခြင်း မရှိတာဖြစ်တယ်လို သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ရုံးချိန်းမှာတော့ ဒေါက်တာဇော်မြင့်မောင်ဟာ ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် သက်သေလာရောက်ထွက်ဆိုပေးမယ်လို နေပြည် တော် အထူးတရားရုံးက ပြောဆိုထားတာရှိပေမယ်လည်း လာရောက်ထွက်ဆိုနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒေါက်တာဇော်မြင့်မောင်ဟာ ဒီဇင်ဘာ ၂၀ ရက်နေ့ရုံးချိန်းမှာ နေပြည်တော် အထူးတရားရုံးကိုမလာရောက်နိုင်ရင် သူရဲ့သက်သေထွက်ဆိုချက်တွေကို လူကိုယ်တိုင်ဖြစ်စေ Video Conferencing နဲ့ဖြစ်စေ သက်သေထွက်ဆိုစေမယ်လို ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံတော်အကြည် ညိုပျက်စေမှုဥပဒ ပုဒ်မ-၅၀၅(ခ)၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ တိုနဲ့ထောင်ဒဏ်လေးနှစ်အမိန့်ချခံထားရပြီး မန္တလေးအိုးဘိုထောင်မှာထိန်းသိမ်းခံထားရပါတယ်။

Zaw Gyi

ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ့ က်န္းမာေရးအရခရီး သြားခြင့္မျပဳသျဖင့္ သက္ေသလာေရာက္မထြက္ဆိုနိုင္

ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳနယ္၊အထူးတရား႐ုံးမွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္(ေဟာင္း)ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ သဘာဝေဘးအႏၲ ရာယ္စီမံခန္႔ခြဲမွုဆိုင္ရာဥပေဒပုဒ္မ-၂၅ အတြက္ ဒီေန႔႐ုံးခ်ိန္းမွာ သက္ေသအျဖစ္လာေရာက္ထြက္ဆိုေပးဖို မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္(ေဟာင္း)ေဒါက္ တာေဇာ္ျမင့္ေမာင္ရဲ့က်န္းမာေရးအေျခအေနဟာ ခရီးသြားလာလိုမရတာေၾကာင့္ လာေရာက္ထြက္ဆိုနိုင္ျခင္းမရွိခဲ့ဘူးလို ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

မႏၲေလး အိုးဘိုေထာင္က ဆရာဝန္ရဲ့ေဆးစာအရ ေထာင္တာဝန္ရွိသူေတြက ခရီးသြားလာခြင့္မျပဳခဲ့တာေၾကာင့္ သက္ေသလာေရာက္ထြက္ဆိုနိုင္ျခင္း မရွိတာျဖစ္တယ္လို သိရပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္႐ုံးခ်ိန္းမွာေတာ့ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေဒၚေအာင္ဆန္းစုၾကည္အမွုအတြက္ သက္ေသလာေရာက္ထြက္ဆိုေပးမယ္လို ေနျပည္ ေတာ္ အထူးတရား႐ုံးက ေျပာဆိုထားတာရွိေပမယ္လည္း လာေရာက္ထြက္ဆိုနိုင္ျခင္းမရွိခဲ့ပါဘူး။

ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ဒီဇင္ဘာ ၂၀ ရက္ေန႔႐ုံးခ်ိန္းမွာ ေနျပည္ေတာ္ အထူးတရား႐ုံးကိုမလာေရာက္နိုင္ရင္ သူရဲ့သက္ေသထြက္ဆိုခ်က္ေတြကို လူကိုယ္တိုင္ျဖစ္ေစ Video Conferencing နဲ႔ျဖစ္ေစ သက္ေသထြက္ဆိုေစမယ္လို ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ နိုင္ငံေတာ္အၾကည္ ညိဳပ်က္ေစမွုဥပဒ ပုဒ္မ-၅၀၅(ခ)၊ သဘာဝေဘး အႏၲရာယ္စီမံခန္႔ခြဲမွုဆိုင္ရာဥပေဒပုဒ္မ-၂၅ တိုနဲ႔ေထာင္ဒဏ္ေလးႏွစ္အမိန္႔ခ်ခံထားရၿပီး မႏၲေလးအိုးဘိုေထာင္မွာထိန္းသိမ္းခံထားရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here