ရန်ကုန်မြောက်ဥက္ကလာပတွင် USDPပါတီဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
148

(Unicode)

ရန်ကုန်မြောက်ဥက္ကလာပတွင် USDPပါတီဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်၊နွယ်နီ (၁၃) လမ်းနှင့် သန္တာ (၁၂) လမ်းကြားတွင် ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းက USDPပါတီဝင်အမျိုးသမီး သေနတ်ဖြင့် ပစ်သတ်ခံရပြီးသေဆုံးသွားခဲ့သည်။

တိုင်းပါတီမှ တာဝန်ရှိသူတစ်ဦးက “ဒီကနေ့ မနက် ၉ နာရီ ၅၅မိနစ်က သေနတ်နဲ့ ပစ်ခတ်ခံရတာ။လေးချက် ပစ်ခံရတယ်။သူက ရိုးရိုးပါတီဝင်။သေနတ်နဲ့ အပစ်မခံရခင် သူက Social punishment အလုပ်ခံရဖူးတယ်”ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူသည် ရပ်ကွက်USDPပါတီဝင်ဖြစ်ကာ ဒေါ်နီနီရွှေဖြစ်သည်ဟုသိရသည်။

၎င်းသည်သားဖြစ်သူနှင့် ဈေးသို့သွားစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်။

“ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း ရန်ကုန်တိုင်းအတွင်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပြီး သေဆုံးခဲ့ရတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် အရေအတွက်က ဒါနဲ့ဆို ၂၈ဦးရှိပြီ”ဟုလည်း တိုင်းပါတီတာဝန်ရှိသူတစ်ဦးကပြောပြသည်။

သေဆုံးသွားခဲ့သည့် ၂၈ဦးထဲ အမတ်ဟောင်း၊အမတ်လောင်းများလည်း ပါသည်ကိုတွေ့ရှိရသည်။

နိုဝင်ဘာ ၃၀ရက်စာရင်းတွေအရ ဖျက်ဆီးခံရတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးအရေအတွက်ကလည်း ၃၃ရုံးရှိတယ်လို့ သိရပါတယ်။ပြည်ခိုင်ဖြိုး ပါတီဆိုင်းပုဒ်ဖျက်ဆီးခံရမှုက အကြိမ် ၂၀ရှိပြီး ပြည်ခိုင်ဖြိုး ပါတီဝင် ထိခိုက်ဒဏ်ရာရမှုက၂၉၂ဦးအထိ ရှိကာ Social punishmentလုပ်ခံရမှု ၁၂၅မှု၊ပြည်ခိုင်ဖြိုး ပါတီဝင်နှင့်ပါတီနှင့်ဆက်နွယ်သူတို့၏ နေအိမ်မီးရှို့ဖျက်ဆီးခံရမှု ၁၈၁မှု၊ရွှေ့ပြောင်းနေထိုင်ရသူ ၆၀၅ဦးအပြင် ပြီးခဲ့တဲ့ ၇လအတွင်း သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ပြည်ခိုင်ဖြိုး ပါတီဝင်၊မိသားစုဝင်၊ပါတီအားပေးထောက်ခံသူ ၂၅၃ဦးရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်တွေအရသိရပါတယ်။

(Zawgyi)

ရန္ကုန္ေျမာက္ဥကၠလာပတြင္ USDPပါတီဝင္တစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရ

ရန္ကုန္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ႏြယ္နီ (၁၃) လမ္းႏွင့္ သႏၲာ (၁၂) လမ္းၾကားတြင္ ယေန႔ ဒီဇင္ဘာလ ၆ ရက္ နံနက္ပိုင္းက USDPပါတီဝင္အမ်ိဳးသမီး ေသနတ္ျဖင့္ ပစ္သတ္ခံရၿပီးေသဆုံးသြားခဲ့သည္။

တိုင္းပါတီမွ တာဝန္ရွိသူတစ္ဦးက “ဒီကေန႔ မနက္ ၉ နာရီ ၅၅မိနစ္က ေသနတ္နဲ႔ ပစ္ခတ္ခံရတာ။ေလးခ်က္ ပစ္ခံရတယ္။သူက ႐ိုး႐ိုးပါတီဝင္။ေသနတ္နဲ႔ အပစ္မခံရခင္ သူက Social punishment အလုပ္ခံရဖူးတယ္”ဟု ေျပာသည္။

ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားခဲ့သူသည္ ရပ္ကြက္USDPပါတီဝင္ျဖစ္ကာ ေဒၚနီနီေ႐ႊျဖစ္သည္ဟုသိရသည္။

၎သည္သားျဖစ္သူႏွင့္ ေဈးသို႔သြားစဥ္ ပစ္သတ္ခံရျခင္းျဖစ္သည္။

“ေဖေဖာ္ဝါရီ ၁ရက္ေနာက္ပိုင္း ရန္ကုန္တိုင္းအတြင္း ေသနတ္နဲ႔ ပစ္သတ္ခံလိုက္ရၿပီး ေသဆုံးခဲ့ရတဲ့ ျပည္ခိုင္ၿဖိဳးပါတီဝင္ အေရအတြက္က ဒါနဲ႔ဆို ၂၈ဦးရွိၿပီ”ဟုလည္း တိုင္းပါတီတာဝန္ရွိသူတစ္ဦးကေျပာျပသည္။

ေသဆုံးသြားခဲ့သည့္ ၂၈ဦးထဲ အမတ္ေဟာင္း၊အမတ္ေလာင္းမ်ားလည္း ပါသည္ကိုေတြ႕ရွိရသည္။

ႏိုဝင္ဘာ ၃၀ရက္စာရင္းေတြအရ ဖ်က္ဆီးခံရတဲ့ ျပည္ေထာင္စုႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ႐ုံးအေရအတြက္ကလည္း ၃၃႐ုံးရွိတယ္လို႔ သိရပါတယ္။ျပည္ခိုင္ၿဖိဳး ပါတီဆိုင္းပုဒ္ဖ်က္ဆီးခံရမႈက အႀကိမ္ ၂၀ရွိၿပီး ျပည္ခိုင္ၿဖိဳး ပါတီဝင္ ထိခိုက္ဒဏ္ရာရမႈက၂၉၂ဦးအထိ ရွိကာ Social punishmentလုပ္ခံရမႈ ၁၂၅မႈ၊ျပည္ခိုင္ၿဖိဳး ပါတီဝင္ႏွင့္ပါတီႏွင့္ဆက္ႏြယ္သူတို႔၏ ေနအိမ္မီးရႈိ႕ဖ်က္ဆီးခံရမႈ ၁၈၁မႈ၊ေ႐ႊ႕ေျပာင္းေနထိုင္ရသူ ၆၀၅ဦးအျပင္ ၿပီးခဲ့တဲ့ ၇လအတြင္း သတ္ျဖတ္ခံရမႈေၾကာင့္ ေသဆုံးသြားခဲ့ရတဲ့ျပည္ခိုင္ၿဖိဳး ပါတီဝင္၊မိသားစုဝင္၊ပါတီအားေပးေထာက္ခံသူ ၂၅၃ဦးရွိခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here