သီချင်းဆို ပြို င် ပွဲ များ နဲ့ အကဲဖြတ်ဒိုင် ဖြူဖြူကျော်သိန်း

0
151

phyu-2-copy

ဂီတ ဝါသနာရှင်တွေကို ကမ္ဘာကျော်တစ်ယောက်ဖြစ်လာစေဖို့ နဲ့ ဆုကြေးငွေ ကျပ်သိန်းတစ်ထောင်ပေးအပ်ချီးမြှင့်ပေး ပြီး ရွေး ချယ် မွေးထုတ်ပေးမယ့် GalaxyStar သီချင်းဆို ပြိုင်ပွဲမှာ ဖြူဖြူကျော် သိန်းက အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲကတော့ ကိုရီးယား အခြေစိုက်အဖွဲ့ရဲ့ စီစဉ်မှုနဲ့အတူ ဆုရရှိ သူကို ကိုရီးယားက နာမည်ကျော်တွေကိုယ်တိုင် လေ့ကျင့်ပေးပြီး ကမ္ဘာကျော်တစ်ယောက်ဖြစ်စေတဲ့အထိ ရွေးချယ်သွားမယ်လို့ သိရ ပါတယ်။ ဒီပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဖြစ်ပုံကို ဖြူဖြူကျော်
သိန်းက…

“ဒီပြိုင်ပွဲကတော့ နိုင်ငံကျော် တင်မကဘူး။ ကမ္ဘာကျော်တစ်ဦး အထိ ဖြစ်လာဖို့ ရည်ရွယ်ရွေးချယ် သွားမယ်ဆိုတော့ တာဝန်တော့ကြီး ပါတယ်။ ဒီမှာ ကိုဖိုးကာတို့၊ ကိုဂရေဟမ်တို့၊ မဆုန်သင်းတို့လည်း ပါကြမယ်ဆိုတော့ ဖြူဖြူ ကတော့ ဂျူနီယာအဖြစ်ဆုံးပေါ့။ ဒီမှာက ဆုကြေးကလည်း သိန်းတစ်ထောင် ဆိုတော့ အမြင့်ဆုံးပေါ့။ အခု စီစဉ်သူတွေက ကိုရီးယားက။Samsung  ကနေ အဓိကပံ့ပိုးပြီး ဒီပြိုင်ပွဲမှာ ရွေးချယ်ခံရသူတွေက ကိုရီးယားမှာသွားပြီး Camp  သွင်း မယ်ပေါ့။ ဖြူဖြူကိုယ်တိုင်လည်း ကမ္ဘာကျော်တစ်ယောက်မ ဟုတ်တော့ ကမ္ဘာကျော်တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုလဲဆိုတာတော့ မပြော တတ်ဘူး။ ။ကိုယ်ကတော့ ကိုယ့်ရဲ့ ၁၃ နှစ်တာ ဂီတဖြတ်သန်းမှု အတွေ့အကြုံအရအကောင်းဆုံးတော့ပံ့ပိုးမှာပါ။ စတားတစ်ယောက် မှာရှိရမယ့် အခြေခံသဘောတရားလေးတွေ ကိုတော့ ကိုယ်သိ သလောက် မျှဝေသွားမှာပါ” လို့ ဖြူဖြူကျော်သိန်း က ပြောပါတယ်။

ဖြူဖြူကျော်သိန်းက ဖေဖော်ဝါရီလမှာ ကျင်းပမယ့်Galaxy Star  ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင် ရွက်မယ့် အပြင် ဒီဇင်ဘာလထဲမှာလည်း ကျား၊ မ ရေးရာ တန်းတူညီ မျှရေး ကွန်ရက်ကစီစဉ်တဲ့ ‘ထာဝရဖဲကြိုးဖြူ’ သီချင်းဆိုပြိုင်ပွဲ မှာလည်း အကဲဖြတ် ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သွားဦး မယ်လို့ သိရပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here