မန္တလေးတိုင်းက မြို့နယ်သုံးခုမှာ ဖောက်ခွဲ၊ပစ်ခတ်မှုတွေလုပ်ခဲ့သူ ၃၃ ယောက်ကို လက်နက်တွေနဲ့အတူ ဖမ်းမိလို့ နစက ထုတ်ပြန်

0
386

(Unicode)

မန္တလေးတိုင်းက မြို့နယ်သုံးခုမှာ ဖောက်ခွဲ၊ပစ်ခတ်မှုတွေလုပ်ခဲ့သူ ၃၃ ယောက်ကို လက်နက်တွေနဲ့အတူ ဖမ်းမိလို့ နစက ထုတ်ပြန်

မန္တလေးတိုင်းက ပြည်ကြီးတံခွန်၊ချမ်းမြသာစည်နဲ့မဟာအောင်မြေမြို့နယ်တို့မှာ ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်ကြံပစ်ခတ်မှုတွေလုပ်ခဲ့ကြတဲ့ ၃၃ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၃ ရက်ကစပြီးဖမ်းမိခဲ့တယ်လို့ နစက က ထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းမိတဲ့ထဲ အမျိုးသမီး ငါးယောက်လည်းပါတယ်လို့သိရပါတယ်။

ကိုသူရအောင်နဲ့ ကိုအောင်ဖြိုးတို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူဖမ်းမိခဲ့ရာမှတဆင့် ဖော်ထုတ်ရာကနေဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သူတို့၂ယောက်ကို KIA တပ်မဟာ(၈)မှာ သင်တန်းတက်ရောက်ခဲ့သူတွေလို့ ထုတ်ပြန်ချက်ထဲဖော်ပြထားတာတွေ့ရပါတယ်။

ဖမ်းမိခဲ့သူ ၃၃ ယောက်နဲ့အတူ လက်နက်မျိုးစုံ ၂၂ လက်၊ လက်လုပ်သေနတ် ၁ လက်၊ကျည်အိမ်မျိုးစုံ ၂၂ ခု၊ကျည်မျိုးစုံ ၂၀၂၆ တောင့်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊လက်ပစ်ဗုံး ၂၁ လုံး၊လက်လုပ်မိုင်း ငါးလုံးနဲ့ဖောက်ခွဲရေးဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ နစကက ထုတ်ပြန်ထားပါတယ်။

(Zawgyi)

မႏၲေလးတိုင္းက ၿမိဳ႕နယ္သုံးခုမွာ ေဖာက္ခြဲ၊ပစ္ခတ္မွုေတြလုပ္ခဲ့သူ ၃၃ ေယာက္ကို လက္နက္ေတြနဲ႔အတူ ဖမ္းမိလို႔ နစက ထုတ္ျပန္

မႏၲေလးတိုင္းက ျပည္ႀကီးတံခြန္၊ခ်မ္းျမသာစည္နဲ႔မဟာေအာင္ေျမၿမိဳ႕နယ္တို႔မွာ ေဖာက္ခြဲဖ်က္ဆီးမွုေတြ လုပ္ႀကံပစ္ခတ္မွုေတြလုပ္ခဲ့ၾကတဲ့ ၃၃ ေယာက္ကို လက္နက္ခဲယမ္းေတြနဲ႔အတူ နိုဝင္ဘာ ၃ ရက္ကစၿပီးဖမ္းမိခဲ့တယ္လို႔ နစက က ထုတ္ျပန္ခဲ့ပါတယ္။

ဖမ္းမိတဲ့ထဲ အမ်ိဳးသမီး ငါးေယာက္လည္းပါတယ္လို႔သိရပါတယ္။

ကိုသူရေအာင္နဲ႔ ကိုေအာင္ၿဖိဳးတို႔ကို ၿပီးခဲ့တဲ့ နိုဝင္ဘာ ၃ ရက္က လက္နက္ခဲယမ္းေတြနဲ႔အတူဖမ္းမိခဲ့ရာမွတဆင့္ ေဖာ္ထုတ္ရာကေနဖမ္းမိခဲ့တာလို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

သူတို႔၂ေယာက္ကို KIA တပ္မဟာ(၈)မွာ သင္တန္းတက္ေရာက္ခဲ့သူေတြလို႔ ထုတ္ျပန္ခ်က္ထဲေဖာ္ျပထားတာေတြ႕ရပါတယ္။

ဖမ္းမိခဲ့သူ ၃၃ ေယာက္နဲ႔အတူ လက္နက္မ်ိဳးစုံ ၂၂ လက္၊ လက္လုပ္ေသနတ္ ၁ လက္၊က်ည္အိမ္မ်ိဳးစုံ ၂၂ ခု၊က်ည္မ်ိဳးစုံ ၂၀၂၆ ေတာင့္၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊လက္ပစ္ဗုံး ၂၁ လုံး၊လက္လုပ္မိုင္း ငါးလုံးနဲ႔ေဖာက္ခြဲေရးဆက္စပ္ပစၥည္းေတြကိုပါ သိမ္းဆည္းရမိခဲ့တယ္လို႔ နစကက ထုတ္ျပန္ထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here