ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များအား ဒီဇင်ဘာ ၃၁ရက် အထိ ထပ်မံတိုးမြှင့်

0
242

ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များအား ဒီဇင်ဘာ၃၁ရက်အထိထပ်မံတိုးမြှင့်

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိတိုးမြှင့်သတ်မှတ်ကြောင်း နစကက ယနေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ထပ်မံတိုးမြှင့်လိုက်သည့် ကန့်သတ်ချက်များထဲ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေးကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ၁၅-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေးထပ်တိုးကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများအား ယာယီရပ်ဆိုင်းမှုတို့နှင့်စပ်လျဉ်း၍ ၂၀-၃-၂၀၂၀ ရက်စွဲပါကြေညာချက်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ်ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ၂၄-၃-၂၀၂၀ ရက်စွဲပါကြေညာချက်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများအားဗီဇာကင်းလွတ်ခွင့်နှင့် လူမှုရေးဗီဇာ အပါအဝင် မည်သည့်ပြည်ဝင်ဗီဇာ အမျိုးအစား
ကိုမဆို ယာယီရပ်ဆိုင်းမှုနှင့်စပ်လျဉ်း၍ ၂၈-၃-၂၀၂၀ ရက်စွဲပါကြေညာချက်များအပါအဝင်အထက်ဖော်ပြပါ ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းများမှ ဝန်ထမ်းများအပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေး လေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/ အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံကြရမည်ဟု နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ညတွင် ထုတ်ပြန်သည်။

Zaw Gyi

ကိုဗစ္ဆိုင္ရာကန႔္သတ္ခ်က္မ်ားအား ဒီဇင္ဘာ၃၁ရက္အထိထပ္မံတိုးျမႇင့္

ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ စပ္လ်ဥ္းသည့္ ႀကိဳတင္ကာကြယ္ေရးဆိုင္ရာ ကန႔္သတ္ခ်က္မ်ားအား ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိတိုးျမႇင့္သတ္မွတ္ေၾကာင္း နစကက ယေန႔တြင္ ေၾကညာခ်က္ထုတ္ျပန္သည္။

ထပ္မံတိုးျမႇင့္လိုက္သည့္ ကန႔္သတ္ခ်က္မ်ားထဲ ျမန္မာနိုင္ငံသို႔ လာေရာက္ၾကသည့္ ခရီးသြားမ်ားအေပၚ ႀကိဳတင္ကာကြယ္ေရးကန႔္သတ္ခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ၁၅-၃-၂၀၂၀ ရက္စြဲပါ ေၾကညာခ်က္၊ ျမန္မာနိုင္ငံသို႔ လာေရာက္ၾကသည့္ ခရီးသြားမ်ားအေပၚ ႀကိဳတင္ကာကြယ္ေရးထပ္တိုးကန႔္သတ္ခ်က္မ်ားႏွင့္ ဆိုက္ေရာက္ဗီဇာႏွင့္ အီလက္ထေရာနစ္ဗီဇာ ထုတ္ေပးျခင္းမ်ားအား ယာယီရပ္ဆိုင္းမွုတို႔ႏွင့္စပ္လ်ဥ္း၍ ၂၀-၃-၂၀၂၀ ရက္စြဲပါေၾကညာခ်က္၊ ကမၻာ့နိုင္ငံအသီးသီးမွ ျမန္မာနိုင္ငံသို႔ လာေရာက္ၾကသည့္ ခရီးသြားမ်ားအေပၚႀကိဳတင္ကာကြယ္ေရး ထပ္တိုးကန႔္သတ္ခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ၂၄-၃-၂၀၂၀ ရက္စြဲပါေၾကညာခ်က္၊ ကမၻာ့နိုင္ငံအသီးသီးမွ ျမန္မာနိုင္ငံသို႔ လာေရာက္ၾကမည့္ နိုင္ငံျခားသားမ်ားအားဗီဇာကင္းလြတ္ခြင့္ႏွင့္ လူမွုေရးဗီဇာ အပါအဝင္ မည္သည့္ျပည္ဝင္ဗီဇာ အမ်ိဳးအစား
ကိုမဆို ယာယီရပ္ဆိုင္းမွုႏွင့္စပ္လ်ဥ္း၍ ၂၈-၃-၂၀၂၀ ရက္စြဲပါေၾကညာခ်က္မ်ားအပါအဝင္အထက္ေဖာ္ျပပါ ျပည္ဝင္ခြင့္ ယာယီကန႔္သတ္မွုဆိုင္ရာ အစီအမံမ်ားအားလုံးကို ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔ အထိ ထပ္မံတိုးျမႇင့္သတ္မွတ္လိုက္ျခင္းျဖစ္သည္။

သို႔ရာတြင္ အေရးေပၚ အစိုးရတာဝန္ျဖင့္ျဖစ္ေစ၊ မလႊဲမေရွာင္သာေသာ ကိစၥရပ္မ်ားေၾကာင့္ ျဖစ္ေစ၊ ျပည္ပနိုင္ငံသားမ်ား (သံတမန္မ်ားႏွင့္ ကုလသမဂၢလက္ေအာက္ခံ အဖြဲ႕ အစည္းမ်ားမွ ဝန္ထမ္းမ်ားအပါအဝင္)အေနျဖင့္ ျမန္မာနိုင္ငံသို႔ ပ်ံသန္းေျပးဆြဲရန္ရွိမည့္ ကယ္ဆယ္ေရး ေလယာဥ္(သို႔မဟုတ္) အထူးေလယာဥ္မ်ားျဖင့္ လာေရာက္ရန္ရွိပါက ျပည္ဝင္ခြင့္ဗီဇာဆိုင္ရာ ကန႔္သတ္မွုမ်ားမွ ကင္းလြတ္ခြင့္ရရွိနိုင္ရန္အတြက္ ျပည္ပနိုင္ငံမ်ားရွိ အနီးဆုံး ျမန္မာသံ႐ုံး/ အဖြဲ႕႐ုံး/ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမ်ားသို႔ ဆက္သြယ္အကူအညီ ေတာင္းခံၾကရမည္ဟု နစက နိုင္ငံျခားေရးဝန္ႀကီးဌာနက ယေန႔ညတြင္ ထုတ္ျပန္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here