ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှုများ ပြန်လည်မြင့်တက်

0
572

(Unicode)

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှုများ ပြန်လည်မြင့်တက်

နိုဝင်ဘာလ ၁၈ရက်နေ့မှာ ဗီယက်နမ်နိုင်ငံရဲ့ ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်းဟာ တစ်ရက်အတွင်း လူဦးရေ ၁၀၂၃၃ဦးရှိခဲ့ပြီး ဒါဟာ စက်တင်ဘာလမှ ယခုနိုဝင်ဘာလအထိ ကူးစက်မှုနှုန်း ၁သောင်းကျော် ပထမဆုံးပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့အတွက် ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးနေချိန်မှာပဲ တစ်ဖက်မှာလည်း ရောဂါပိုးတွေ့ရှိမှုတွေက တရိပ်ရိပ်နဲ့ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

ဖြေလျှော့ပေးခဲ့တဲ့ကန့်သတ်ချက်တွေထဲ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ စက်ရုံတွေကို ပြန်လည်ဖွင့်လှစ်စေခဲ့ပြီး ဒါဟာရပ်တန့်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်ဖြစ်ကာ ယခုအချိန်မှာတော့ ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အပေါ် ပြည်သူတွေကလည်း စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

ဗီယက်နမ်အစိုးရအနေနဲ့လည်း လူတိုင်းကာကွယ်ဆေးထိုးနှံဖို့ တိုက်တွန်းနေတာရှိပြီး စားသောက်ဆိုင်တွေနဲ့ ဘားတွေကိုတော့ ပြန်လည်ပိတ်သိမ်းဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။

Source – NHK
Photo – Financial Times

(Zawgyi)

ဗီယက္နမ္ႏိုင္ငံတြင္ ကိုဗစ္ကူးစက္မႈမ်ား ျပန္လည္ျမင့္တက္

ႏိုဝင္ဘာလ ၁၈ရက္ေန႔မွာ ဗီယက္နမ္ႏိုင္ငံရဲ႕ ကိုဗစ္ေရာဂါပိုးကူးစက္မႈႏႈန္းဟာ တစ္ရက္အတြင္း လူဦးေရ ၁၀၂၃၃ဦးရွိခဲ့ၿပီး ဒါဟာ စက္တင္ဘာလမွ ယခုႏိုဝင္ဘာလအထိ ကူးစက္မႈႏႈန္း ၁ေသာင္းေက်ာ္ ပထမဆုံးျပန္လည္ျမင့္တက္လာတာျဖစ္ပါတယ္။

စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ဦးေမာ့လာဖို႔အတြက္ ကန႔္သတ္ခ်က္အခ်ိဳ႕ကို ေျဖေလွ်ာ့ေပးေနခ်ိန္မွာပဲ တစ္ဖက္မွာလည္း ေရာဂါပိုးေတြ႕ရွိမႈေတြက တရိပ္ရိပ္နဲ႔ ျပန္လည္ျမင့္တက္လာတာျဖစ္ပါတယ္။

ေျဖေလွ်ာ့ေပးခဲ့တဲ့ကန႔္သတ္ခ်က္ေတြထဲ စားေသာက္ဆိုင္ေတြ၊ ဘားေတြနဲ႔ စက္႐ုံေတြကို ျပန္လည္ဖြင့္လွစ္ေစခဲ့ၿပီး ဒါဟာရပ္တန႔္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြအတြက္ျဖစ္ကာ ယခုအခ်ိန္မွာေတာ့ ကူးစက္မႈေတြ ျပန္လည္ျမင့္တက္လာတဲ့အေပၚ ျပည္သူေတြကလည္း စိုးရိမ္ေနၾကတယ္လို႔ဆိုပါတယ္။

ဗီယက္နမ္အစိုးရအေနနဲ႔လည္း လူတိုင္းကာကြယ္ေဆးထိုးႏွံဖို႔ တိုက္တြန္းေနတာရွိၿပီး စားေသာက္ဆိုင္ေတြနဲ႔ ဘားေတြကိုေတာ့ ျပန္လည္ပိတ္သိမ္းဖို႔ၫႊန္ၾကားထားတယ္လို႔သိရပါတယ္။

Source – NHK
Photo – Financial Times


LEAVE A REPLY

Please enter your comment!
Please enter your name here