ကိုရီးယားရောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေမည့် မြန်မာကလေးတွေ သံရုံးမှာစာရင်းသွင်းနိုင်

0
301

(Unicode)

ကိုရီးယားရောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေမည့် မြန်မာကလေးတွေ သံရုံးမှာစာရင်းသွင်းနိုင်

ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ကတဆင့် ပြည်ပရောက်နေတဲ့ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်ခွင့်စာ မေးပွဲကို ပြင်ပဖြေအဖြစ်ဖြေဆိုမဲ့ မြန်မာကျောင်း သားတွေအနေနဲ့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့အတူ နိုဝင်ဘာ ၂၄ ရက်နောက်ဆုံးထားပြီး မနက် ၉ နာရီခွဲကနေ ည နေ ၅ နာရီအထိ စာရင်းပေးသွင်းနိုင်တယ်လို့ နို ဝင်ဘာ ၁၉ ရက်မှာ သံရုံးကထုတ်ပြန်ခဲ့ပါတယ်။

မိဘတွေနဲ့အတူရောက်ရှိနေသူတွေအတွက် မိဘတွေနဲ့စာမေးပွဲဖြေမဲ့ကလေးရဲ့ သက်တမ်းရှိတဲ့နိုင် ငံကူးလက်မှတ်မိတ္တူ၊ဗီဇာအမျိုးအစားနဲ့ဗီဇာတံ ဆိပ်တုံးပါရှိတဲ့ စာမျက်နှာမိတ္တူ လိုအပ်ပါတယ်။

ကိုရီးယားနိုင်ငံကထုတ်ပေးထားတဲ့ နေထိုင်ခွင့်ပြုမှတ်ပုံတင်အထောက်အထားကဒ် မိတ္တူလည်းလိုပါတယ်။ဒါ့အပြင် ကိုရီးယားနိုင်ငံကိုရောက်ရှိနေရတဲ့အကြောင်းအထောက်အထားလည်းလိုပါတယ်။

ဒသမတန်းဖြေဆိုခဲ့တဲ့ ခုနှစ်၊ခုံအမှတ်နဲ့စာစစ်ဌာန၊လျှောက်လွှာနဲ့တံဆိပ်ခေါင်းဖိုး ဝမ် ၁၀၀၀ လည်းလိုအပ်ပြီး ဖြေဆိုမဲ့စိတ်ကြိုက်ဘာသာတွဲကိုလည်း ရေးသားထားရမှာပါ။

သတ်မှတ်ရက်ကျော်မှရောက်လာတဲ့လျှောက်လွှာတွေကိုတော့ လက်ခံဆောင်ရွက်ပေးသွားမှာမ ဟုတ်ပါဘူးလို့ ထုတ်ပြန်ထားပါတယ်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here