Looking for something?

Explore the website

Looking for something?

Thursday, August 14, 2025

မြဝတီမြို့တွင် စက်သုံးဆီ ပြတ်လပ်‌လာကာ စက်သုံးဆီဆိုင်အချို့...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် အခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်လာခြင်းကြောင့် စက်သုံးဆီဆိုင်အချို့ပိတ်ထားရပြီး ဆီလက်ကျန်ရှိသည့် ဆိုင်များတွင်သာ တန်းစီဝယ်ယူနေရကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ မြို့တွင်းဆိုင်အချို့မှာ ယမန်နေ့ ညနေပိုင်းအချိန်ခန့်မှစတင်၍ ပိတ်ထားရခြင်းဖြစ်ပြီး...

ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်းနှင့် ဦးကုလား မဟာရာဇဝင်ကြီးစာအုပ်များလှူဒါန်း

ဒေလီက္ကသိုလ်၌တက်ရောက်နေသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ(မိသားစု)မှ ပဋိကသုံးပုံပါဠိတော်(မြန်မာ၊ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်း၊ ဦးကုလား...

မြောက်ဒဂုံရှိ “ရွှေစင်” အကယ်ဒမီ ရွှေဆိုင်...

မြောက်ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင် ဓားမြတို-က်ခံရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်ကအမည်မသိလူတစ်စုသည် ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်နှင့်...

ယခုနှစ်အတွက် ချီးမြှင့်မည့် World MMA...

Fighter Only မဂ္ဂဇင်းက ရွေးချယ်သည့် (၁၇)ကြိမ် မြောက် World MMA Awards တွင် ထည့်သွင်းချီးမြှင့်မည့်ဆုများအနက် ဆုနှစ်ခု၏ ပဏာမစာရင်းတွင်...
HomeNewsLocal Newsကိုဗစ်(၁၉)စစ်ဆေးရေးဂိတ် နဲ့ကုသရေး အဆောင်တွေမှာ...

ကိုဗစ်(၁၉)စစ်ဆေးရေးဂိတ် နဲ့ကုသရေး အဆောင်တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ လက်နက်ငယ်တွေ နဲ့ပစ်ခတ်မှုတွေဖြစ်

ကိုဗစ်(၁၉)စစ်ဆေးရေးဂိတ် နဲ့ကုသရေး အဆောင်တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ လက်နက်ငယ်တွေ နဲ့ပစ်ခတ်မှုတွေဖြစ်
မန္တလေးတိုင်း၊မတ္တရာမြို့အဝင်က ဒင်္ဂါးချောင်း ကိုဗစ်(၁၉)ရောဂါတားဆီးကာကွယ်ရေးစစ်ဆေးရေးဂိတ်နားက လမ်းဘေးမှာထောင်ထားတဲ့ လက်လုပ်ဗုံးဟာ နိုဝင်ဘာ ၁၂ ရက်မနက် ၈ နာရီ ၅၀ မိနစ်မှာပေါက်ကွဲခဲ့တယ်လို နစက ကထုတ်ပြန်ခဲ့ပါတယ်။
“အဲဒီဂိတ်က ကိုဗစ်စစ်ဆေးရေးဂိတ်ဆိုပေမဲ့ စစ်သားတွေကော ရဲတွေကောပဲစောင့်နေကြတာ၊ဂိတ်ကတော့အရင်ထဲကရှိတယ် အဲဒီတုန်း က ကျန်းမာရေးဝန်ထမ်းတွေရယ် ကြက်ခြေနီရယ် မီးသတ်ရယ်လောက်ပဲရှိတယ် ဗုံးပေါက်တဲ့အသံတော့ကြားလိုက်တယ် ဂိတ်နဲ့နည်းနည်း လှမ်းတော့ဒဏ်ရာရတဲ့သူ သေတဲ့သူတော့မရှိဘူးကြားတယ် ဖြစ်ပြီးပြီးချင်း စစ်သားတွေကော ရဲတွေကောရှုတ်သွားတာပဲ တော်တော် လည်း စစ်နေတာတွေ့တယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
အလားတူပဲ မင်းတပ်မြို့က ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရသူ (၆၃)ယောက်ကို ကုသပေးနေတဲ့ မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံဝင်းထဲက အဆောင်တွေကို နိုဝင်ဘာ ၁၁ ရက်မနက် ၁၀ နာရီခွဲလောက်က လက်နက်ငယ်တွေနဲ့ပစ်ခတ်ခံခဲ့ရပါတယ်။
ပစ်ခတ်ခံရတဲ့နေရာကို လုံခြုံရေးအဖွဲက စစ်ဆေးတဲ့အခါမှာ ရေပိုက်တွေ ပြတင်းပေါက်တံခါးမှန်တွေနဲ့အဆောင်နံရံတွေဟာ ကျည်ထိမှန် ပျက်စီး ခဲ့တာကြောင့် ကိုဗစ်(၁၉)ရောဂါတွေ့ရှိသူတွေကို ဘဝသစ်ရပ်ကွက်က မြိုမနှစ်ချင်းဘုရားကျောင်းဝင်းထဲက သီးသန့်အဆောင်ကို ရွှေ့ပြီးဆက်လက်ကုသပေးနေပါတယ်။
ဖြစ်စဥ်နှစ်ခုမှာ လူသေဆုံး ဒဏ်ရာရတာမရှိခဲ့ဘူးလို နစက ရဲ့ထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်။
Zaw Gyi






Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071