ကလောမြို့မှာ လူငါးယောက်ထက်မစုရန် နဲ့ ညမထွက်ရအမိန့်ထုတ်ပြန်

0
115

ကလောမြို့မှာ လူငါးယောက်ထက်မစုရန် နဲ့ ညမထွက်ရအမိန့်ထုတ်ပြန်

ကလောမြို့နယ်အတွင်းမှာရှိတဲ့ လမ်းမကြီးတွေ၊ အများပြည်သူ သွားလာတဲ့လမ်းတွေ၊ လမ်းသွယ်၊ လမ်းကြားတွေ၊ ဥယျာဥ်တွေ ၊အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ လူငါးယောက်နဲ့ အထက်ပိုပြီး စုဝေးတာနဲ့ည ၁၀ နာရီကနေမနက် ၄ နာရီအတွင်း မထွက်ဖို့အတွက် ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“အဲ့လိုကြေညာထားတာတော့သိတယ် ညဖက်ဆိုရင် အသံချဲ့စက်နဲ့ရပ်ကွက်ထဲတွေလိုက်အော်တယ် မလိုလားအပ်တဲ့ဖြစ်ရပ်တွေမဖြစ်ဖို့အတွက် အခုလိုညမထွက်ရအမိန့်ထုတ်တာဖြစ်ပါလိမ့်မယ် လုံခြုံရေးအတွက်စိတ်ချရတဲ့အနေအထားဖြစ်အောင်လုပ်တာလည်းပါမှာပါ”လိုကလောမြို့ခံတစ်ယောက်ကပြောပါတယ်။

ကလောမြို့နယ်အတွင်းမှာ လူစုလူဝေးနဲ့ ဟောပြောတာ၊ယာဥ်တစ်မျိုးမျိုးနဲ့ဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ် စီတန်းလှည့်လည်တာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

အခုထုတ်ပြန်လိုက်တဲ့အမိန့်ကြေညာချက်ဟာ နောက်ထပ်အမိန့်တစ်စုံတစ်ရာမရမခြင်း အတည်ဖြစ်တယ်လို့လည်း ထုတ်ပြန်ကြေညာချက်မှာရေးသားထားပါတယ်။

Zaw Gyi

ကေလာၿမိဳ႕မွာ လူငါးေယာက္ထက္မစုရန္ နဲ႔ ညမထြက္ရအမိန္႔ထုတ္ျပန္

ကေလာၿမိဳ႕နယ္အတြင္းမွာရွိတဲ့ လမ္းမႀကီးေတြ၊ အမ်ားျပည္သူ သြားလာတဲ့လမ္းေတြ၊ လမ္းသြယ္၊ လမ္းၾကားေတြ၊ ဥယ်ာဥ္ေတြ ၊အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ေနရာေတြမွာ လူငါးေယာက္နဲ႔ အထက္ပိုၿပီး စုေဝးတာနဲ႔ည ၁၀ နာရီကေနမနက္ ၄ နာရီအတြင္း မထြက္ဖို႔အတြက္ ကေလာၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက ႏိုဝင္ဘာ ၄ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

“အဲ့လိုေၾကညာထားတာေတာ့သိတယ္ ညဖက္ဆိုရင္ အသံခ်ဲ႕စက္နဲ႔ရပ္ကြက္ထဲေတြလိုက္ေအာ္တယ္ မလိုလားအပ္တဲ့ျဖစ္ရပ္ေတြမျဖစ္ဖို႔အတြက္ အခုလိုညမထြက္ရအမိန္႔ထုတ္တာျဖစ္ပါလိမ့္မယ္ လုံၿခဳံေရးအတြက္စိတ္ခ်ရတဲ့အေနအထားျဖစ္ေအာင္လုပ္တာလည္းပါမွာပါ”လိုကေလာၿမိဳ႕ခံတစ္ေယာက္ကေျပာပါတယ္။

ကေလာၿမိဳ႕နယ္အတြင္းမွာ လူစုလူေဝးနဲ႔ ေဟာေျပာတာ၊ယာဥ္တစ္မ်ိဳးမ်ိဳးနဲ႔ျဖစ္ျဖစ္ လူကိုယ္တိုင္ျဖစ္ျဖစ္ စီတန္းလွည့္လည္တာေတြ မလုပ္ဖို႔လည္း တားျမစ္ထားပါတယ္။

အခုထုတ္ျပန္လိုက္တဲ့အမိန္႔ေၾကညာခ်က္ဟာ ေနာက္ထပ္အမိန္႔တစ္စုံတစ္ရာမရမျခင္း အတည္ျဖစ္တယ္လို႔လည္း ထုတ္ျပန္ေၾကညာခ်က္မွာေရးသားထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here