ယခုမီနီဘတ်ဂျတ်ခြောက်လကာလအတွင်း တစ်အိမ်သုံးဆိုလာစနစ်ဖြင့် အိမ်ခြေ သုံးသောင်းကျော် မီးလင်းရေးဆောင်ရွက်မည်

0
915

(Unicode)

ယခုမီနီဘတ်ဂျတ်ခြောက်လကာလအတွင်း တစ်အိမ်သုံးဆိုလာစနစ်ဖြင့် အိမ်ခြေ သုံးသောင်းကျော် မီးလင်းရေးဆောင်ရွက်မည်

နေပြည်တော် အောက်တိုဘာ ၂၇

ယခု ၂၀၂၁-၂၀၂၂ ခြောက်လတာ မီနီဘတ်ဂျတ်ကာလတွင် နိုင်ငံတစ်ဝန်းရှိ အိမ်ခြေပေါင်း သုံးသောင်းကျော်ကို မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများနှင့် နိုင်ငံတစ်ဝန်းလျှပ်စစ်မီးရရှိ အသုံးပြုနိုင်ရေးအတွက် NEP စီမံကိန်း ဖြင့် အသေးစားဓာတ်အားစနစ်နှင့် တစ်အိမ်သုံးဆိုလာစနစ်တို့ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခု ၂၀၂၁-၂၀၂၂ ခြောက်လတာ မီနီဘတ်ဂျတ်ကာလ တွင် အသေးစားဓာတ်အားစနစ်ဖြင့် အိမ်ခြေ ၄၀၀၀ ကျော်၊ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် အိမ်ခြေ သုံးသောင်းကျော်တို့ကို မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

” မနှစ်က ဘတ်ဂျတ်ကာလမှာ မဆောင်ရွက်ဖြစ်ခဲ့တဲ့ရွာတွေက အိမ်ခြေတွေရော ဒီခြောက်လမီနီဘတ်ဂျတ်မှာ ပေါင်းပြီး ဆောင်ရွက်မှာပါ။ အိမ်ခြေပေါင်း ၃၉၀၀၀ လောက်ရှိပါတယ်။ ဒီ တစ်အိမ်သုံးဆိုလာစနစ်က တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆောင်ရွက်တာပါ။ ဒီနှစ်မှာ မပါတာဆိုလို့ ရန်ကုန်တိုင်းတို့ ကယားပြည်နယ်တို့ပဲမပါတာပါ။ အဲ့ဒါကလဲ မဟာဓတ်အားလိုင်းရောက်ရှိတဲ့ နေရာတွေမို့ပါ” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဥိး ကပြောသည်။

အဆိုပါ မီးလင်းရေးလုပ်ငန်းများအတွက် တင်ဒါများခေါ်ယူစိစစ်ဆောင်ရွက်လျက်ရှိပြီး လုပါငန်းများအားလုံးကို လာမည့် နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

(Zawgyi)

ယခုမီနီဘတ္ဂ်တ္ေျခာက္လကာလအတြင္း တစ္အိမ္သုံးဆိုလာစနစ္ျဖင့္ အိမ္ေၿခ သုံးေသာင္းေက်ာ္ မီးလင္းေရးေဆာင္ရြက္မည္

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၇

ယခု ၂၀၂၁-၂၀၂၂ ေျခာက္လတာ မီနီဘတ္ဂ်တ္ကာလတြင္ နိုင္ငံတစ္ဝန္းရွိ အိမ္ေျခေပါင္း သုံးေသာင္းေက်ာ္ကို မီးလင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ သိရသည္။

နိုင္ငံေတာ္အစိုးရအေနျဖင့္ ေက်းလက္ေနျပည္သူမ်ားႏွင့္ နိုင္ငံတစ္ဝန္းလၽွပ္စစ္မီးရရွိ အသုံးျပဳနိုင္ေရးအတြက္ NEP စီမံကိန္း ျဖင့္ အေသးစားဓာတ္အားစနစ္ႏွင့္ တစ္အိမ္သုံးဆိုလာစနစ္တို႔ျဖင့္ မီးလင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိရာ ယခု ၂၀၂၁-၂၀၂၂ ေျခာက္လတာ မီနီဘတ္ဂ်တ္ကာလ တြင္ အေသးစားဓာတ္အားစနစ္ျဖင့္ အိမ္ေၿခ ၄၀၀၀ ေက်ာ္၊ တစ္အိမ္သုံးဆိုလာစနစ္ျဖင့္ အိမ္ေၿခ သုံးေသာင္းေက်ာ္တို႔ကို မီးလင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

” မႏွစ္က ဘတ္ဂ်တ္ကာလမွာ မေဆာင္ရြက္ျဖစ္ခဲ့တဲ့ရြာေတြက အိမ္ေျခေတြေရာ ဒီေျခာက္လမီနီဘတ္ဂ်တ္မွာ ေပါင္းၿပီး ေဆာင္ရြက္မွာပါ။ အိမ္ေျခေပါင္း ၃၉၀၀၀ ေလာက္ရွိပါတယ္။ ဒီ တစ္အိမ္သုံးဆိုလာစနစ္က တစ္နိုင္ငံလုံးအတိုင္းအတာအေနနဲ႔ေဆာင္ရြက္တာပါ။ ဒီႏွစ္မွာ မပါတာဆိုလို႔ ရန္ကုန္တိုင္းတို႔ ကယားျပည္နယ္တို႔ပဲမပါတာပါ။ အဲ့ဒါကလဲ မဟာဓတ္အားလိုင္းေရာက္ရွိတဲ့ ေနရာေတြမို႔ပါ” ဟု ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဥိး ကေျပာသည္။

အဆိုပါ မီးလင္းေရးလုပ္ငန္းမ်ားအတြက္ တင္ဒါမ်ားေခၚယူစိစစ္ေဆာင္ရြက္လ်က္ရွိၿပီး လုပါငန္းမ်ားအားလုံးကို လာမည့္ နိုဝင္ဘာလကုန္ ဒီဇင္ဘာလဆန္းပိုင္းတြင္ စတင္ေဆာင္ရြက္နိုင္မည္ျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here