ရခိုင်ပြည်နယ်တွင်း အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ဆောင်ရွက်

0
129

(Unicode)

ရခိုင်ပြည်နယ်တွင်း အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ဆောင်ရွက်

ရခိုင်ပြည်နယ်တွင်းက တိုင်းရင်းသားလူငယ် တွေ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး Teaching Assistance(TA) နဲ့ Language Teacher(LA)ဆရာ၊ဆရာမတွေကို ပြည်နယ်အတွင်း ခန့်အပ်တာဝန်ပေးထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

ပြည်နယ်အတွင်းက တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆွေးနွေးစဉ်မှာ ပြောဆိုခဲ့တာပါ။

ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်အတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတို့ရဲ့ လူမှုစီးပွါးဘဝတိုးတက် မြင့်မားရေးနဲ့ ရိုးရာဓလေ့စရိုက်များ မပျောက် ပျက်အောင်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလူမျိုးတွေအနေနဲ့ မိမိတို့ရဲ့ စကား၊စာပေ၊အနုပညာ ၊ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးတမ်းတို့ကို ဖော်ထုတ်ခြင်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။

အဲ့ဒီ့အတွက် ပြည်နယ်အစိုးရအနေနဲ့ တတ်နိုင်စမျှ ထောက်ပံ့ပေးမှာဖြစ်ပြီး ပြည်နယ်တွင်းမှာ လုပ်ဆောင်နေတဲ့ ကိုဗစ်၁၉ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ပန်းခင်းစီမံချက်လုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီတဲ့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှုအသင်း ၁၀ခုထက်မနည်းရှိပြီး ၎င်းတို့မှာ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ခမီစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ဒိုင်းနက်(သက္ကမ)စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ မာရမာကြီးစာပေနှင့် ယဉ်ကျေးမှုအသင်း၊ မြိုစာပေနှင့်ယဉ်ကျေးမှုအသင်း၊ မြိုစာပေနှင့်ရိုးရာယဉ်ကျေးမှုဖော်ထုတ်ရေးအသင်း၊ သက်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ စုမ်းတူ(ချင်း)စာပေနှင့်ယဉ်ကျေးမှုအသင်း၊လေးတူ(ချင်း)စာပေနှင့်ယဉ်ကျေးမှုအသင်း၊ အရှို(ချင်း)စာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ဥ(ပ်)ပူး(ချင်း)စာပေနှင့် ယဉ်ကျေးမှုအသင်းတို့ဖြစ်ပါတယ်။

(Zawgyi)

ရခိုင္ျပည္နယ္တြင္း အလုပ္အကိုင္အခြင့္အလမ္း ရရွိေစေရးအတြက္ ျပည္နယ္အစိုးရအဖြဲ႕ ေဆာင္႐ြက္

ရခိုင္ျပည္နယ္တြင္းက တိုင္းရင္းသားလူငယ္ ေတြ အလုပ္အကိုင္အခြင့္အလမ္းရရွိေစေရးအတြက္ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာ ဝန္ႀကီးဌာနနဲ႔ ပညာေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းၿပီး Teaching Assistance(TA) နဲ႔ Language Teacher(LA)ဆရာ၊ဆရာမေတြကို ျပည္နယ္အတြင္း ခန္႔အပ္တာဝန္ေပးထားၿပီးျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ျပည္နယ္အတြင္းက တိုင္းရင္းသားစာေပနဲ႔ ယဥ္ေက်းမႈအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံကာ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကိစၥရပ္မ်ားေဆြးေႏြးစဥ္မွာ ေျပာဆိုခဲ့တာပါ။

ျပည္နယ္အစိုးရအေနနဲ႔ ျပည္နယ္တြင္း တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ျပည္နယ္အတြင္းေနထိုင္ၾကတဲ့ တိုင္းရင္းသားတို႔ရဲ႕ လူမႈစီးပြါးဘဝတိုးတက္ ျမင့္မားေရးနဲ႔ ႐ိုးရာဓေလ့စ႐ိုက္မ်ား မေပ်ာက္ ပ်က္ေအာင္ေဆာင္႐ြက္လ်က္ရွိၿပီး တိုင္းရင္းသားလူမ်ိဳးေတြအေနနဲ႔ မိမိတို႔ရဲ႕ စကား၊စာေပ၊အႏုပညာ ၊ယဥ္ေက်းမႈနဲ႔ ႐ိုးရာဓေလ့ထုံးတမ္းတို႔ကို ေဖာ္ထုတ္ျခင္းနဲ႔ ထိန္းသိမ္းေစာင့္ေရွာက္ျခင္းတို႔ကို ပူးေပါင္းေဆာင္႐ြက္ရန္လိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီ့အတြက္ ျပည္နယ္အစိုးရအေနနဲ႔ တတ္ႏိုင္စမွ် ေထာက္ပံ့ေပးမွာျဖစ္ၿပီး ျပည္နယ္တြင္းမွာ လုပ္ေဆာင္ေနတဲ့ ကိုဗစ္၁၉ကာကြယ္ေဆးထိုးလုပ္ငန္းနဲ႔ ပန္းခင္းစီမံခ်က္လုပ္ငန္းေတြမွာ ဝိုင္းဝန္းကူညီတဲ့ တိုင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈအသင္းအဖြဲ႕မ်ားကို ေက်းဇူးတင္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ တိုင္းရင္းသားစာေပႏွင့္ယဥ္ ေက်းမႈအသင္း ၁၀ခုထက္မနည္းရွိၿပီး ၄င္းတို႔မွာ ရခိုင္စာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕၊ ခမီစာေပႏွင့္ယဥ္ေက်းမႈအသင္း၊ ဒိုင္းနက္(သကၠမ)စာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ၊ မာရမာႀကီးစာေပႏွင့္ ယဥ္ေက်းမႈအသင္း၊ ၿမိဳစာေပႏွင့္ယဥ္ေက်းမႈအသင္း၊ ၿမိဳစာေပႏွင့္႐ိုးရာယဥ္ေက်းမႈေဖာ္ထုတ္ေရးအသင္း၊ သက္စာေပႏွင့္ယဥ္ေက်းမႈအသင္း၊ စုမ္းတူ(ခ်င္း)စာေပႏွင့္ယဥ္ေက်းမႈအသင္း၊ေလးတူ(ခ်င္း)စာေပႏွင့္ယဥ္ေက်းမႈအသင္း၊ အရႈိ(ခ်င္း)စာေပႏွင့္ယဥ္ေက်းမႈအသင္းႏွင့္ ဥ(ပ္)ပူး(ခ်င္း)စာေပႏွင့္ ယဥ္ေက်းမႈအသင္းတို႔ျဖစ္ပါတယ္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here