သက်သာ စျေးနှုန်းဖြင့် စားအုန်းဆီများကို နေပြည်တော်တွင် ဝယ်ယူရရှိနိုင်

0
55

သက်သာ စျေးနှုန်းဖြင့် စားအုန်းဆီများကို နေပြည်တော်တွင် ဝယ်ယူရရှိနိုင်

စားအုန်းဆီတွေကို စျေးသက်သာစွာနဲ့ ဝယ်ယူနိုင်ဖို့ အတွက် စီးပွါး ကူးသန်းဝန်ကြီး ဌာနနဲ့ မြန် မာနိုင်ငံဆီ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး ရောင်းချပေးခဲ့တာဟာ တန်ချိန် ၁သောင်းကျော် ရှိပြီလို့ သိရပါတယ်။

ရန်ကုန်၊မန္တလေး၊ စစ်ကိုင်း၊ပဲခူး၊ မကွေး၊ရှမ်း၊ တင်္နသာရီတို့ကို ရောင်းချပေးခဲ့ပြီးဖြစ်ပြီး လက်ရှိနေပြည်တော်မှာတော့ ၁၅ရက်နေ့ကစပြီး တန်ချိန် ၃၆ တန်ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

နေပြည်မှာ လက်ကား ဝယ်ယူတဲ့ လုပ်ငန်းရှင် တွေကို တပိဿာ ၃၈၂၀နှုန်း၊ လက်လီ အရောင်းဆိုင်တွေကိုတော့ သယ်ယူပို့ဆောင် စရိတ် ထပ်ပေါင်းပြီး အသားတင်အကျိုးအမြတ် ၂% ထက်မပိုတဲ့စျေးနှုန်း ၁ပိဿာကို ၃၉၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

ရောင်းချလိုသူ လုပ်ငန်းရှင်တွေ အနေနဲ့ နေပြည်တော် ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်း၊ပွဲရုံတန်း ၊မြို့မစျေးမှာ ဝယ်ယူနိုင်ပြီး အဟာရ သုခစျေး၊ ပျဉ်းမနား၊သပြေကုန်း၊တပ်ကုန်း၊လယ်ဝေးစျေးနဲ့ နေပြည်တော်စျေးအသီးသီးတို့မှာ ရောင်းချပေးသွားမယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here