Saturday, December 13, 2025

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...
HomeNewsLocal Newsမူဆယ်(၁၀၅)မိုင်တွင် ဆောက်ရွက်နေသည့် ကုတင်...

မူဆယ်(၁၀၅)မိုင်တွင် ဆောက်ရွက်နေသည့် ကုတင် ၁၀၀၀ ကိုဗစ်ပိုးတွေ့လူနာ ကုသရေးစင်တာ ယခုလဝက်တွင် ရာနှုန်းပြည့် ပြီးစီးမည်

မူဆယ်(၁၀၅)မိုင်တွင် ဆောက်ရွက်နေသည့် ကုတင် ၁၀၀၀ ကိုဗစ်ပိုးတွေ့လူနာ ကုသရေးစင်တာ ယခုလဝက်တွင် ရာနှုန်းပြည့်ပြီးစီးမည်

နေပြည်တော် စက်တင်ဘာ ၇

 မူဆယ် (၁၀၅) မိုင်တွင် ဆောင်ရွက်လျက် ရှိသည့် ကုတင် ၁၀၀၀ ဆံ့ ကိုဗစ်ပိုးတွေ့လူနာများ ထားရှိကုသမည့် ကုသရေးစင်တာ မှု ယခု စက်တင်ဘာလ လဝက်ခန့်တွင် ရာနှုန်းပြည်ပြီးစီးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 အဆိုပါ ပိုးတွေ့လူနာကုသရေးစင်တာမှာ မြန်မာ-တရုတ် ကုန်သွယ်ရေးကဏ္ဍ ပြန်လညိဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါများ စစ်ဆေးပြီး ရောဂါကင်းစင်သူများကိုသာ တစ်ဖက်နိုင်ငံသို့ ဝင်ရောက်နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူများကို ၎င်း စင်တာတွင် ထားရှိကာ တရုနိုင်ငံမှ ကုသမည့် ဆေးပညာရှင်များဖြင့် ပူးပေါင်း ဆောင်ရွက်ကာ ကုသပေးနိုင်ရေး၊ ဆေးဝါးနှင့် ဆေးဝါးပစ္စည်း များ ကူညီထောက်ပံ့ပေးနိုငိရေးတို့ကို ညှိနှိုင်း ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ကုတင် ၁၀၀၀ ဆံ့ ပိုးတွေ့လူနာထားရှိကုသရေး စင်တာဆောက်ရွက်မှု မကြာမီ ပြီးစီမည်ဖြစ်သော်လည်း ကုသရေး ဆရာဝန်များ၊ သူနာပြုများလိုအပ်လျက် ရှိနေသေးကြောင်း သိရသည်။

 “ ဒီကိုဗစ်စင်တာက ဒီလ ၁၅ ရက်နေ့လောက်ဆိုအားလုံးပြီးပြီ။ လိုအပ်တဲ့ ကုတင်တွေ၊ စောင်တွေ၊ ခေါင်းအုံးတွေ စတာတွေအားလုံး ကတော့ ပြည့်စုံနေပြီ။ ဆေးကုသဖို့ စက်ပစ္စည်းတွေကတော့ လိုသေးတယ်။ ဆေးဝါးတွေကတော့ ရောက်နေတာတွေရောက်နေပါပြီ။ တရုတ်နိုင်ငံဘက်ကို အကူအညီတောင်းထားပါတယ်။ ဆရာဝန်အကူညီတောင်းထားတာကတော့ သူတို့ဘက်ကလဲ ခုထိမပေးနိုင်သေးဘူး။ ကျွန်တော်တို့ ဘက်ကမှာကလဲ သိတဲ့အတိုင်းပဲ ကျန်းမာရေးဝန်းထမ်းတွေ၊ ဆရာဝန်၊ သူနာပြုတွေကအခက်အခဲတွေရှိနေတော့ ကျန်းမာရေး ဝန်ကြီးဌာနကို တင်ပြတောင်းခံထားတာလဲ အခုထိတော့ မရသေးဘူး။ ပြည်နယ်အစိုးရကိုလဲ တောင်းခံထားတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ယောက်ရရင်ကိုအဆင်ပြေပါတယ်။ ကျန်တာကတော့ ဘော်လန်တီယာတွေကို ခေါ်ရမှာပေါ့။ အဆောက်အဦ ဆောင်ရွက်တာ ကတော့ ရာနှုန်းပြည့်ပြီးတော့မယ်။ အခုထိတော့ ဆရာဝန်၊သူနာပြု မရသေးဘူး။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရအောင် တော့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီလကုန်ပိုင်းမှာတော့ လုပ်ငန်းအချို့ဆောင်ရွက်နိုင်မယ်လို့ မှန်းထားပါတယ်” ဟုစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် လက်ရှိပြည်ပမှသွင်းကုန်များသာ ခွင့်ပြုနေရသည့်အတွက် နိုင်ငံခြားငွေ ကုန်ကျမှု များနေသည့်အတွက် နိုင်ငံခြားဝင်ငွေ ပြန်လည်ရရှိရေးအတွက် ပြည်တွင်းပို့ကုန်များကို အမြန်ဆုံးပြန်လည် တင်ပို့နိုင်ရေး ကိုလည်း နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ကိုဗစ်စင်တာအတွက်လည်း တရုတ်နိုင်ငံမှ ဓာတ်ခွဲစစ်ဆေးသည့် စက်ကို အကူညီ တောင်းခံထားပြီး တရုတ်နိုင်ငံဘက်မှလည်း ကူညီပေးမည်ဟု သဘောတူထားကြောင်း၊ သို့သော်လည်း ဓာတ်ခွဲကျွမ်းကျင်သူ လိုအပ်ချက်လည်းရှိနေသေးကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071