ပစ်သတ်ခံခဲ့ရသည့် ရထားရဲ ၄ဦး အမှု ကျူးလွန်သူထဲမှ အချို့ ဖမ်းမိထားဟုဆို

0
115

ပစ်သတ်ခံခဲ့ရသည့် ရထားရဲ ၄ဦး အမှု ကျူးလွန်သူထဲမှ အချို့ ဖမ်းမိထားဟုဆို

ရန်ကုန်၊စက်တင်ဘာ ၄ရက်

ရန်ကုန်-အင်းစိန်၊ အင်းစိန်-လှော်ကား ခရီးစဉ်(၅)၊ ရထားအမှတ်(က/၆)၊ မီးရထားတွင် လုံခြုံရေးလိုက်ပါ လာသော အင်းစိန်မီးရထား ရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၁၄)မှ လုံခြုံရေးလိုက်ပါလာသော တပ်ဖွဲ့ဝင် ၄ဦး သေနတ် ပစ်ခတ်သေဆုံးသွားသည့် အမှုနှင့် ပတ်သက်ပြီး ယူဆောင်သွားခံရသည့် သေနတ်များနှင့်အတူ လူငယ်အချို့ကို ဖမ်းမိထားသည်ဟု တာဝန်ရှိသူအချို့ထံက သိရသည်။

ဖမ်းမိထားသူထဲတွင် တပ်မိသားစုဝင်တစ်ဦးပါ ပါသည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော်လည်း တာဝန်ရှိသူတို့ဘက်က ယင်းသတင်းနှင့် ပတ်သတ်ပြီး တရားဝင်ထုတ်ဖော်ပြောကြားမှုမရှိသေးပေ။

ပြီးခဲ့သည့် သြဂုတ်လ ၁၄ရက် ညနေ ၄ နာရီ ၁၇ မိနစ် အချိန်က ရထားသည် အလုံမြို့နယ်အပိုင်သို့ ရောက်ရှိချိန်လူငယ်(၁)ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ကြပ် မြင့်ဌေး၊ ရဲတပ်ကြပ် ကျော်ဇင်တို့(၂)ဦးမှာ ဒဏ်ရာများရရှိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်(၄)ဦးမှာ ရရှိဒဏ်ရာ များကြောင့် သေဆုံးသွားခဲ့ကာ ၎င်းတပ်ဖွဲ့ဝင်များကိုင်ဆောင်သည့် သေနတ်(စိစစ်ဆဲ) (၄)လက်အား သေနတ်ပစ်ခတ်သူမှ ယူဆောင်ခံထားရသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here