METRO Myanmar လုပ်ငန်းအား အောက်တိုဘာလကုန်တွင် ရပ်စဲမည်

0
163

 

ရန်ကုန်၊ စက်တင်ဘာ ၁

METRO မြန်မာ လုပ်ငန်းလည်ပတ်မှုအား ၂၀၂၁ခုနှစ် အောက်တိုဘာလကုန်တွင် ရပ်စဲသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် အခြေအနေအရပ်ရပ်ဖြင့် လုပ်ဆောင်ရနိုင်မည့်အချက်များကို သေချာစွာသုံးသပ်ခဲ့သော်လည်း လတ်တလော ဖြစ်ပေါ်နေသောအခြေအနေများကြောင့် METRO တွင် ချမှတ်ထားသော မြင့်မားသည့်စံနှုန်းများနှင့်အညီ လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေသောကြောင့်ဖြစ်သည်ဟု သိရသည်။

METRO မြန်မာမှ ၎င်းတို့၏ ဝယ်ယူသုံးစွဲသူများ၊ စီးပွါးရေးမိတ်ဖက်များနှင့် ကုန်ပစ္စည်းပံ့ပိုးပေးသူများနှင့် ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးတင်တင်ရှိကြောင်း ပြောကြားထားသည်။

METRO Myanmar သည် အသား၊ ငါးနှင့် အခြားသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြည်သူများအဆင်ပြေစေရန် Online မှရောင်းချပေးပြီး အိမ်အရောက်ပို့ပေးသောဝန်ဆောင်မှုစနစ်ဖြင့် ရောင်းချပေးခဲ့သော လုပ်ငန်းတစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here