ရန်ကုန်၊ ဩဂုတ် ၂၅
ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်(၅)မြို့နယ်အား နေအိမ်တွင်နေထိုင်ရေး Stay at home သတ်မှတ်လိုက်ကြောင်း ဩဂုတ်လ ၂၄ရက်ညက ကြေညာခဲ့သည်။
အဆိုပါ Stay at home မြို့နယ်များမှာ ကချင်ပြည်နယ်တွင်မိုးညှင်းမြို့နယ်နှင့်ဝိုင်းမော်မြို့နယ်၊ ကယားပြည်နယ် လွိင်ကော်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ကျွန်းလှမြို့နယ်နှင့် မွန်ပြည်နယ်တွင်ချောင်းဆုံမြို့နယ်တို့ဖြစ်ပြီး သတ်မှတ်ချက်ကို ဩဂုတ်လ (၂၅)ရက်နေ့ မနက်(၄)နာရီမှစတင်အကျုံးဝင်မည်ဖြစ်ကြောင်းသိရသည်။
ယခုဆိုလျှင် မြန်မာတနိုင်ငံလုံး အနေဖြင့်Stay At Home သတ်မှတ်ထား သော မြို့နယ်များမှာ
ရန်ကုန်တိုင်းတွင် ( ၂၂ ) မြို့နယ် ၊ မန္တ လေးတိုင်းတွင် (၂၀) မြို့နယ် ၊ ပဲခူး တိုင်းတွင် (၁၅ ) မြို့နယ်၊ မ ကွေးတိုင်းတွင် (၁၄) မြို့နယ် ၊ ရှမ်းပြည်နယ်တွင် ( ၉ ) မြို့နယ် ၊ ဧရာဝတီတိုင်းတွင် (၇) မြို့နယ် ၊ ချင်းပြည်နယ်တွင် (၅) မြို့နယ် ၊ စစ်ကိုင်းတိုင်းတွင် (၆) မြို့နယ် ၊ ကချင်ပြည်နယ်တွင် (၇) မြို့နယ်၊ မွန်ပြည်နယ်တွင် (၅) မြို့နယ် ၊ နေပြည် တော် ကောင်စီနယ် မြေတွင် (၄) မြို့ နယ် ၊ တနသ်ာရီတိုင်းတွင် (၂) မြို့နယ် ၊ ကရင်ပြည်နယ်တွင် (၁) မြို့နယ် ၊ကယားပြည်နယ်တွင် (၁)မြို့နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ( ရှမ်းပြည်နယ်)တွင် (၁) မြို့နယ် ဖြစ်ပြီးစုစု ပေါင်း (၁၁၉) မြို့နယ် ရှိလာပြီဖြစ်ပါသည်။