တေးရေးမြင့်မိုးအောင်၏ ဖြေရှင်းချက်

0
1901
“မြန်မာ့အသံက ဂီတအစည်းအရုံးနဲ့ ဂီတအသင်း အဖွဲ့တွေကို ဖိတ်လို့ မြန်မာနိုင်ငံတေးသီချင်း မူပိုင်ရှင်များအသင်း တာဝန်ရှိသူအနေနဲ့
Zoom Meeting အစည်းအဝေး တက်ဖြစ်တာပါ။ မြန်မာ့အသံက သတင်းလွှင့်ရင် မထည့်ပဲထားရမလား မေးပါတယ်။စိတ်ရှင်းလို့ ထည့်လည်း ကိစ္စမရှိဘူးလို့ ပြန်ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များအသင်း အနေ နဲ့ရောတေးရေးသူ တစ်ယောက်အဖြစ်ပါ ဘာကိစ္စမျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါ ဘူး။
အစည်းအဝေး မှာလည်း ကျနော်တို့အသင်းဟာ မူပိုင်ခွင့်အသင်းပဲဖြစ်လို့ ၅၀၅ ကိစ္စ ကိုဗစ်ကိစ္စ ဘာမှဆွေးနွေးတင်ပြစရာ မရှိဘူးလို့ ပြောခဲ့ ပါတယ်။
ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကျနော့်အပေါ် မနှစ်သက်လို့ ဝေဖန်သူတွေပဲဖြစ်ဖြစ်ခင်မင်လို့ စိုးရိမ်ကြတဲ့သူတွေပဲဖြစ်ဖြစ် သူတို့ခံစားချက်ကို နား လည်ပေးနိုင်ပါတယ်။ စိတ်အနှောက်အယှက် ဖြစ်သွားရင်လည်း တောင်းပန်ပါတယ်။ ကိုယ့်အသင်းအကြောင်း ကိုယ်ရှင်းပြတာ ဘာပြဿနာ မှ မရှိဘူးလို့ကျနော် စိတ်ရှင်းရှင်းနဲ့ ကျနော်ယုံကြည်ပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
တေးရေးမြင့်မိုးအောင် ” လို့ လတ်တလော ဖြစ်ပျက်နေတဲ့အကြောင်းအရာများအပေါ်ပြန်လည်ဖြေရှင်းထားပါတယ်။
Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here