လာမည့် နွေရာသီတွင် ရန်ကုန်မြို့ကို သောက်သုံးရေ ဖူလုံစွာ ဖြန့်ဖြူးနိုင်ရန် လှိုင်မြစ်- လှော်ကား ရေအားဖြည့်စီမံကိန်း ဆောင်ရွက်

0
863

လှော်ကားရေလှောင်ကန်ကြီးဟာ ရန်ကုန်မြို့နေ ပြည်သူတွေကို အဓိက သောက်သုံးရေပေးဝေလျက် ရှိသည့် ရေလှောင်ကန်ကြီး ဖြစ်ပါ တယ်။

၎င်းရေလှောင်ကန်ကြီးကို ရေသိုလှောင်မှု ပမာဏ မလျော့ကျစေရေး အတွက် လက်ရှိမှာ စီမံဆောင်ရွက်လျက်ရှိပါတယ်။

မှော်ဘီမြို့နယ် လျှပ်စစ်မြစ်ရေတင် PS 1 နှင့် PS 2 မှ လှိင်မြစ်ရေအား ရယူပြီး ဖူးကြီးရေလှောင်ကန်မှ လှော်ကားရေလှောင်ကန်သို့ ရေဖြည့် တင်းလျက် ရှိသည့် အချင်း ၆၀ လက်မရှိ သံဖြူကွန်ကရိ ရေပိုပိုက်လိုင်းသို့ 1600mm HDPE ပိုက်အား ချိတ်ဆက်၍ လှော်ကား ရေလှောင်ကန်သို့ တစ်နေ့လျှင် ရေဂါလံ သန်း(၆၀) ဖြည့်တင်းပေးမည့် စီမံကိန်းဖြစ်ပါတယ်။

အဲဒီစီမံကိန်းအား ၂၀၂၁ ခုမေလမှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ်လကုန်တွင် ပြီးစီးရန် လျာထားသော်လည်း ဖေဖော်ဝါရီလ အတွင်း ပြီးစီးရန် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

ယခုအခါ လှိင်မြစ်ဘေး ကန်ကလေး လျှပ်စစ်မြစ်ရေတင် ရေယူ အဆောက်အအုံမှ မြေသားမြောင်း အရှည် ၅.၅ မိုင် တူးဖော်ခြင်းလုပ်ငန်း ၆၅ ရာခိုင်နှုန်း၊ အကျယ်အဝန်း ၅၆၀၁၈၂ စတုရန်းပေနှင့် အနက် ၁၀ ပေရှိ မြေသားအကြို အနည်ထိုင်ကန် တည်ဆောက်ခြင်း ၉၀ ရာခိုင်နှုန်း၊ အလျား ၁၂၄ ပေ၊ အကျယ် ၁၀၀ ပေရှိ ရေတွန်းစက်ရုံ တည်ဆောက်ရန် ဘိုးပိုင်လုပ်ငန်း ၁၀၀ ရာခိုင်နှုန်းနှင့် 1600mm HDPE ပိုက်လိုင်း အရှည် ၃.၂ မိုင် ဆက်သွယ်ခြင်းလုပ်ငန်း ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတွေအတွက် လာမည့်နွေရာသီ အတွင်း လှော်ကား ရေလှောင်ကန်မှတဆင့် သောက်သုံးရေ ဖူလုံစွာ ဖြန့်ဖြူး ပေးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here