Sunday, July 20, 2025

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ်...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင်...

နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ဝန်ထမ်း...

တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်း တချို့ ပြန်ရောက်လာကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်း အဆောက်အဦးများကို...

ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့်လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နှင့်လုပ်ကိုင်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးအနေဖြင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့်လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်နှင့်လုပ်ကိုင်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ၎င်းမှ ဇူလိုင် ၁၉...
HomeNewsLocal Newsဖေဖော်ဝါရီနောက်ပိုင်းနိုင်ငံရေးအပြောင်းအလဲကြောင့် အလုပ်သမား၁.၂ သန်းကျော်အလုပ်လက်မဲ့ဖြစ်လာ

ဖေဖော်ဝါရီနောက်ပိုင်းနိုင်ငံရေးအပြောင်းအလဲကြောင့် အလုပ်သမား၁.၂ သန်းကျော်အလုပ်လက်မဲ့ဖြစ်လာ

ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွေဖြစ်ပြီးနောက်ပိုင်း မြန်မာပြည်မှာ အလုပ်သမား ၁.၂ သန်းကျော် အလုပ် လက်မဲ့ဖြစ်ခဲ့ရပြီး ဆင်းရဲနွမ်းပါးမှုမြင့်တက်လာနေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲအစည်း (ILO) မှ ထုတ်ပြန်ထားပါတယ်။
ILO ရဲ့ခန့်မှန်းချက်အရ ၂၀၂၀ခုနှစ် နောက်ဆုံး ၃လနဲ့ ယှဉ်ရင် ၂၀၂၁ခုနှစ် ဧပြီ၊မေ၊ဇွန် (၃) လအတွင်း အလုပ်ခန့်ထားနှုန်းမှာ ၆%သာ ရှိပါတယ်။ ထပ်ပြီး ၂၀၁၉ နောက်ဆုံး( ၃) လနဲ့ယှဉ်ပါက အလုပ်သမားအားလုံးရဲ့ ၁၅% မှာ အလုပ်လက်မဲ့ဖြစ်သွားရပြီလို့ ILO ကထုတ်ပြန်ထားပါတယ်။
အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံတွေထဲကတခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၂လအတွင်းမှာ ကူးစက်နှုန်းပိုမိုမြန်ဆန်တဲ့ ကိုဗစ် ၁၉ ဒယ်လ်တာမျိုးကွဲ ကူးစက်မှုပြန့်ပွါးမှုကို ထိန်းချုပ်ရန်လည်း ခက်ခဲလာနေပြီး နိုင်ငံရေးအခြေအနေအပြောင်းအလဲကြောင့် စီးပွါးရေး အများစုမှာလည်း ရပ်ဆိုင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲအစည်းရဲ့ဖော်ပြချက်အရ နိုင်ငံရေးအကျပ်အတည်းသည် ကိုဗစ်၁၉ ကြောင့် ခက်ခဲနေသော စီးပွါးရေးကို ပိုမိုဆိုးရွားစေခဲ့ မတည်မငြိမ်ဖြစ်စေခဲ့ပြီး ကိုဗစ်အလွန်ပြန်လည်ကောင်းမွန်လာမည့် နိုင်ငံ့စီးပွါးရေးအခြေအနေကိုလည်း ရပ်သွားစေခဲ့ခြင်းဖြစ်သည်။
စီးပွါးရေးလုပ်ငန်းနယ်ပယ်အစုံမှာ အလုပ်အကိုင်အခွင့်အရေး အများဆုံး ဆုံးရှုးနေရတဲ့အထဲမှာ ဆောက်လုပ်ရေးလုပ်ငန်း မှ ၃၅% ၊ အထည်ချုပ် လုပ်ငန်းမှ ၃၁% နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ၂၅% အသီးသီးဖြင့် ထိခိုက်ဆုံးရှုးမှု အများဆုံးဖြစ်ခဲ့ပြီး အမျိုးသမီးတွေ ဟာ အမျိုးသားတွေထက် ပိုပြီး အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးနေကြောင်း ILO ကဖော်ပြထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071